ဆံပင်ကျွတ်ရခြင်းအကြောင်းများမှာ
အာဟာရမပြည့်ဝခြင်း၊ အသက်အရွယ်ြ ကီး လာခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆံပင်
၂-ခွ ဖြစ် ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ကြွက်သား အားတိုးဆေးကဲ့သို
့စတက်ရိုက်(ဒ်)အာနိသင်ပါသော ဆေးဝါးများ မှီဝဲသောက်သုံးခြင်း၊ မကြာခဏဆိုသလို
ဆံပင်ကို ကောက်-ဖြောင့်-ဆေးဆိုြး ခင်း၊ ဦးရေပြားအဆီပြန်ခြင်း၊
ဗောက်ထခြင်း၊ အသုံးပြုနေသော ရေပြဿနာ၊ေ ရနွေြး ဖင့်ခေါင်းေ လျာ်ခြင်း၊
ရှမ်ပူများမကုန်စင်ခြင်း၊ ရေမခြောက်ဆံပင်ကို ခပ်ကြမ်းကြမ်းဖြီးသင်ခြင်း၊
ဆံပင်သန့်  ရှင်းမှုအားနည်းခြင်း၊ အငန်ဓာတ် အ စား များခြင်း… စသည်တို့ အပြင်
ဟိုမုန်းမျှတမှုမရှိခြင်း၊ သိုင်းရွိုက်ရောဂါ၊ နာတာရှည်ဖျား နာခြင်း၊
ကျောက်ကပ်မကောင်းခြင်းစ သည့် ဝေဒနာများေ ကြာင့် လည်း
ဆံပင်ကျွတ်လေ့ရှိပါတယ်။
(၁) ဆီလိမ်းပါ။
နေ့ စဉ် အုန်းဆီလူး၍
ဦးရေပြားကို နှိပ်နယ်ခြင်းက ဆံပင်ကျွတ်ခြင်းကို သက်သာစေတဲ့အပြင်၊
ဆံပင်သန်စေကာ ဗောက်များ လည်း ပျောက်ကင်းစေနိုင်ပါတယ်။ (နောက်တနည်း)
အုန်းဆီ(သို့ မဟုတ်)သံလွင်ဆီကို အပူပေးပြီး ခပ်နွေးနွေးဖြစ်တဲ့အခါ
ဦးရေးပြားကို နှိပ်နယ်၍ ခေါင်းပေါင်းထားပြီးနောက် အချိန် ၁-နာရီခန်
့အကြာမှာ မိမိသုံးနေကျရှမ်ပူဖြင့် ခေါင်းလျှော်ပါ။ ဒီနည်းကိုတော့
တစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။
(၂) ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း အရည်လိမ်းပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းထဲမှာ ပါရှိသော ဆာလဖာဓာတ်က
ဆံပင်ကျွတ်ခြင်းကို သက်သာစေတာကြောင့် ညအိပ်ယာ ၀င်ခါနီးမှာ ၄င်း ၃-မျိုးအနက်
မိမိအဆင်ပြေရာ ၁-မျိုးကို ကျိတ်ချေ၍ ဦးရေပြားကိုလိမ်းကျံပေးပါ။
နောက်တစ်နေ့  နံက်အိပ် ယာထ ခေါင်းလျှော်ပေးပါ။
(၃) သံပုရာသီး ပွတ်ပါ။
သံပုရာသီးထဲမှာပါတဲ့ ဗီတာမင်စီဓာတ်က ဆံပင်ခိုင်ခန့် စေတာကြောင့် သံပုရာသီးကို ထက်ခြမ်းခြမ်းပြီးနောက် ဦးရေပြားကို ပွတ်တိုက်ပေးပါ။
(၄) ဒန်းပင်အရွက် လိမ်းပါ။
ဒန်းပင်က ဆံပင်အားကောင်းစေဖို့ အတွက် အကောင်းဆုံးအဖော်မွန်ပါ။ ဒန်းပင်
နှင့် မုန်ညင်းဆီတို့ ရောစပ်၍သုံးခြင်းက ပိုမိုကောင်းမွန်တဲ့
အာနိသင်ဖြစ်စေပါတယ်။ ဒန်းပင် နှင့် မုန်ညင်းဆီတို့ ကိုပြုတ်၍ရလာသော
ထိုပြုတ်ရည်ကို ဆံပင်နှင့် ဦး ရေပြား အနှံ့ လိမ်းပေးပါ(သို
့မဟုတ်)ဒန်းပင်အရွက်ကိုအခြောက်ခံအမှုန့် ကြိတ်၍ မုန်းညင်းဆီပုလင်းထဲစိမ်ပြီး
လူးပေးပါ။
(၅) ရှားစောင်းပင်(ဇောင်းကြမ်းပင်) အစေးလိမ်းပါ။
ပူပြင်းခြောက်သွေ့ သော အရပ်ဒေသများတွင်ပေါက်လေ့ရှိတဲ့
အနီရောင်ပန်းပွင့်လေးတွေပွင့်သော ဆူးကြမ်းကြီးများပါရှိတဲ့
ရှားစောင်းပင်(ဇောင်းကြမ်းပင်)မှရရှိတဲ့အစေးက ဆံပင်အရှည်မြန်စေတဲ့အပြင်၊
ဆံပင်အမြစ်ကနေခိုင်ခန့် စေပါတယ်။
(၆) ကြက်ဥ
ကြက်ဥ
အနှစ်ထဲမှာပါရှိတဲ့ ဆာလဖာ၊ ဘိုင်အိုတင်၊ ပရိုတင်း နှင့် သတ္တုဓာတ်များက
ဆံပင်ကိုလွန်စွာကောင်းကျိုးပြုပေး ပါတယ်။ ကြက်ဥအနှစ်ကို သံလွင်ဆီဖြင့်
သမအောင်ခေါက်ဖျော်၍ ဦးရေပြားအနှံ့ လိမ်းကျံ နှိပ်နယ်ပေးပါ။
(၇) ဆီဖြူသီးစားပါ လိမ်းပါ။
ဆီးဖြူသီးကို ထောင်းထုကြိတ်ချေ၍ ရလာတဲ့အရည်ကို ဦးရေပြားအနှံ
့လိမ်းကျံပြီးနောက် အခြောက်ခံပါ။ ဆီးဖြူသီးအရည် တွေ ခြောက်သွေ့ သွားတဲ့အခါ
မိမိလျှော်နေကျ ရှမ်ပူဖြင့် ခေါင်းလျှော်ပေးပါ။
(၈) ရှားစောင်းလက်ပပ် လိမ်းပါ။
ရှားစောင်းလက်ပပ် ဂျယ်လီက ဦးရေပြား၏ pH ပမာဏကိုမျှတစေကာ၊
ဦးရေပြားခြောက်သွေ့ ၍ ဆံပင်ကျွတ်ခြင်းမှ ကာ ကွယ်ပေးနိုင်ပါတယ်။
၎င်းဂျယ်လီကို ဦးရေပြားအနှံ့ လိမ်းကျံနှိပ်နယ်ပေးပြီးနောက်၊ ၃- နာရီခန်
့အကြာ ပုံမှန်လျော်နေကျ ရှမ်ပူဖြင့် ခေါင်းလျှော်ပါ။ ဤသို့ ရက်သတ္တ ၁-ပတ်မှာ
၂-ကြိမ်ပြုပေးခြင်းဖြင့် ဆံပင်ကျွတ်ထွက်ခြင်းကို သိသိသာသာ ကောင်း စွာ
ကုသပေးနိုင်ပါတယ်။
(၉) ဆင်တုံးမနွယ် လိမ်းပါ။
ဆင်တုံးမနွယ်
အရွက်ကို ၃-ခွက် ၁-ခွက်တင်ကြို၍ ရလာသော ပြုတ်ရည်ကို
အအေးခံပြီးခေါင်းလျော်ပေးပါ။ ဤနည်းအတိုင်း ရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ်
ပြုပေးပါ။
(၁၀) ဦးခေါင်းအနှိပ်ခံပါ။
ဦးရေပြားအနှံ
့အနှိပ်ခံခြင်းက သွေးလည်ပတ်မှုအားကောင်းစေကာ ဦးရေပြားနှင့် ဆံသားတွေကို
ကျန်းမာကြံ့ ခိုင်စေနိုင် ပါတယ်။ ဒါကြောင့် နေ့ စဉ် ၁၅-မိနစ်ခန့် 
ဦးရေပြားကို နှိပ်ပေးပါ။
(၁၁) လ္ဘက်ရွက်လိမ်းပါ။
လ္ဘက်ရွက်ထဲမှာ ပါရှိတဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများက ဦးရေပြားကို
အေးမြစေပြီး ဆံပင်သန်စေပါတယ်။ လ္ဘက်ရွက်ကို ရေစိမ်၍ရလာသော အရည်ဖြင့်
ဦးရေပြား နှင့် ဆံသားတို့ ကို လိမ်းပါ။
(၁၂) တရားမှတ်ပါ။
စိတ်ဖီစီးမှုများခြင်းက ဆံပင်ကျွတ်ထွက်စေနိုင်ပြီး၊ တရားထိုင်
တရားမှတ်ခြင်းက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တာကြောင့်
ဆံပင်တွေကျွတ်ထွက်ခြင်းကို သက်သာစေနိုင်ပါတယ်။
(၁၃) သင့်တော်တဲ့ အစာစားပါ။
ဆံပင်အားကောင်းစေတဲ့ အစားအစာများမှာ အနီရောင်အသား၊ ပင်လယ်ငါးအမျိုးမျိုး၊
အစိမ်းရောင် ပဲသီးများ၊ ဟင်းနုနယ်၊ ပန်းဂေါ်စိမ်းကဲ့သို့ အစိမ်းရောင်
ဟင်းသီးဟင်းရွက်များ၊ စတော်ဘယ်ရီသီး တို့ ဖြစ်ပါတယ်။
ရေဓာတ်ခမ်းခြောက်ခြင်းက လည်း ဆံပင်ကျွတ်စေတာကြောင့် ရေများများသောက်ပါ။
(၁၄) မသင့်တော်တဲ့ အစားများရှောင်ပါ။
အငန်လျော့စားပါ။ သကြားလုံးကဲ့သို့  ချိုလွန်းသောအစာများနှင့် ကိတ်မုန့် ၊
ချောကလက်၊ ကွတ်ကီးလျော့စားပါ။ ကဖိန်း ဓာတ်များကလည်း
ဆံပင်ကျွတ်ထွက်စေတာကြောင့် ကော်ဖီ နှင့် ကိုလာအချိုရည်တို့ ကို
အသင့်အတင့်သာသောက်ပါ။
(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်…မျှဝေသည်)





