12/13/2014

ဘဝဆိုတာ

 ရာသီဥတုတွေ ပြောင်းလဲနေပါတယ်။ လူ့ဘဝဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။
  နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊ ရာသစ်တွေနဲ့ သူငယ်ချင်းမိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ်ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက်ပေးဆပ်ခဲ့ဖူးလဲ?
 မိတ်ဆွေဟောင်းတွေနဲ့ ဆက်သွယ်ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ?
 အချိန်ရဲ့ အပြောင်းအလဲကြားမှာ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ တဖြေးဖြေးကျဲလာခဲ့တယ်။

လူ့ဘဝဆိုတာ ရထားတစ်စီးလိုပဲ သွားတဲ့ခရီးတလျောက်မှာ လူတွေက တက်လာကြတယ်၊ ဆင်းသွားကြတယ်။
                                               =====
 
သစ်ရွက်လေးတွေ မကြွေသေးခင်

တကယ်တော့ လူတိုင်း လူတိုင်းမှာ ဘဝအတွက် ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ တစ်ခုစီ ရှိပြီးသား။ တစ်ချို့ကလည်း အဲဒီ ဆန္ဒလေးတွေကို ပြီးမြောက်အောင်မြင် သွားကြသလို တစ်ချို့ကလည်း အရှုံးများနှင့် ရင်ဆိုင်နေကြရတယ်။

သူ့ရဲ့ စိတ်ကူးနဲ့ သူ့ ဘဝကို လွတ်လပ်စွာ တည်ဆောက် နိုင်ပါတယ်။ တစ်ခါတစ်လေ
တော့လည်း ဝေဖန်ကဲ့ရဲ့ခြင်းတွေ ခံရနိုင်သလို တစ်ခါတစ်လေ ကြပြန်ရင်တော့ ချီးမွန်းခြင်းကို ခံရတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ မိမိ ရည်ရွယ်ချက်ကို ရောက်အောင် သွားဖို့ကိုတော့ မမေ့ပါနဲ့။

ဘဝဆိုတာ တစ်ခါတစ်လေ သစ်ရွက်လေးနဲ့ တူတယ်။ သစ်ပင်ပေါ်မှာ ယာယီအခိုက် အတန့်သာ နေခွင့်ရပြီး နေခွင့်ရတဲ့ အချိန်မှာ ဘဝအတွက် ရည်ရွယ်ချက်တွေကို
ပြီးမြောက် အောင်မြင်အောင် လုပ်ဆောင်နိုင်ကြပါစေ။


Photo By - malkafeldshtein
ကျော်လင်းနိုင် (ရိုးရာလေး)