ကမ္ဘာ့အရှည်ဆုံးမြစ်များ(မဲခေါင်၊သံလွင်နှင့်ဧရာဝတီမြစ်များပါပေါင်းစပ်ထည့်သွင်းထားသည်)
(၁)Nile River
ကမ္ဘာကျော်နိုင်းမြစ် ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာ တည်ရှိပြီး ၄၁၃၂ မိုင်
(သို့) ၆၆၅၀ ကီလိုမီတာ ရှည်ပါတယ်။ ဒီမြစ်က အာဖရိက ၁၁ နိုင်ငံကို
ဖြတ်သန်းစီးဆင်းပါတယ်။Egypt, Rwanda, Burundi, Sudan, Tanzania, နှင့်
Kenya နိုင်ငံတွေကိုပါ။
(၂)Amazon River
နိုင်ငံခြားရုပ်ရှင်ကား တွေမှာ ပါလေ့ရှိတဲ့ အမေဇုန်မြစ်ပါ။
3,976 မိုင်နှင့် 6,400 ကီလိုမီတာ ရှည်ပါတယ်။ မြွေလိမ်မြွေကောက်နဲ့
တကယ်ရှည်လျားလှပ ပါတယ်။ရုပ်ရှင် ကားတွေထဲမှာ ပါတက်တဲ့
အန်နာကွန်ဒါ မြွေကြီးတွေဟာ ဒီမြစ်ထဲမှာ နေကြပါတယ်။
Brazil, Peru, Bolivia, Colombia, Ecuador, Venezuela, Guyana
နိုင်ငံတွေနှင့်ဆက်စပ်နေပါတယ်။
(၃)Yangtze River
တရုတ်နိုင်ငံ က ယန်စီမြစ်ကြီးပါ။ ကမ္ဘာ မှာ တတိယသာ ဖြစ်ပေမယ့်
အာရှမှာတော့ အရှည်ဆုံးမြစ်တစ်စင်းပါ။ 3,917 မိုင် 6,300 ကီလိုမီတာ
ရှည်ပါတယ်။
(၄)Mississippi River
မစ္စစပီမြစ်ကြီးပါ။ အမေရိကန်နိုင်ငံ မှာ တည်ရှိပြီး မြောက်အမေရိက မှာ
အရှည်ဆုံးပါ။ 3,902 မိုင်နှင့် 6,275 ကီလိုမီတာ ရှည်ပါတယ်။
အမေရိကန်တစ်နိုင်တည်းတင်မက ကနေဒါ နိုင်ငံ ကိုပါအနည်းနယ်
ဖြတ်သန်းစီးဆင်းပါတယ်။
(၅)Yenisei River
ဒီမြစ်ဟာ wiki ဆိုဒ်မှာတော့ Yenisei–Angara–Selenge ဆိုတဲ့မြစ်သုံးခုနှင့်
ပေါင်းစပ် စာရင်းသွင်းထားပါတယ်။ ဒီ မြစ်ဟာ မွန်ဂိုနီးယားနိုင်ငံမှာ (2.9%)
သာရှိပေမယ့် ရုရှားနိုင်ငံမှာ တော့ (97%) ရှိပါတယ်။ 3,445 မိုင်(သို့) 5,539
ကီလိုမီတာ ရှည်ပါတယ်။
(၆) Yellow River
ဒါကတော့ တရုတ်နိုင်ငံမှာပဲ တည်ရှိတဲ့ မြစ်ဝါမြစ်ပါ။
3,395 မိုင်(သို့) 5,464 ကီလိုမီတာ ရှည်ပါတယ်။ဒီမြစ်ရဲ့မြေပုံပါ။
(၇) Ob River
Russia, Kazakhstan, China, Mongolia နိုင်ငံတွေနှင့် ပတ်ပြီးစီနေတဲ့
ဒီမြစ်ကြီးဟာ ရုရှား မှာအစ ပြုပြီး အာတိတ်သမုဒ္ဒရာ ထဲစီးဝင်ပါတယ်။
3,364 မိုင်(သို့) 5410 km ရှည်ပါတယ်။
(၈) Parana River
Parana မြစ်ကြီးကတော့ တောင်အမေရိက မှာတည်ရျိပါတယ်။
ဒီမြစ်ကြီးဟာ Brazil (46.7%), Argentina (27.7%), Paraguay (13.5%),
Bolivia (8.3%), Uruguay (3.8%) နိုင်ငံတွေ အသီးသီးပိုင်ဆိုင်ကြပါတယ်။
3030 မိုင် (သို့) 4880 km ရှည်ပါတယ်။
(၉)Congo River
ဒီကွန်ဂိုမြစ်ကြီးဟာ အရှည်ဆုံးမြစ်တွေ ထဲမှာ နံပါတ် ၉ သာချိတ်ပေမယ့်
ကမ္ဘာပေါ်က မြစ်တွေအားလုံးထဲ မှာတော့ ရေအနက်ဆုံးမြစ်အဖြစ် 220 m
(720 ပေ ) နဲ့စာရင်းဝင်ထားပါတယ်။ ကွန်ဂိုနိုင်ငံ မှာတည်ရှိပြီး 2,922 မိုင်(သို့)
4700 km ရှည်ပါတယ်။
(၁၀)Amur River
2,763 မိုင် (သို့) 4444 km ရှည်တဲ့ ဒီမြစ်ကြီးဟာ မန်ချူးရီးယားဒေသ မှာ
အများဆုံးတည်ရှိပါတယ်။ ကမ္ဘာ့အရှည်ဆုံးမြစ်များ စာရင်းမှာ တရုတ်နိုင်ငံ
ကမြစ်တွေ ၄ ခုနဲ့အများဆုံးပါဝင်တာ တွေ့ရပါတယ်။ သြော်...ဒါနဲ့တောင်...
သူငယ်ချင်းများခင်ဗျာ ကမ္ဘာ့အရှည်ဆုံးမြစ်များ ၁ မှ ၁၀ အထိကို တင်ပြပြီးပါပြီ။
ကျွန်တော်တို့မြန်မာနိုင်ငံကမြစ်ကြီးတွေရော...ဒီစာစုမှာ ဆက်တင်ပြ မှ ကောင်း
မည်ထင်သဖြင့် အနည်းငယ်ဖြည့် ထည့်လိုက်ပါအုံးမည်...
မဲခေါင်မြစ်(Mekong)
ကမ္ဘာကျော်မြစ်တစ်ခုပါပဲ။ ကမ္ဘာ့အရှည်ဆုံးမြစ်များ စာရင်းမှာ Top ten မ၀င်ခဲ့ပေမယ့်
နံပါတ် (၁၂) ချိတ်ပါတယ်။ China, Myanmar, Laos, Thailand, Cambodia
နှင့် Vietnam နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းပါတယ်။ 2,705 မိုင်(သို့) 4350 km
ရှည်ပြီး တောင်တရုတ်ပင်လယ်ထဲ စီးဝင်ပါတယ်။
သံလွင်မြစ် ( Salween River )
တရုတ်နိုင်ငံ မှာ မြစ်စတင် ပြီး ထိုင်းနိုင်ငံနှင့် အနည်းငယ် ထိစပ်နေပေမယ့် မြန်မာ
ပြည်မှာ အဆုံးသတ်တဲ့ မြစ်ကြီးပါ။ နံပါတ် ၂၅ ချိတ်ပါတယ်။ 1,901 မိုင် (သို့)
3060 km ရှည်ပါတယ်။
ဧရာဝတီ (Irrawaddy River)
ကျွန်တော်တို့မြန်မာတွေရဲ့နှလုံးသား ဧရာဝတီ မြစ်ပါ။ဒီမြစ်ကိုရှာတွေမှ
ကျွန်တော်ပိုစ့် ကိုအဆုံးသတ်ချင်သဖြင့် တော်တော်ရှာလိုက်ပါသည်။
ကမ္ဘာ့အရှည်ဆုံးမြစ်များ စာရင်းမှာ နံပါတ် (၅၅) သာချိတ်ပေမယ့်
မြန်မာ တစ်နိုင်ငံတည်းမှာ မြစ်ဖျားခံစီးဆင်းလာပြီး မြန်မာ မြေမှာ အဆုံး
သတ်တဲ့ ဒီမြစ်ကြီးဟာ ကျွန်တော်တို့အားလုံးအတွက် ကတော့ နံပါတ်တစ်ပါ။
၁၃၄၈ မိုင်(သို့) ၂၁၇၀ ကီလိုမီတာ ရှည်လျားပါတယ်။
သွေးချင်းတို့မြေကချင်ပြည်နယ်မှာ မြစ်ဖျားခံပြီး ညီနောင်မြစ်တွေနှင့်
ပေါင်းဆုံ စီးဆင်းကာမြန်မာ ပင်လယ်ပြင် မှာ ပျော်ဝင် ဆင်းသက်တဲ့ မြစ်ကြီး
ဧရာ ထာဝရ စီးဆင်း လှပနိုင်ပါစေ...............
ညီနောင်သွေးချင်းတို့ရဲ့မြေမှာလည်း အေးချမ်းသာယာပါစေဟု ဆုတောင်းရင်း...နေခရမ်း
http://naykhayan.blogspot.com/2013/01/blog-post_8817.html#more















.jpg)





