(၁) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ သကြား(သို့ ) ပျားရည်ဖြင့် စားပါ။
(၂) ဖလံတောင်ဝှေးကို ငသိုင်းနဲ့ ချက်စားပါ။
(၃) မုန်လာထုပ်ဟင်းချိုကို ရက်သတ္တ ၁-ပတ်လျှင် အနဲဆုံး ၄-ကြိမ်လောက် စားပေးပါ။
(၄) ထောပတ်သီးက နှလုံးကို ကျန်းမာစေတဲ့အပြင်၊ အသည်းကိုပါ သန်
့စင်ပေးနိုင်တာကြောင့် ထောပတ်သီးကို သွားရည်စာသီးနှံအဖြစ် မကြာခဏ စားပေးပါ။
(၅) ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေရန်အတွက် ကညွတ်ဥ(ကညွတ်ပင် ရဲ့ အမြစ်) ကို နွားနို့ နဲ့ ကြိုသောက်ပါ။
(၆) ဘရိုကိုလီ(ခေါ်) ပန်းဂေါ်ဖီစိမ်းထဲမှာ အစွမ်းထက်မြက်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါရှိနေတာကြောင့် အူမကြီးကင်ဆာ၊
ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မမျိုးဥကင်ဆာ နှင့်
အမျိုးသားများဆီးကျိတ်ကင်ဆာတို့ ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တယ်လို
့ဆိုပါတယ်။ *(ထို့ နည်းတူစွာဘဲ ပန်းဂေါ်ဖီ* *မျိုးနွယ်ဝင်များဖြစ်ကြတဲ့
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ**(အဖြူ)၊ ကိုက်လံ တို့ ကိုပါ စားပေး သင့်ပါတယ်)
(၇) ရွက်စားမုန်လာရွက်များက သည်းခြေရည်(အက်ဆစ်)ကို တိုးပွားစေကာ ခန္ဓာ
ကိုယ်ထဲရှိ အဆီမော်လီကျူးများကို စုပ်ယူ၍မ ကောင်းတဲ့ အဆိပ်အတောက်တွေကို
ကျင်ကြီး/ကျင်ငယ်အဖြစ် စွန့်ထုတ်ပေးပါတယ်။
(၈)
လ္ဘက်ရွက်အခြောက်ထက် လ္ဘက်ရွက်အစိုတွေမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်း ပါဝင်
မှုပိုများပါတယ်။ ဆီးရွှင်စေတဲ့အပြင်၊ ရင်ပြည့်ရင်ကယ်ဗိုက်ပွခြင်း
ဝေဒနာတွေကိုပါ သက်သာလျော့ပါးစေလို့  အဆိပ်အတောက်ပြေစေတဲ့
လ္ဘက်စိမ်းရေနွေးကြမ်းကို နေ့  စဉ်သောက်သုံးပါ။
(၉)
ဆစ်ထရစ်အက်ဆစ်ကြွယ်ဝတဲ့ သံပုရာသီးက အဆိပ်အတောက်တွေ ပြေေ ပျာက်စေတာမို့  နေ
့စဉ် သံပုရာရည်ကို သကြားနဲ့ ဖျော်သောက်ပေးပါ။ (ဂရိတ်ဖရုသီး စားပါ)။
သို့သော် တစ်နေ့ကို သံပုရာသီး ၃ လုံးထက် ပိုမစားရပါ။
(၁၀)
သကြားမုန်လာ(ခေါ်) မုန်လာဥနီအလုံး(ခေါ်)Beets ထဲမှာ betalains လို့ အမည် ရတဲ့
သဘာဝသွေးနီရောင်ဆိုးဆေးတွေ ပါရှိနေတာကြောင့် ရောင်ရမ်း နာများနဲ
့မှိုပိုးတွေကို အစွမ်းကုန် တိုက်ထုတ်ပေးနိုင်တဲ့အအပြင်၊ အထူးသဖြင့်
အသည်းထဲက ဆဲလ်တွေကို ကောင်းစွာ တည်ဆောက်ပေးတာကြောင့် အဆိပ်အတောက်
ပြေစေပါတယ်။
ရေးသားသူ - စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ဆေးဖက်ဝင်အပင်များ၊ ပေါက်ပေါက်
9/25/2014
အဆိပ်အတောက်များကို ပြေစေမည့် အစားအစာများ
9/25/2014
Dim




