11/12/2014

မြန်မာပြည်မှ မြစ်ကြီးများ

မဲခေါင်မြစ်(Mekong)

ကမ္ဘာကျော်မြစ်တစ်ခုပါပဲ။ ကမ္ဘာ့အရှည်ဆုံးမြစ်များ စာရင်းမှာ Top ten မ၀င်ခဲ့ပေမယ့်
နံပါတ် (၁၂) ချိတ်ပါတယ်။ China, Myanmar, Laos, Thailand, Cambodia
နှင့် Vietnam နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းပါတယ်။ 2,705 မိုင်(သို့) 4350 km
ရှည်ပြီး တောင်တရုတ်ပင်လယ်ထဲ စီးဝင်ပါတယ်။

သံလွင်မြစ် ( Salween River )
တရုတ်နိုင်ငံ မှာ မြစ်စတင် ပြီး ထိုင်းနိုင်ငံနှင့် အနည်းငယ် ထိစပ်နေပေမယ့် မြန်မာ
ပြည်မှာ အဆုံးသတ်တဲ့ မြစ်ကြီးပါ။ ကမ္ဘာမှာ နံပါတ် ၂၅ ချိတ်ပါတယ်။ 1,901 မိုင် (သို့)
3060 km ရှည်ပါတယ်။

ဧရာဝတီ (Irrawaddy River)

 ကျွန်တော်တို့မြန်မာတွေရဲ့နှလုံးသား ဧရာဝတီ မြစ်ပါ။
ကမ္ဘာ့အရှည်ဆုံးမြစ်များ စာရင်းမှာ နံပါတ် (၅၅) သာချိတ်ပေမယ့်
မြန်မာ တစ်နိုင်ငံတည်းမှာ မြစ်ဖျားခံစီးဆင်းလာပြီး မြန်မာ မြေမှာ အဆုံး
သတ်တဲ့ ဒီမြစ်ကြီးဟာ ကျွန်တော်တို့အားလုံးအတွက် ကတော့ နံပါတ်တစ်ပါ။
 

 ၁၃၄၈ မိုင်(သို့) ၂၁၇၀ ကီလိုမီတာ ရှည်လျားပါတယ်။
သွေးချင်းတို့မြေကချင်ပြည်နယ်မှာ မြစ်ဖျားခံပြီး ညီနောင်မြစ်တွေနှင့်
ပေါင်းဆုံ စီးဆင်းကာမြန်မာ ပင်လယ်ပြင် မှာ ပျော်ဝင် ဆင်းသက်တဲ့ မြစ်ကြီး
ဧရာ ထာဝရ စီးဆင်း လှပနိုင်ပါစေ...............
ညီနောင်သွေးချင်းတို့ရဲ့မြေမှာလည်း အေးချမ်းသာယာပါစေဟု ဆုတောင်းရင်း...

ချင်းတွင်းမြစ်( Chindwin River )
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း မျာ မြစ်ဖျားခံပြီး ဧရာဝတီမြစ် ထဲကို ပေါင်း
ဆုံစီးဆင်းပါတယ်။ ကမ္ဘာ့အရှည်လျားဆုံးမြစ်တွေထဲမှာတော့ နံပါတ် ၁၃၅ ချိတ်
ပါတယ်။ ၇၂၀ မိုင် (သို့) ၁၁၅၈ ကီလိုမီတာ ရှည်ပါတယ်။ 

နောက်ထပ်မြန်မာနိုင်ငံက မြစ်ကြီးတစ်စင်းကတော့ စစ်တောင်းမြစ် ပါ။
 

credit -  http://naykhayan.blogspot.com/2013/01/blog-post_7.html#more