11/07/2014

အမျိုးသား နှင့် အမျိုးသမီးတို့  ၏ ဦးနှောက်စွမ်းရည် ကွာခြားချက်

ဆေးသိပ္ပံပညာရှင်များက လူသားများရဲ့ ဦးနှောက်ကို ခွဲခြမ်းစိပ်ဖြာကြည့်တဲ့အခါ
ကျား-မ တို့ ဦးနှောက်စွမ်းရည်ကွာခြားချက်ကို အောက်ပါအတိုင်း လေ့လာတွေ
့ရှိခဲ့ပါသည်။

 ၁။ အာရုံဖြန့် ကျက်ခြင်း။
အမျိုးသမီးများသည် တီဗွီကြည့်ခြင်း/ဖုန်းပြောခြင်း/ထမင်း-ဟင်းချက်ပြုတ်ခြင်း
စသည့် မတူညီသောလုပ်ဆောင်ချက်များကို တ ချိန်တည်းတပြိုင်တည်းမှာ
ပြီးမြောက်သည်အထိ အာရုံစိုက်လုပ်ဆောင်နိုင်သော်လည်း၊ အမျိုးသားများကတော့
တစ်ခုချင်းစီသာ အာရုံစူးစိုက်နိုင်ကြသည်။

၂။ ဘာသာစကား။
အမျိုးသမီးများသည် ဘာသာစကားမြောက်များစွာကို လွယ်လွယ်ကူကူ
လေ့လာတတ်ကျွမ်းလေ့ရှိကြောင်း၊ ပျမ်းမျှအားဖြင့် ၃ နှစ် အရွယ်
မိန်းကလေးများသည်၊ အသက်ရွယ်သူ ၃-နှစ်အရွယ် ယောကျာ်းလေးများထက်
ဘာသာစကား(စာလုံးပေါင်းသတ်ပုံ) များ ကို သုံးဆမျှပိုမိုမှတ်သားနိုင်ကြောင်း
လေ့လာတွေ့ ရှိရသည်။

၃။ အသေးစိပ်လေ့လာခြင်း။
အမျိုးသားများအများစုသည် အချိန်တိုအတွင်း ဂရပ်ဖစ်ဒီဇိုင်းများ၊
ရှုပ်ထွေးသောမြေပုံများ၊ ခက်ခဲသောပူစ္ဆာများကို ဦးနှောက်ဖြင့်
ပဟေဌိအဖြေညှိနိုင်သလောက်၊ အမျိုးသမီးအများစကတော့ စာရွက်ပေါ်တွင်
ရေးချမှတ်သားလေ့လာပြီးမှသာ အဖြေထွက်လာ နိုင်သည်။

၎။ ယာဉ်မောင်းခြင်း။
ယာဉ်မောင်းခြင်းအတတ်ပညာများဖြစ်သော လမ်းအကျယ်၊ အနေအထား၊ အနှေးအမြန်၊
ရုက်တရက်ဖြစ်ပေါ်လာသည့် အချိန် အဆပြောင်းလဲမှု… စသည်တို့ ကို အမျိုးသားများသည်
လျှပ်တပျက်အတွင်း ဦးနှောက်က အဖြေထုတ်ပေးနိုင်သော်လည်း၊ အမျိုး သမီးများကတော့မစွမ်းဆောင်နိုင်ချေ။

၅။ လိမ်ညာပြောဆိုနိုင်ခြင်း။
မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ ဆုံ၍ လိမ်ညာပြောဆိုရသည့်အခါ အမျိုးသားများသည်
စကားထစ်ငေါ့ မျက်နှာပျက်ယွင်း၍ ယုတ္တိမရှိပေ။ အမျိုးသမီးများကတော့
စူပါဦးဏှောက်ကိုအသုံးချကာ မျက်နှာအမူအရာ ၇၀%၊ ခြေ-လက-်ခေါင်း-မျက်နှာပေးအမူ
အရာ ၂၀% နှင့် ယုတ္တိရှိရှိအလိမ်အညာစကားလုံး ၁၀% တို့ ဖြင့်သရုပ်ဆောင်နိုင်ကြသည်။

၆။ ပြသနာဖြေရှင်းမှု။
အမျိုးသားများသည် အမျိုးသမီးများလောက် ဖြတ်ထိုးဥာဏ်မကောင်းသော်လည်း
ပြသနာတစ်စုံတစ်ရာဖြေရှင်းနိုင်မှုအရာမှာ တော့ သာလွန်ကောင်းမွန်သည်။
အမျိုးသားများသည် ပြသနာပေါင်းစုံကို မရောထွေးဘဲ ဦးနှောက်ထဲ တကန်
့ချင်းစီခွဲထား၍ မိမိ ဖာသာ တစ်ခုပြီးတစ်ခုဖြေရှင်းနိုင်သော်လည်း၊
အမျိုးသမီးများသည် ပြသာနာများနှင့်ရင်ဆိုင်ရပါက လွန်စွာရတက် မအေးနိုင်ဘဲ
တစ်ဘက်သားကို ရင်ဖွင့်-ငြီးတွား-အကူအညီတောင်းခံလေ့ရှိသည်။

၇။ တပ်မက်မှု။
အမျိုးသားများသည် အဆင့်အတန်း(နေရာတနေရာ)၊ အောင်မြင်မှု၊ စွမ်းဆောင်ရည်
...စသည်တို့ ကိုခုံမင်တပ်မက်လေ့ရှိပြီး၊ အမျိုးသမီးများသည် ဖက်လည်းတကင်း
ရင်းနှီးကျွမ်းဝင်ခြင်း၊ မျက်နှာသာပေးအရေးတယူ နှင့် ဖေးမမှု စသည်တို့ မှာနှစ်သက် ပျော်မွေ့ ကြသည်။

၈။ မပျော်ရွှင်မှု။
အမျိုးသမီးများသည် ပေါင်းသင်းဆက်ဆံရေးအဆင်မပြေသောအခါ၊
လုပ်ငန်းခွင်တွင်အာရုံစူစိုက်မှုမရှိတော့ပေ။ လုပ်ငန်းခွင်တွင်
မပျော်ပိုက်သောအမျိုးသားများသည် ပေါင်းသင်းဆက်ဆံရေးတွင်တဖြည်းဖြည်းအားနည်းသွားတတ်သည်။

၉။ ဆို..ခဲစေမြဲစေ။
အမျိုးသမီးများသည် စကားပြောဆိုရာတွင် လိုရင်းမရောက်တတ်ဘဲ၊ အမျိုးသားများကတော့
ထိထိမိမိပြောတတ်သည်။

၁၀။ စိတ်ကူးယဉ်ခြင်း။
အမျိုးသမီးများသည် စကားကြွယ်သလောက် အတွေးလွန်လေ့ရှိပြီး၊ အမျိုးသားများကတော့
အတွေးမခေါင်တတ်ပေ။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
*ကိုးကား (Daily Health : Human Brain Analysis) *