9/25/2014

ဟလောင်းပင်လယ်အော်

 အလွန်လှပသော ရှုခင်းများနှင့် ဟလောင်းပင်လယ်အော်
၎င်းဟလောင်းပင်လယ်အော်သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် တည်ရှိသော
ပင်လယ်အော် တစ်ခု ဖြစ်ပါတယ်။ အလွန်ပင် လှပသော ကျွန်းဆွယ်များစွာ ရှိပြီး ရှုခင်းများကလည်း စိတ်ကြည်နူး မူများစွာကို ရရှိစေမှာ ဖြစ်ပါတယ်။ 



ထိုပင်လယ်အော်တွင် သင်္ဘောဟိုတယ်များစွာ ရှိပြီး နေထိုင်စားသောက်ဖို့ အတွက်ပါ စီစဉ်ဆောင် ရွက်ပေးမှာ ဖြစ်ပါတယ်။ သင်္ဘောကြီးဟာ ရွေ့လျားနေပြီး ထောင်ပေါင်း များစွာသော ကျွန်းစွယ်လေး များ၏ အလှအပကိုလည်း ကြည်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ငါးဖမ်းဝါသနာ ပါသူများ အတွက်လည်း ညဘက်တွင် ငါးဖမ်းနိုင်ရန် စီစဉ်ပေး ထားပါတယ်။

ဒါ့အပြင် လှေလှော်ဝါသနာ ပါသူများ အတွက်လည်း ကျွန်းဆွယ် ကမ်းခြေဒေသတွင်
လှော်ခတ်နိုင်ပါတယ်။ သင်္ဘောပေါ်တွင် အရသာရှိသော ပင်လယ် စာများနှင့်
ကျွေးမွေးမှာ ဖြစ်ပြီး ကိုယ်တိုင်ချက်ပြုတ် ချင်သူများ အတွက်ပါ စီစဉ်ပေးထားကြောင်း
သိရှိရပါတယ်။ ဒီလိုအချက် များကြောင့် အလွန်လှပသော ရှုခင်းများနှင့် ဟလောင်း
ပင်လယ်အော်ဟာ သွားရောက် လည်ပတ်သင့်သော နေရာများထဲမှ တစ်ခုဖြစ်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)