"ကိုယ့်ကိုယ်ကို ပုံပြောတဲ့လူလို့ ကျွန်တော်ပြောမှာမဟုတ်ဘူး... ကျွန်တော်က ပန်းချီဆရာတစ်ဦးမျှပါ။ ပုံပြင်တွေကပေးတဲ့အင်အားကို ကျွန်တော်ယုံကြည်ပါတယ်။ ပုံပြင်တွေက နားထောင်သူတွေကို စိတ်ခံစားချက်တွေပေးပါတယ်၊ အံ့သြဝမ်းသာမှုတွေကိုပေးပါတယ်၊ နောက်ဆုံး သူတို့ကို လှုံ့ဆော်ပါတယ်" ----- Hayao Miyazaki
ဂျပန် Animation ပန်းချီဆရာကြီးဖြစ်တဲ့ Miyazakiရဲ့ ကာတွန်းရုပ်ရှင်တွေဟာ ဂျပန်မှာ လက်မှတ်အရောင်းရဆုံး စံချိန်တင်ခဲ့ရုံမက Venice ရုပ်ရှင်ပွဲတော်မှာ ရွှေခြင်္သေ့ဆု၊ Berlin ရုပ်ရှင်ပွဲတော်မှာ ရွှေဝံဝက်ဆုတွေ ဆွတ်ခူးခဲ့တဲ့အပြင် အကောင်းဆုံးကာတွန်းအော်စကာဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် လူတွေအပေါ် သြဇာအလွှမ်းမိုးနိုင်ဆုံး အယောက်တစ်ရာထဲက တစ်ဦးအပါအဝင်ဖြစ်တယ်လို့ တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်ရုပ်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Total Film မှာလည်း သမိုင်းမှာ အမြင့်မြတ်ဆုံးဒါရိုက်တာ အယောက်တစ်ရာထဲက နံပါတ် ၂၅ဦးမြောက်လို့ ဖော်ပြခဲ့ပါတယ်။
အနုပညာနယ်ပယ်ကနေ သူရပ်နားသွားခဲ့ပေမယ့် သူရဲ့တမူထူးခြားတဲ့လက်ရာတွေက ရုပ်ရှင်နှစ်သက်သူတွေရဲ့ရင်ထဲ နက်နက်နဲနဲထိုးနှက်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ Miyazakiဟာ သွက်လက်တဲ့ကလောင်၊ လက်တွေ့ကျတဲ့တွေးတောမှုတွေနဲ့ သူ့ရဲ့စိတ်ကူးစိတ်သန်း၊ သက်ရှိအားလုံးရဲ့ရှင်သန်ခြင်းတန်ဖိုးကို ရုပ်ရှင်ပရိသတ်တွေဆီပေးပို့ခဲ့ကြောင်းကို သူ့ရုပ်ရှင်ကြည့်ဖူးသူတွေအားလုံး အမှတ်ရနေတတ်မှာဖြစ်ပါတယ်။
လက်လှမ်းမီရင် သူ့ကာတွန်းရုပ်ရှင်တွေကို ကြည့်ကြည့်ဖို့ တိုက်တွန်းပါတယ်။ ကျွန်မလိုပဲ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ သူ့ဝီကီထဲမှာ သူ့ကာတွန်းကားလစ်စ်ရှိပါတယ်။ http://en.wikipedia.org/wiki/Hayao_Miyazaki
Credit - 99 Sanay





