ကိုယ်ဝန်ဆောင်ချိန်မှာဘေးတစောင်းအိပ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့် ဘယ်ဖက်ကိုစောင်းအိပ်ခြင်းသည် ကလေးထံသို့ သွေးလည်ပတ်မှူ ပိုမိုကောင်းမွန်စေပါသည်။ ထို့ အတူ မိခင်၏အချင်းမှတဆင့် ကလေးထံသို့ အဟာရ ဓါတ်များ ပိုမိုရောက်ရှိစေပါသည်။
ဘယ်ဖက်သို့ တစောင်းအိပ်ခြင်းဖြင့် ကျောက်ကပ်အတွင်းမှ အညစ်အကြေးများ နှင့် အရေများကို ပိုမိုထိရောက်စွာ ဖယ်ရှားပေးခြင်းအားဖြင့် ခြေလက် အဆစ်အမြစ်များရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
ကိုယ်ဝန်ရှိစအချိန်မှစတင်ကာ
တတ်နိုင်သမျှ ဘယ်ဘက်သို့ စောင်းအိပ်တဲ့ အလေ့အကျင့် ကို
လေ့ကျင်းထားသင့်ပါတယ်။ တစ်ညလုံး ပုံစံတစ်မျိုးထဲ အိပ်ရမှာကတော့ဘယ်လိုမှ
သက်တောင့်သက်သာ မရှိနိုင်ပါဘူး။ ဒါပေမယ့် ဘယ်ညာ တလှည့်စီ
စောင်းအိပ်လည်းရတာပါပဲ။ အကောင်းဆုံးကတော့ဘယ်ဖက်ကိုစောင်း အိပ်ခြင်းပဲပေါ့။
ကိုယ်ဝန်ဆောင်နေတဲ့ တလျှောက်လုံးမှာတော့ ပက်လက်လှန် အိပ်ခြင်းကို လုံးဝ
ရှောင်ကြင် သင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ရင့်လာသည်နှင့် အမျှ
ပိုမိုဂရုစိုက်သင့်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ ပက်လက်လှန်
အိပ်တဲ့ အခါ သားအိမ်၏ အလေးချိန်ဟာ ကျောရိုး၊ အနောက်ဖက်ကြွက်သား၊ အူများ
နှင့် ပင်မသွေးကြောများပေါ်တွင် ကြရောက်သွားပါတယ်။
ထို့ကြောင့်မိခင်လောင်းတွေအနေနဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ သွေးလိပ်ခေါင်းရောဂါ၊ သွေးလည်ပတ်မှု ချို့ ယွင်းခြင်းတွေဖြစ်စေသည့်အပြင် ကလေးထံသို့လည်း သွေးလည်ပတ်မှုလျော့ကျစေပါသည်။
ပက်လက်လှန်အိပ်ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ သွေးပေါင်ကျစေသလို တစ်ချို့ သောကိုယ်ဝန်ဆောင်မိခင်များ အတွက် သွေးပေါင်တက် ကာ မှူးဝေခြင်းကိုဖြစ်စေတတ်ပါတယ်။ နောက်ဆုံး အချက်အနေနဲ့ ကတော့ ပက်လက်လှန်အိပ်ခြင်းကြောင့်
ဟောက်ခြင်း၊ ကိုယ် ခန္ဓာ အလေးချိန်တက်ခြင်း များဖြစ်ပေါလာပြီး
အိပ်နေရင်းအသက်ရှူ ရပ်တတ်သော Sleep Apnea ကဲ့သို့သောရောဂါများ
ဖြစ်ပေါစေပါသည်။
Credit to : babycenter.com