အင်္ဂလန်ဟာ စက်မှုတော်လှန်ရေးရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။
အကြောင်းက James Watt က စကော့တလန်သားဖြစ်လို့ပါပဲ။
Watt က စကော့တလန်သား နာမည်ကြီး တီထွင်ပညာရှင်နဲ့ စက်မှုအင်ဂျင်နီယာဖြစ်ပါတယ်။ Newcomen
ရေနွေးငွေ့အင်ဂျင်ကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခဲ့သူဖြစ်ပြီး ဒါဟာ
စက်မှုတော်လှန်ရေးဖြစ်ပေါ်လာရခြင်းရဲ့ အခြေခံဖြစ်ပါတယ်။ စက်မှုတော်လှန်ရေးမှာ
သူဟာ အရေးပါသူတစ်ဦးဖြစ်ခဲ့ပါတယ်။
အင်္ဂလန်ဟာ Modern economicsရဲ့ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။ အကြောင်းက ဒဿနိကဗေဒပညာရှင်၊ ဘောဂဗေဒပညာရှင် Adam Smithက စကော့တလန်သားဖြစ်လို့ပါပဲ။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ နာမည်ကျော်သီချင်းဖြစ်တဲ့ Auld Lang Syne ရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။ အကြောင်းက အဲဒီသီချင်းကို ရေးခဲ့သူက စကော့တလန်သား Robert Burns ဖြစ်လို့ပါပဲ။ တကယ်တော့ Auld Lang Syneက ၁၈ရာစုမှာ စကော့တလန်စာနဲ့ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ နောက်ပိုင်းမှာ သံစဉ်တွေထည့်ပြီး သီချင်းအဖြစ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ ရှားလော့ဟုမ်းနဲ့ ဟယ်ရီပေါ်တာတို့ရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။ အကြောင်းက ရှားလော့ဟုမ်းစုံထောက်ဝတ္ထုကိုရေးခဲ့သူ Arthur Conan Doyle နဲ့ ဟယ်ရီပေါ်တာဝတ္ထုကိုရေးခဲ့သူ J. K. Rowling တို့က စကော့တလန်သားတွေဖြစ်လို့ပါပဲ။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ ပင်နီဆီလင်၊ ထုံဆေးနဲ့ အင်ဆူလင်ဆေးဝါးရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။ အကြောင်းက အဲဒီဆေးဝါးတွေကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့ Alexander Fleming၊ James Y Simpson နဲ့ John McLeod တို့ဟာ စကော့တလန်သားတွေဖြစ်လို့ပါပဲ။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ တယ်လီဖုန်း၊ ရုပ်မြင်သံကြား၊ လေထိုးဘီးနဲ့ စက်ဘီးတို့ရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။ အကြောင်းက အဲဒီအရာတွေကို တီထွင်ခဲ့၊ ပါဝင်တီထွင်ခဲ့ကြတဲ့ Alexander Bell၊ John Baird၊ Robert Thomson၊ John Dunlopနဲ့ Pierre Lallement တို့ဟာ စကော့တလန်သားတွေ ဖြစ်လို့ပါပဲ။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ ဝီစကီ၊ ဂေါ့ဖ်နဲ့ စနူကာတို့ရဲ့ ဇာတိနိုင်ငံမဟုတ်တော့ပါဘူး။ အကြောင်းက ဝီစကီနဲ့ အဲဒီအားကစားတွေကို တီထွင်ခဲ့သူတွေက စကော့တလန်သားတွေဖြစ်လို့ပါပဲ။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ စကော့တလန်သားတွေဖြစ်ကြတဲ့ ဒီလူတွေကို ဆုံးရှုံးသွားမှာပါ။ သူတို့တတွေက... ကနေဒါပထမဆုံးဝန်ကြီးချုပ် John A. Macdonald၊ အင်္ဂလန်ဝန်ကြီးချုပ် Tony Blair၊ ဘီလီယက်ဘုရင် Stephen Hendryနဲ့ John Higgins၊ ဂျိမ်းစဘွန်းမင်းသားဟောင်း Sean Connery၊ တင်းနစ်ချန်ပီယံ Andy Murray၊ ဘောလုံးနည်းပြ အဲလက်စ်ဖာဂူဆန်၊ အဆိုတော် Susan Boyle တို့ဖြစ်ပါတယ်။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ ကုန်းမြေမြင့်၊ Loch Nessရေအိုင်ကြီး၊ Skye ကျွန်း၊ စကပ်ဝတ်တဲ့ယောက်ျားသားတွေနဲ့ Bagpipes (စကော့တလန်စသည်တွင်တီးမှုတ်လေ့ရှိသော အဝတ်အိတ်ငြင်း) တွေကို ဆုံးရှုံးသွားမှာဖြစ်ပါတယ်။
တကယ်လို့ စကော့တလန်သာ အင်္ဂလန်နိုင်ငံကနေ ခွဲထွက်သွားခဲ့ရင်....
အင်္ဂလန်ဟာ နာမည်ကြီးတက္ကသိုလ်သုံးခုဖြစ်တဲ့ St Andrews တက္ကသိုလ်၊ Edinburghတက္ကသိုလ်နဲ့ Glasgowတက္ကသိုလ်တို့ကို ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ William နဲ့ Kate တို့ဟာလည်း နိုင်ငံခြားမှာကျောင်းပြီးခဲ့သူတွေဖြစ်သွားပါလိမ့်မယ်။
*** ဗဟုသုတအလို့ငှာ ဖတ်မိတာကို ဘာသာပြန်မျှဝေပါတယ်။
နိုင်းနိုင်းစနေ (Sept. 22. 2014)






