12/05/2014

ငှက်ကုလားအုတ် စိတ်နေစိတ်ထား

ငှက်ကုလားအုတ်တွေဟာ အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့ရတဲ့အခါ သူတို့ရဲ့ဦးခေါင်းကို မြက်ခင်းကြားထဲ ဒါမှမဟုတ် သဲထဲ နစ်မြှုပ်လိုက်တတ်ကြတယ်။
 ဒါဟာ မျက်စိနဲ့မမြင်ရတော့ရင် လုံခြုံစိတ်ချသွားပြီလို့ ကိုယ့်ကိုယ်ကိုနှစ်သိမ့်တာဖြစ်တယ်။

  တကယ်တမ်းမှာ ငှက်ကုလားအုတ်မှာ အပြေးသန်တဲ့ ရှည်လျားတဲ့ခြေထောက်နှစ်ချောင်းရှိပါတယ်။ အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါ ခြေထောက်ကိုအသုံးပြုပြီး ရန်သူရဲ့အတိုက်အခိုက်ကလွတ်အောင် သူကြိုးစားနိုင်ပါတယ်။
 "ငါ ဘာမှမမြင်တော့ဘူး.. လုံခြုံသွားပြီ"ဆိုပြီး ဦးခေါင်းကိုမြေကြီးထဲမြှုပ် ရှောင်လွှဲစရာမလိုခဲ့ပါဘူး။

ငှက်ကုလားအုတ်စိတ်နေစိတ်ထားက အန္တရာယ်၊ အခက်အခဲတစ်ခုခုကျရောက်ချိန်မှာ အဲဒီအခက်အခဲကို ရင်မဆိုင်ရဲတဲ့ပျော့ညံ့တဲ့စိတ်ထားဖြစ်တယ်။ 

အခက်အခဲပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမရှာဘဲ မျက်နှာလွှဲ၊ ခေါင်းရှောင်တာ၊ ပုန်းရှောင်တာဖြစ်တယ်။ သတ္တိရှိရှိ ရင်မဆိုင်ရဲတာဖြစ်တယ်။ ပတ်ဝန်းကျင်မှာ ငှက်ကုလားအုတ်စိတ်နေစိတ်ထားရှိသူတွေကို တွေ့ဖူးကြပါလိမ့်မယ်၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်လည်း ဒီလိုစိတ်ထားမျိုးရှိနိုင်ပါတယ်။

နောက်ပိုင်းမှာ ဒီလိုအပျက်ဆောင်စိတ်ထားကို စိတ်ပညာရှင်တွေက "ငှက်ကုလားအုတ်စိတ်နေစိတ်ထား"လို့ ခေါ်ဝေါ်ခဲ့ကြတယ်။

ဒဿနပညာရှင်တစ်ဦးက ပြောတယ်...
"သင့်ရဲ့စိတ်နေစိတ်ထားက သင့်ရဲ့သခင်ပါ"တဲ့။

လူလူချင်းကြားမှာ တခြားကွဲပြားခြားနားချက်တွေ သိပ်များများမရှိဘူး.. တကယ့်ကွဲပြားတာဆိုလို့ စိတ်နေစိတ်ထားပဲရှိပါတယ်။
ဒါကြောင့် လူတစ်ယောက် ပျော်ရွှင်တယ် မပျော်ရွှင်ဘူး၊
လူချစ်လူခင်များတယ် မများဘူး၊ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ သူရဲ့စိတ်နေစိတ်ထားက အဆုံးအဖြတ်ပေးပါတယ်။
 

99 sanay face book မှကူးယူပါသည်။