8/26/2014

ကမ္ဘ္ဘာ့ အကြီးမားဆုံး ဌက်သိုက်ကြီး

တောင်အာဖရီကနိုင်ငံ ၊ နာမီဘီးယား ဌက်သိုက်ကြီးဟာ ကမ္ဘ္ဘာ့အကြီးမားဆုံး ဌက်သိုက်ဖြစ်မယ်လို့ Wired Magazine က မကြာသေးခင်က ဖော်ပြပါတယ်။
အလေးချိန်ပေါင် ၂၀၀၀ (ကီလို ၉၀၇) လောက်ရှိပြီး ၊ အလျှား ၁၂ ပေ အမြင့် ၂ ပေ ရှိတဲ့ ဒီ အသိုက်ကြီးထဲမှာ အသိုက်ခွဲပေါင်း ၁၀၀ ကျော်ရှိပြီး ဌက်ပေါင်း ၅၀၀ လောက် ကျက်စားတယ်လို့ Miami University က ဇီဝဗေဒ ပညာရှင် Gavin Leighton က ပြောပါတယ်။
အသိုက်ဆောက်ထားတဲ့ အပင် ရဲ့သက်တမ်းက ရာစု နှစ် တစ်စု လောက် အသက်ရှင်နိုင်သေးတဲ့ အတွက် ဒီ အသိုက်ကြီး ကလည်း နှစ် တစ်ရာ လောက်တော့ တည်ရှိ နေအုံးမယ်လို့ လဲ ဆိုပါတယ်။

Src: English.cri.cn