12/17/2014

အမျိုးသားတိုင်းသိထားသင့်တဲ့ အိမ်ရှင်မတန်ဖိုး

အိမ်ထောင်ရှင်အမျိုးသားတိုင်း သိထားသင့်တာကြောင့် ၂၀၁၃ ခုနှစ်၊
အောက်တိုဘာလ ၂၅ ရက်နေ့ တွင် Useful Info and Health
Tips(ခေါ်)အင်တာနက်သတင်းမှာဖော်ပြသွားတဲ့ သတင်းဆောင်းပါးလေးနဲ့ 
မျှဝေလိုက်ပါရစေ။
++++++++++++++++++

ယောကျာ်းလုပ်သူ အလုပ်ကပြန်ရောက်တော့ အိမ်ခြံဝန်းထဲဝင်တော့မယ်အလုပ်မှာ သူ
့ကလေး ၅ယောက်စလုံး ည၀တ်အင်္ကျီ တောင်မလဲရသေးဘဲ ခြံထဲမှာ သဲတွေ/ရွှံ့ တွေဖြန်
့ကျဲပြီး အော်ဟစ်ဆူညံဆော့ကစားနေလိုက်ကြတာ.. ညစ်ပတ်ပေတလူး နေတာဘဲ။ အဲ…
အနားမှာလည်း စားစရာမုန့် တွေကို ဗူးလိုက်ထောင်ထားပြီးတော့ မုန့်တွေက
အောက်ကျပြန့် ကျဲလို့ ။ ဇနီး သည်ရဲ့  ကားတံခါးတွေကလဲ
အကုန်လုံးတောင်ဖွင့်ထားလိုက်သေး။ အိမ်ရှေ့ ခြံဝ တံခါးကြီးပွင့်နေတဲ့အပြင်
အိမ်စောင့်ခွေးတောင် အရိပ်အယောင်မမြင်ရပါဘူးတဲ့။


အဲဒီ ပွင့်နေတဲ့ခြံတံခါးဝကနေ အဖေတယောက်လုံး ၀င်လာတာတောင်
အပျော်မြူးနေကြတဲ့ သူ့ ကလေး ၅ ယောက်စလုံး သတိမထားမိကြပါဘူး။
အိမ်ထဲလဲရောက်ရော…ဧည့်ခန်းထဲမှာ ဗွက်ထနေတဲ့ ကလေးခြေရာတွေ၊ အလှမီးဆိုင်း
ကလဲ ဘေးကိုလဲ ကျလို့ ၊ ကြမ်းခင်းကော်ဇောကလဲ ရွဲ့ စောင်းနေသေးတယ်နော်၊
တီဗွီက ကားတွန်းကားအကျယ်ကြီး ဖွင့်ထားလိုက်တာ နားကွဲလု မတတ်ပါဘဲ။
ကလေးတွေရဲ့  အိပ်ခန်းထဲမှာတော့ ကစားစရာ အသေး-အကြီး အရုပ်တွေ/အ၀တ်အစားတွေ
ဟိုတစ ဒီတစနဲ့  တောင်လိုပုံနေလိုက်တာ။


ဒီလိုနဲ့  ခင်ပွန်းဖြစ်သူလဲ မီးဖိုချောင်ထဲမှာ ဇနီးများရှိနေမလား
သွားကြည့်လိုက်တော့..ပန်းကန်ဆေးစင်ပေါ်မှာ ညစ်ပေနေတဲ့
အိုး-ပန်းကန်-ခွက်ယောက်တွေကအပြည့်… နံက်က သူအလုပ်မသွားခင်စားခဲ့တဲ့
စားကြွင်းစားကျန်တွေတောင် ရှိနေသေး…ရေခဲသေ တ္တာတံခါးကြီးကို
ဖွင့်ပြီးပြန်တောင်မပိတ်ထားပြန်ဘူး … ခွေးစာ(အစာတောင့်)တွေကလဲ
ကြမ်းပြင်မှာ ပြန့် ကျဲကျနေလိုက်တာ ... ထမင်းစား စားပွဲခုံအောက်မှာတော့
ဖန်ခွက်အကွဲအပိုင်းအစတွေနဲ့ … အိမ်နောက်ဖေးမီးဖိုချောင်တံခါးကြီးကလဲ
ဟာလာဟင်း လင်းကြီး ပွင့်လို့ နေပြန်ပါတယ်။


ဒီတော့ခင်ပွန်းဖြစ်သူလဲ ဒုက္ခဘဲ… ငါ့မိန်းမဘာဖြစ်လို့ ပါလိမ့်…
နေများမကောင်းလို့ လား…ဟာ..မနက်ကတောင် အကောင်းကြီး ရှိသေးတာ…
တခုခုများဖြစ်လို့ လား… လို့  စိုးရိမ်မိပြီး
အိမ်ပေါ်ထပ်ကိုပြေးတက်ကြည့်တော့တာပေါ့။ အပေါ်ထပ်ကို တက်တဲ့
လှေကားထစ်တိုင်းလိုလိုမှာ ကလေးတွေရဲ့ ကစားစရာအရုပ်တွေရယ်…စားလက်စမုန်
့အစအနတွေရယ်ကို မနင်းမိအောင် မနည်းကျော်ခွ သိုင်းကွက်နင်းတက်ခဲ့ရတာပေါ့။
တံခါးပေါက် ဟနေတဲ့ ရေချိုးခန်းရှေ့ ရောက်တော့ အထဲက ဘုံပိုင်ရေပိုက်
ခေါင်းကနေ ရေတစက်စက်ကျနေသံကြားလို့ …အထဲမှာ ဇနီးသည်များ ရှိလေမလားရယ်လို
့ချောင်းကြည့်လိုက်ပြန်တော့ … ရေချိုးခန်းကြမ်းပြင်ပေါ်မှာ
မျက်နှာသုပ်ပုဝါ အစိုတွေရယ်၊ ဆပ်ပြာတွေရယ်အမြုပ်ထလို့ နေပါရော..
သွားတိုက်ဆေးတွေကလဲ မှန်ပေါ်မှာရော နံရံတွေပေါ်မှာပါ ပေကျံလို့ ။
အိမ်သာထဲမှာလည်း တစ်ရှုးစက္ကူလိပ်ခွေ ပြေကျနေလိုက်တာ ဟိုး.. တမိုင်လောက်
ရှိနေပြန်ပါတယ်တဲ့။


ဇနီးသည်ကို အရိပ်အယောင်တောင် မတွေ့ ရတော့ ခင်ပွန်းဖြစ်သူရဲ
့စိုးရိမ်အမှတ် ငယ်ထိပ်ထိရောက်လာတော့တာပေါ့။ ဒါနဲ့  သူတို
့အိပ်ခန်းတံခါးကို အလျင်စလိုနဲ့  ဆောင့်တွန်းဖွင့်ဝင်လိုက်တဲ့အခါ၊
အမျိုးသမီးက ညအိပ်ဝတ်စုံကြီးဝတ်ထားတုန်းပါဘဲ။ အဲ… သူ စိုးရိမ်နေတဲ့
အနေအထားမျိုးမဟုတ်ဘဲ တွေ့ လိုက်ရတဲ့ပုံကတော့….ကုတင်ပေါ်အငြိမ့်သားနဲ
့ခြေထောက်ချိပ် ၀တ္တု စာအုပ်ဖတ်နေတဲ့ပုံပါတဲ့။ ဒီလိုအချိန်မာ
ဒီလိုပုံစံမျိုးနဲ့ မြင်ရတော့ “ခု ငါ့မျက်စေ့ရှေ့ ထိုင်နေတာ ငါ့မိန်းမ..
ဟုတ်မှဟုတ်ပါ လေစ”..ရယ်လို့  သူ အံ့သြတကြီး
မှင်သက်ငေးကြည့်နေမိတော့တာပေါ့။ ခင်ပွန်းကိုမြင်တော့ အိမ်ရှင်မက
“အလုပ်မှာ အဆင် ပြေခဲ့လား” လို့  မေးရိုးမေးစဉ်အမူအရာနဲ့  အေးအေးဆေးဆေး
ခပ်ပြုံးပြုံး လေး လှမ်းနှုတ်ဆက်လိုက်ပါတယ်။


ခင်ပွန်းသည်လည်း အသိစိတ်ပြန်ဝင်လာပြီး စိတ်ရှုပ်တွေးတဲ့အမူအရာနဲ့  “ ဒီနေ
့ အိမ်မှာဘာတွေဖြစ်နေတာလဲ ” လို့ ခပ်ဆတ် ဆတ်မေးလိုက်တော့၊ ဇနီးလုပ်သူက
နောက်တစ်ကြိမ်ထပ်ပြုံးပြပြီး “ ရှင် အလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါတိုင်း၊
ကိုယ့်မှာ တော့ သားကျွေးမှုမယားကျွေးမှုတွေနဲ့  ပင်ပန်းလိုက်တာ… မင်းတို
့မိန်းမတွေများကျတော့ အိုးမကွာအိမ်မကွာ အိမ်ထဲမှာအေး ဆေးဘဲ…
မင်းကံကောင်းတယ်… မင်းရော ဒီနေ့  ဘာတွေလုပ်ဖြစ်လဲ ” လို
့မေးနေကျနော်..ပြောတော့၊ ယောကျာ်းက မျက် မှောင်ကြီးကျုံ့ ပြီး
စိတ်မရှည်စွာနဲ့  “အင်းလေ” လို့ ပြန်ဖြေပါတယ်တဲ့။
ဒီတော့ ဇနီးဖြစ်သူက ဒီလိုပြောလိုက်ပါတော့တယ် “
ကောင်းပါပြီ'ရှင်..အဲဒီမေးခွန်းကို ဖြေရရင်တော့ ဒီနေ့ ….. ကျွန်မ… ဘာမှ…
မလုပ်ပါဘူး ”
++++++++++++++++++
ကိုင်း… သင်အလုပ်သွားနေတဲ့အချိန်မှာ သင့်ရဲ့ ဇနီးတစ်ယောက် အိမ်ထဲမှာ
တစ်နေကုန်တကုပ်ကုပ်နဲ့  ဘာတွေအလုပ်ရှုပ်နေပါ လိမ့်နော်… သင် တစ်ကြိမ်လောက်
စဉ်းစားမိပါရဲ့ လား။ အိမ်ရှင်မတစ်ယောက်ရဲ့ တန်ဖိုးကို
လျော့မတွက်သင့်ပါဘူးရှင်။


(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)