12/13/2014

ကြင်နာခြင်း

ငါးကို အနွေးဓာတ် ပေးလို့လား..

အိမ်ထောင်ကျပြီး လပိုင်းမျှသာ ရှိသေးသော ဇနီး၊ ခင်ပွန်းတို့ စကားပြောကြရာ ဝယ်....

ဇနီး ။ ။ ယောင်္ကျား... ရှင် ကျမကို မရခင်တုန်းက ပိုးကြေးပန်းကြေး အနေနဲ့ လက်ဆောင်တွေ၊ ရွှေထည်တွေ ဝယ်ပြီး လက်ဆောင်ပေးတာ ခဏခဏပဲ။ ခု အိမ်ထောင်ကျသွားတော့ ရှင်ဒါတွေ မလုပ်တော့ ပါလား။ အဲ့ဒါ ဘာကြောင့်လဲ....

ခင်ပွန်း ။ ။ ဒီမယ် ချစ်လေး...။ တံငါသည်တွေ သူတို့ ငါးဖမ်းပြီးတဲ့အခါ အဲ့ငါးတွေကို အနွေးဓာတ်ပေးဖို့ ဖက်ထားတာမျိုး တွေ့ဖူးလို့လား....
.
Ref: funny_story


 ကြင်နာခြင်း ဆိုတာဟာ ဘာသာစကား တစ်မျိုးဖြစ်တယ်။

အဲဒီ ဘာသာ စကားဟာ နားမကြားတဲ့ သူတွေလည်း ကြားနိုင်သလို မျက်စိ မမြင်တဲ့ သူတွေလည်း မြင်နိုင်တယ်။

ဒါကြောင့် လူတစ်ယောက်နဲ့ တစ်ယောက်ဟာလည်း ကြင်နာယုယ သင့်ပါတယ်။
ကြင်နာခြင်းဟာ အကောင်းဆုံး ဘာသာစကား တစ်ခု ဖြစ်လို့ပါ။

Ref - Mark Twain
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com