9/25/2014

အမျိုးသမီးတိုင်းစားသင့်သည့် အစားအစာလေးများ

အက်စထရိုဂျင်(Estrogen) ဆိုတာ စတီးရွိုက်ဓာတ်ပေါင်းစု တစ်ခုဖြစ်ပြီး၊ အမျိုးသမီး(မ-ဟိုမုန်း)အတွက် မရှိမဖြစ်တဲ့အရာပါ။ အရွယ်ရောက်ပြီးသူ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အတွက် တစ်နေ့ တာလိုအပ်ချက် အက်စထရိုဂျင်ပမာဏမှာ ၅ မီလီ ဂရမ်ဖြစ်ပြီး၊ ရာသီသွေးဆင်းပြီးချိန်၊ သွေးဆုံးခါနီး နှင့် သွေးဆုံးပြီးစကာလတွေမှာတော့ ထိုပမာဏထက် ပို၍လိုအပ်နေပါတယ်။ ခန္ဓာကိုယ်ထဲမှာ လိုအပ်ချက်ပမာဏထက် အက်စထရိုဂျင်ပိုလျှံနေခြင်း(သို့ မဟုတ်)လျော့ကျနေခြင်းကို ဆေးသိပ္ပံနည်းအရ၊ ဟိုမုန်းမညီမျှခြင်း လို့ ခေါ်ပါတယ်။ အက်စထရိုဂျင်လိုအပ်ပါက နေလို့ ထိုင်လို့ မကောင်းတော့ဘဲ စိတ်မကြည်လင်ခြင်း၊ အသား အရေပေါ်မှာ အနီအစင်းအကြောင်းတွေပေါ်လာခြင်း၊ ကိုယ်သားကိုယ်ရေ ပူစပ်ပူလောင်ဖြစ်ခြင်း၊ မ-ဟိုမုန်းစွမ်းဆောင်ရည်ကျ ဆင်းကာ အိမ်ထောင်ရေးသုခ အပြည့်အ၀မရခြင်း၊ သားသမီးရနိုင်ဖို့ ခဲယဉ်းခြင်း.. စတာတွေဖြစ်လာပါတယ်။ အကယ်၍ ခန္ဓာကိုယ်ထဲမှာအက်စထရိုဂျင်ပမာဏ လိုအပ်သည်ထက်ပိုလျှံနေပါက ရင်သားကင်ဆာရောဂါ နှင့် ဆက်စပ်မှုရှိနေတာမို့  အထူး သတိပြုသင့်ပါတယ်။
လေးညှင်းပွင့်၊ ပဲပိစပ်(ခေါ်)ပဲပုပ်၊ ပဲကတ္တီပါ၊ ပဲထောပတ်၊ ပဲငပိ၊ ပဲငံပြာရည်(အကြည်)၊ ပဲငံပြာရည်(အနောက်) စတာတွေဟာ အက်စထရိုဂျင်ရရှိနိုင်တဲ့ အရင်းအမြစ်ဖြစ်ကြသလို၊ ပဲပိစပ်(ခေါ်)ပဲပုပ်ဖြင့်ပြုလုပ်ထားတဲ့ ပဲဒိန်ချဉ်၊ ပဲခေါက်ဆွဲ တို့ ဟာလည်း အက်စထရိုဂျင်ဖြည့်စွက်စာအဖြစ် အားကိုးလောက်ပါ တယ်။ phytoestrogen(ခေါ်)အပင်မှရရှိတဲ့ သဘာဝအက်စထရိုဂျင်များကို အောက်ပါအစားအစာလေးတွေ စားသောက်ရင်းဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။
 

(၁) သကြားမုန်လာ(ခေါ်)မုန်လာဥနီအလုံး
Beet Roots လို့ ခေါ်တဲ့ သကြားမုန်လာ(ခေါ်)မုန်လာဥနီအလုံးတွေထဲမှာ phytoestrogen ဓာတ်တွေကြွယ်ဝစွာပါရှိနေတဲ့အပြင်၊ ၄င်းကိုစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ ဟိုမုန်ုးမညီမျှခြင်းကို ထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ပြင် သကြားမုန်လာက အသား အရေလှပမှုအတွက်ပါ ကောင်းကျိုးပြုပေးနိုင်ပါတယ်။(ဒေသထွက် သကြားမုန်လာဥ(ခေါ်)မုန်လာဥနီအလုံးတွေကို ရှမ်းပြည် တောင်ပိုင်းမှာ ရရှိနိုင်သလို၊ City Mart ဆိုင်ကြီးများရဲ့  စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် အရောင်းကောင်တာများမှာ လည်း ၀ယ်ယူရရှိနိုင်ပါတယ်)
 

(၂) မုန်လာဥနီ
မုန်လာဥနီအရှည်(ခေါ်)ဥနီလေးတွေကို ရှမ်းပြည်မှာတော့ ခါကြက်ဥလို့  ခေါ်ဆိုကြပါတယ်။ မုန်လာဥနီထဲမှာ အက်စထရိုဂျင် ဓာတ်များအပြင်၊ လူသားတို့ ကျန်းမာရေးအတွက် ကောင်းကျိုးပြုစေတဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများလည်း အမြောက်အများ ပါရှိနေတာကြောင့် မ-ဟိုမုန်းလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါ့ပြင် အသားအရေပေါ် အနီစင်းကြောင်းဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
 

(၃) သခွားသီး
ရေဓာတ်ကြွယ်ဝတဲ့ သခွားသီးလေးတွေထဲမှာ၊ phytoestrogen ဓာတ်တွေ အလုံအလောက်ရရှိနိုင်ပါတယ်။ ဒါကြောင့် တန်ဖိုး နည်း စိမ်းရောင်ခြယ်သခွားသီးလေးတွေကို နွေရာသီမှာသာမက၊ ဥတုရာသီမရွေး တစ်နှစ်ပတ်လုံး စားသုံးပေးသင့်ပါတယ်။
 

(၄) တို့ ဟူး
ပဲပိစပ်(ခေါ်)ပဲနို့ ရည်ဖြင့်ပြုလုပ်ထားတဲ့ တို့ ဟူး ထဲမှာ အဆီဓာတ်ပါဝင်မှုနည်းပါးတဲ့အပြင်၊ phytoestrogen ဓာတ်တွေ ပြည့်ဝ စွာပါရှိနေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲရှိ ဟိုမုန်းပမာဏကိုထိန်းညှိပေးနိုင်တဲ့ တို့ ဟူးဖြူဖြူလေးတွေကို လစ်လျှူမရှုသင့် ပါဘူး။
 

(၅) ပဲနို့ ရည်
ပဲပိစပ်(ခေါ်)ပဲပုပ်ဖြင့်ပြုလုပ်ထားတဲ့ ပဲနို့ ရည်လေးတွေဟာ အက်စထရိုဂျင်များစွာပါရှိတဲ့အပြင်၊ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ် တွေလည်းပါရှိနေတာကြောင့် အထူးသဖြင့် သွေးအားနည်းသူများ၊ သွေးဆုံးခါနီး နှင့် သွေးဆုံးပြီးစအမျိုးသမီးများ နေ့ စဉ် သောက်သုံးပေး

သင့်ပါတယ်။ (အသင့်ဖျော် ပဲနို့ ရည်တွေမှာ အရသာကောင်းအောင်ပြုပြင်ထားတာကြောင့် သကြားမပါသော (သို့ မဟုတ်)သကြားပါဝင်မှုနည်းသော ပဲနို့ ရည်မျိုးကို ရွေးချယ်သောက်သုံးပါ)
 

(၆) နှမ်းစေ့၊ ဘိန်းစေ့
phytoestrogen အမျိုးအစားတစ်ခုဖြစ်တဲ့ ရှားရှားပါးပါး lignans ဓာတ်ကို နှမ်းစေ့၊ ဘိန်းစေ့တွေမှာ ရရှိနိုင်ပါတယ်။ ဒါကြောင့် အက်စထရိုဂျင်ဟိုမုန်းကို ဖြည့်စွမ်းပေးနိုင်တဲ့ ထိုအစေ့လေးတွေကို စားသုံးပေးသင့်ပါတယ်။
 

(၇) ဂုံလျှော်စေ့
အ၀ါရောင် အစေ့အဆံတစ်မျိုးဖြစ်တဲ့ ဂုံလျှော်စေ့လေးတွေမှာလည်း phytoestrogen မျိုးနွယ်ဝင် lignans ဓာတ်တွေ ပြည့်ဝစွာ ပါရှိနေတာကြောင့် ဟိုမုန်းမညီမျှခြင်းကို အထောက်အကူပေးနိုင်တဲ့အပြင်၊ အသားအရေပေါ် အနီစင်းကြောင်းတွေပေါ်ခြင်းကို လျော့ပါးသက်သာစေနိုင်ပါတယ်။
 

(၈) မြေပဲ
မြေပဲ(ခေါ်)မြေထောက်ပဲတွေထဲမှာ အပင်မှရရှိတဲ့ သဘာဝအက်စ်ထရိုဂျင်များအပြင်၊ ၄င်းမျိုးနွယ်ဝင် lignans ဓာတ်တွေလည်း ပါရှိနေပါတယ်။ ထို့ ပြင် မြေပဲက လူကိုအားဖြစ်စေတာကြောင့်လည်း နေ့ စဉ်သုံးသွားရည်စာအဖြစ် စားပေးနိုင်ပါတယ်။
 

(၉) ပဲလွန်းဖြူ
သဘာဝအက်စထရိုဂျင်တစ်မျိုးဖြစ်တဲ့ Coumestans ကို ပဲလွန်းမှာ ရှားရှားပါးစွာတွေ့ မြင်ရပါတယ်။ ၄င်းက ဟိုမုန်းတွေ ညီ ညွတ်မျှတအောင် ထိန်းညှိပေးနိုင်ရုံသာမက၊ အစာကျေစေနိုင်တာကြောင့် ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။ 


(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)