မော်လမြိုင်မြို့ ဟူပြီး အမည်ဖြစ်လာရသည်က စိတ်ဝင်စားဖွယ်ရာကောင်းသည်။
မြန်မာ့စွယ်စုံကျမ်း၏အဆိုအရ၊ လွန်လေခဲ့သည့် အနှစ် ၂၄၀၀ ကျော်ကာလက
ရာမညရာဇာမင်း ဟု အမည်တွင်သော မွန်ဘုရင်တစ်ပါးသည် သံလွင်မြစ်၊
ဂျိုင်းမြစ်၊ အတ္တရံဖြစ် နှင့် သောင်ရင်းမြစ် တို့ ၏ မြစ်လေးမွှာဆုံရာ
ယခုမော်လမြိုင်နေရာတွင် မြို့ တည်ကာ စိုးစံအုပ်ချုပ် မင်းလုပ်ခဲ့သည်။
သားတော်အိမ်ရှေ့ စံမှ ဆက်လက်အုပ်ချုပ်စိုးစံခဲ့သည်။
ယင်းအိမ်ရှေ့ စံ၏ မျက်မှောင် နှစ်ခုအကြားတွင် အလွန်လှပတင့်တယ်သော
မှည့်ရှင်တော်တစ်လုံးပါရှိသည်။ ပါးစပ်ရာဇ၀င်များ အရ မွေးရာပါ
မျစ်တစ်လုံးအပိုပါသည်ဟု ဆိုကြသည်။ ယင်းမျက်လုံးသည်
မိမိအားရန်ပြုမည့်တိုင်းပြည်ကို လှမ်းမြင်ရလောက် အောင် အစွမ်းကြီးသည်။
မျက်စိသုံးလုံးကဲ့သို့  ဖြစ်နေသောအိမ်ရှေ့ မင်းကို မွတ်ပိရာဇ ဟုခေါ်ကြသည်။
မြန်မာဘာသာအားဖြင့် မျက်စိသုံးလုံးပါသောမင်း ဖြစ်သည်။
နောင်အခါတွင် အကြောင်းမညီညွတ်သောကြောင့် မျက်လုံးကဲ့သို့ ထင်မှတ်ရသော
မှည့်ရှင်တော် ကွယ်ပျောက်ခဲ့သည်။ အချို့ က လည်း ရန်သူယိုးဒယားမင်းက
အညံ့ခံကာ သမီးတော်ဆက်သပြီး အကောက်ဥာဏ်ဖြင့် ဖျက်ဆီးသောကြောင့် မှဲ
့ရှင်တော် ကွယ် ပျောက်ပျက်စီးခဲ့ရသည်ဟု ဆိုကြသည်။
ထိုအဖြစ်အပျက်ကိုအစွဲပြုကာ မွတ်ပိရာဇမင်းအား
မွတ်မယ်လိန်း(၀ါ)မျက်စိကွယ်သောမင်းအဖြစ် ခေါ်တွင်ကြသည်။ အုပ်ချုပ်ရ သော
ရမ္မာပူရမြို့ သည်လည်း မွတ်မယ်လိန်းမြို့ ဖြစ်လာခဲ့သည်။ မွန်လူမျိုးများက
မွတ်မယ်လိမ်းခေါ်ရသည်မှာ လျှာခလုတ် မတိုက်သော်လည်း
ဗမာတိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများက အဆင်မပြေသဖြင့်
မော်လမိန်း ဟုသာ အသံထွက်ကြ ကုန်သည်။ ထိုမှတဆင့် မော်လမြိုင် ဟူ၍
ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။
credit to promise pauk