9/06/2014

Slow Cooker, Cupcake Maker,Fruit Dessert maker

ဆန်ပြုတ်ချက်ဖို့ soup ချက်ဖို့  အသားတွေနူးအိနေအောင် အချိန်အကြာကြီး တည်ထားဖို့ လိုအပ်သူများ အတွက် အထူးသင့်တော်ပါတယ်..
 power consumption မှာ 300W သာရှိတာမို့ အကြာကြီးသုံးလို့ မီတာခတွေအရမ်းကျမှာ မစိုးရိမ်ရတော့ဘူးပေါ့..

3.5Litre ဆန့် ပါတယ်..

ဒီ slow cooker လေးက တခြား cooker တွေထက် ပိုကောင်းတဲ့အချက်တွေက
-အိုးမှာ ဖန်အကြည်ရောင် ဖြစ်နေသဖြင့် အတွင်းမှ ဟင်းလျာများကို အလွယ်တကူမြင်နိုင်သောကြောင့် အဖုံးခနခန ဖွင့်ကြည့်ရန်မလိုခြင်း
- အလွယ်တကူဆေးကြောသန့် စင်နိုင်ပြီး အနံ့ အသက်များ စွဲကျန်မှုမရှိခြင်း
- ဖန်အိုးတစ်ခုလုံးကို အထိုင်နေရာမှ ဖြုတ်ပြီး သိမ်းထားနိုင်ခြင်း... (စားမကုန်သဖြင့် ရေခဲသေတ္တာထဲသိမ်းလိုလျှင် အဆင်ပြေတာပေါ့)





                                    &&&&&&&&&&&&&&&&&&&&&&

အိမ်မှာတင် လွယ်လင့်တကူ လုပ်စားနိုင်ပြီး စက်ကို ပေါ့ပေါ့ပါးပါးသိမ်းလို့လည်းရ .. ကလေးတွေနဲ့တောင် အတူတူလုပ်လို့ရလောက်အောင်လည်း အသုံးပြုရလွယ်ကူတဲ့ ဒီ mini cupcake maker လေးတွေတော့ အိမ်တိုင်းဝယ်ထားသင့်တယ်။

cupcake လေးတွေကို လုပ်ပြီးရင်လည်း အလှဆင်ရတာ ပျော်စရာ ....

                                &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
 
Ice cream အရမ်းကြိုက်ပေမဲ့ အချိုတွေစားရင် ၀မှာစိုးတဲ့သူတွေ ကျန်းမာရေးအတွက် အချိုစားလို့မရတဲ့ ဆီးချိုသမားတွေအတွက်သာမက ကလေး လူကြီးအကုန်ကြိုက်တဲ့ Yonanas Ice cream/Fruit Dessert maker လေးက အရမ်းအသုံးဝင်မှာပါ..

ကိုယ်ရေခဲမုန့်အနေနဲ့စားချင်တဲ့အသီး (ဥပမာ.. ငှက်ပျောသီး) ကို Freezer ထဲမှာ အေးခဲနေအောင်ထည့်ထားပါ.. ပြီးရင် ထိုသစ်သီးကို ယူပြီး Yonanas စက်ထဲကို ထည့်လိုက်တာနဲ့ Banana Ice cream ကဲ့သို့ အရသာရှိသော အချိုပွဲကို သင့်အတွက်ဖန်တီးပေးမှာ ဖြစ်ပါတယ်။ အသီးမျိုးစုံ ထည့်လို့ရပါတယ်.. သရက်သီး၊စတော်ဘယ်ရီ အစရှိသဖြင့်ပေါ့..
ဘယ်လိုအသုံးပြုလဲဆိုတာ သိချင်သူများ အောက်ပါ video များတွင်လေ့လာနိုင်ပါတယ်.

http://www.youtube.com/watch?v=TgCatPynhac
http://www.youtube.com/watch?v=FyWwTLm1SZk