11/02/2014

ကျွန်တစ်ယောက်နဲ့ ခြင်္သေ့တစ်ကောင်

ရောမခေတ်တုန်းလောက်ကပေါ့။ ကျွန်တွေကို ဖမ်းဆီးပြီးတော့ အလုပ်လုပ်ခိုင်းကြတယ်။ အဲဒီအချိန်မှာ ပဲ ကျွန်တစ်ယောက်ဟာ သူ့သခင်လက်ကနေ ထွက်ပြေးလာတယ်။ ထွက်ပြေးလာရင်းနဲ့ တောအုပ်တစ်ခုထဲကို ရောက်သွားတယ်။ တောထဲမှာ မျက်စိလည်ရင်းနဲ့ တောနက်ကြီးထဲကို ရောက်သွားပါရော

သိပ်မကြာဘူး သူ့နောက်ကနေ ခြင်္သေ့တစ်ကောင် ဟိန်းသံကိုကြားလိုက်ရတယ်။သူလဲလန့်သွားပြီး သစ်ပင်ပေါ်ပြေးတက်လိုက်တယ်။ ခြင်္သေ့ဟာ သူ့ရဲ့ လက်တစ်ဖက်မှာ သစ်ချွန်ကြီး စိုက်နေပြီးတော့ အော်နေတယ်။ သစ်ပင်ပေါ်က သူ့ကို လှမ်းကြည့်ရင်း အော်နေတာဟာ သူ့ကို ကယ်ခိုင်းနေသလိုပါပဲ။

ဒါနဲ့ သူလဲ မနေနိုင်တော့ဘဲနဲ့ သစ်ပင်ပေါ်ကနေ ဆင်းလိုက်တယ်။ မ၀ံ့မရဲနဲ့ ခြင်္သေ့နားကပ်သွားတယ်။ ခြင်္သေ့ကလဲ ဘာမှမလုပ်ဘူး သူ့ကိုကြည့်နေတယ်။သူက ခြင်္သေ့လက်က သစ်ချွန်ကြီးကို နှုတ်ပေးလိုက်တယ်။ ခြင်္သေ့ကြီးက အရမ်းနာကျင်လို့ အော်ပြီးတော့ တောနက်ထဲကို ၀င်ရောက်ပြေးသွားတယ်။လက်ထဲက သစ်ချွန်ကြီးလဲ ကျွတ်သွားတာပေါ့။

နောက်နေ့မနက်မှာ ကျွန်အိပ်ပျော်နေတုန်း လူသံတွေကြားတယ်။ကျွန်သခင်တွေ သှူုကိုလာဖမ်းကြတာ။ သူပြေးပေမယ့်လဲ နောက်ဆုံးတော့ ဖမ်းမိသွားတယ်။

ဒါနဲ့ သူ့ကို ကျွန်တွေ သတ်ဖြတ်ကြတဲ့ ကွင်းထဲကို ခေါ်သွားတယ်။ အဲဒီကွင်းထဲမှာ အချင်းချင်းသတ်ဖြတ်ရမယ်။ နိုင်တဲ့လူက လွတ်မြောက်မယ်ပေါ့။ ဒါနဲ့ သူ့ကို ဓါးတစ်လက်ပေးပြီးတော့ ကွင်းထဲကို သွင်းလိုက်တယ်။ ကွင်းထဲမှာ ခြင်္သေ့တစ်ကောင်ရှိတယ်။ အရှေ့က သူ့လိုကျွန်တွေကတော့ ခြင်္သေ့ကိုက်ထားတဲ့အတွက် တစ်ပိုင်းတစ်စဆီဖြစ်ပြီးသေနေကြပြီ။ သူလဲလန့်လန့်နဲ့ မျက်လုံးမှိတ်ထားတယ်။

ခြင်္သေ့ကြီးက သူ့နားကို လာပေမယ့် သူ့ကိုမကိုက်ဘူး။ ဒါနဲ့ သူလဲမျက်လုံးဖွင့်ကြည့်ရော သူကယ်ခဲ့တဲ့ ခြင်္သေ့ကြီးဖြစ်နေတယ်။ ခြင်္သေ့ကြီးက သူ့ကိုရန်မလုပ်တဲ့အပြင် သူ့ရှေ့မှာ ထိုင်နေတယ်။ အနောက်ကလူတွေ ခြင်္သေ့ကြိးကို ဘယ်လောက်ကိုက်ခိုင်းခိုင်း ခြင်္သေ့ကြီးကတော့ မကိုက်ဘူး။ ဒါနဲ့ သူ့ကို ခြင်္သေ့နိုင်သူအဖြစ်နာမည်ကြီးပြီးတော့ လွတ်မြောက်ခွင့်ပေးလိုက်သတဲ့

ဘယ်အရာမဆို ကိုယ်ကူညီခဲ့ဖူးရင် တိရစ္ဆာန်တောင်မှ ပြန်လည်ကူညီတတ်ကြပါတယ်ဆိုတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ

မောင်စိုင်း