အိမ်ထောင်သည်အမျိုးသမီးအများစုသည် ကိုယ်ဝန်စတင်ရရှိချိန်မှစတင်ကာ အိမ်အတွင်း အခွင့်ထူးခံ အမျိုးသမီးများ အဖြစ် ပြောင်းလဲသွားကြပါသည်။ဂရုစိုက်မှုတွေများလွန်းတဲ့အခါ
အများစုမှာ လုပ်စရာမရှိ ပဲ အိပ်ယာထဲတွင်သာ အချိန်ကုန်နေကြရသည်။
ဟိုမလုပ်ရဒီမ မလုပ်ရ စကားသံတွေကြားထဲမှာ မိမိ ကျန်းမာရေးအတွက်အကောင်းဆုံးလေးကျင့်ခန်းအဖြစ် လုပ်နိုင်သမျှ အိမ်မှုကိစ္စတွေကိုဆောင်ရွက်နိုင်လျှင်တော့ အကောင်းဆုံးဖြစ်ပေမည်။
-ဒါပေမဲ့အိမ်မှုကိစ္စဆောင်ရွက်ရာတွင် ခါးကုန်းခြင်း ခါးဆန့်ခြင်း အလေးအပင်မခြင်းတို့ကိုတော့ အထူးသတိပြုရမည်။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်များ အလေးအပင်မ မသင့်ပါဘူး။အထူးသဖြင့် ခါးကုန်းပြီးအလေးပစ္စည်းများမခြင်းကို မပြုလုပ်သင့်ပါဘူး။ မဖြစ်မနေ မရမည်ဆိုလည်း ခါး၏အားကိုအသုံးမပြုပဲ ဒူးကွေးပြီး လက်တစ်ဖက်မှတစ်ခုခုကိုဆွဲကိုင်ထားကာ ခြေထောက်၏တွန်းကန်အားဖြင့်သာ ထိုင်ထပြုလုပ်ပြီးကောက်ယူသင့်ပါသည်။
-ကိုယ်ဝန်ဆောင်ချိန်တွင် လိုသည်ထက်ပိုပြီးမတ်တပ်ရပ်ခြင်းကို ရှောင်ကြဉ်ပါ။ မတ်တပ်ကြာကြာရပ်ခြင်းဖြင့် သွေးကျပြီး ခြေထောက်များယောင်ရမ်းကာ သွေးလည်ပါတ်မှု ကို အဟန့်အတားဖြစ်စေတတ်ပါသည်။၁၅-၂၀ မိနစ်လောက်မတ်တပ်ရပ်ပြီးပါက ပြန်လည် အနားယူသင့်သည်။
-ကိုယ်ဝန်ဆောင်ချိန်တွင် အိမ်ရှင်မများအနေနှင့် တံမြက်စည်းလှည်း၊
ကြမ်းတိုက်ခြင်းများ ပြုလုပ်သည့်အခါ ခါးကုန်းပြီး
လုပ်ဆောင်ခြင်းမျိုးများကိုရှောင်ကြဉ်ရမည်။ ကိုယ်ဝန်ဆောင်ချိန်တွင် တွင် ခါးရိုးဆစ် နှင့် အရွတ်များဟာ ပုံမှန်ချိန်ထက်ပျော့ပြောင်းသွားကြသောကြောင့်အလွယ်တကူ ထိခိုက်နာကျင်စေနိုင်သောကြောင့်ဖြစ်ပါသည်။
-အ၀တ်လှန်းသည့်အခါတွင်လည်း ခါးဆန့်ပြီး အ၀တ်လှန်းခြင်း၊ အမြင့်မှပစ္စည်းများ လှမ်းယူခြင်း ကဲ့သို့ သော ကိစ္စများကိုလည်းမပြုလုပ်သင့်ပါ။ ခါးဆန့်ခြင်းဟာ ၀မ်းဗိုက်ကိုဆွဲဆန့်ခြင်းဖြစ်ပြီး ကလေးငယ်ကို ထိခိုက်စေနိုင်ပါသည်။
-ရေအေးကို ကြာကြာကိုင်ခြင်းမျိုးလည်းမပြုလုပ်သင့်ပါ။ အထူးသဖြင့် ပန်းကန်ဆေး အ၀တ်လျှော်ခြင်းများ ပြုလုပ်သည့်အခါ ရေအေးဖြင့် ဆေးကြောခြင်းမျိုးရှောင်ရှားသင့်ပါသည်။ ထို့ အတူ အားပြင်းပြီး ဓာတုဆေးများစွာပါဝင်သောဆပ်ပြာမှုန့်များလည်း တတ်နိုင်သမျှ ကိုင်တွယ်ခြင်းမပြုလုပ်သင့်ပါ။
-ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်လောင်းများအနေဖြင့် တစ်နေ့ ၈ နာရီ ၉နာရီ အနည်းဆုံးအိပ်စက်ရမည်။အချိန်ရလျှင် နေ့ခင်းနေ့လည်များတွင်လည်း ခေတ္တခဏ အနားယူအိပ်စက်သင့်ပါသည်။
အိပ်စက်ရာတွင်လည်း ဘေးတစောင်းအိပ်ခြင်းကို လေ့ကျင့်ယူရမည်ဖြစ်ပြီး ပက်လက်လှန်အိပ်စက်ခြင်းကိုတော့ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှတတ်နိုင်သမျှရှောင်ရှားသင့်ပါတယ်။
-ကိုယ်ဝန်ဆောင်ချိန်တွင် ပထမ ၁၄ ပါတ်အတွင်းလိင်ဆက်ဆံမှုပြုခြင်းကိုတော့ရှောင်ရှားနိုင်လျှင်အကောင်းဆုံးပါပဲ။ သုသေသနတွေ့ ရှိချက်တွေအရတော့လိင်ဆက်ဆံခြင်းဟာကလေးငယ်ကိုမထိခိုက်စေနိုင်ဘူးဆိုသော်ညားလည်းဆရာဝန်များအနေနှင့်ကတော့ကလေးငယ်ကိုထိခိုက်စေနိုင်သည့်လိင်ဆက်ဆံမှုမျိုးကိုတော့ကိုယ်ဝန်ဆောင်နေစဉ် အချိန်အတွင်းရှောင်နိုင်လျှင် အကောင်းဆုံးဟုညွှန်ကြားနေကြစဲပါ။
-ကိုယ်ဝန်ဆောင်နေစဉ်အချိန်အတွင်းဒေါက်မြင့်ဖိနပ်စီးခြင်း၊ ဓာတုဆေးဝါများအသုံးပြုပြီးဆံပင်ဆေးဆိုးခြင်းများ၊ အမွေးချွတ်ခြင်းများကိုလည်း ရှောင်နိုင်သမျှ ရှောင်ရှားဖို့ သတိပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်အများစုကတော့ကိုယ်ဝန်ဆောင်နေစဉ် ဦးခေါင်းနှင့်ကိုယ်ခန္ဓာမှအမွေးအမျှင်များ သန်စွမ်းလာသည်ကိုသတိပြုမိကြပါလိမ့်မယ်။ ဒါတွေဟာပုံမှန်ဖြစ်ရပ်များဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ဓာတုဆေးဝါးများအသုံးပြုပြီး အမွေးမျှင်များချွတ်ခြင်းဟာ အရေပြားမှတဆင့်စိမ့်ဝင်သွားနိုင်ပြီး ကလေးငယ်၏ဖွံဖြိုးမှုကိုဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာမသိနိုင်ပါဘူး။ ထိုအမွေးမျှင်များဟာလည်းကလေးမွေးဖွားပြီး ၆လလောက်အကြာမှာ ပျောက်ကွယ်သွားမှာဖြစ်လို့ စိတ်ရှည်ခြင်းဟာအကောင်းဆုံးပါပဲ။
-အရေးကြီးဆုံးအချက်ကတော့ ကြောင်များနှင့်ဝေးရာတွင်နေပါ။ ကြောင်များဟာ Toxoplasmosis ဆိုတဲ့ အမိဝမ်းအတွင်းမှကလေးငယ်အတွက်အလွန်ကြောက်စရာကောင်တဲ့ရောဂါပိုးမွားတွေကိုသယ်ဆောင်လာကြလို့ပဲဖြစ်ပါတယ်။
( Toxoplasmosis ၏ကြောက်စရာကောင်းပုံကိုအခွင့်သင့်သည့်အခါ တင်ပြပေးသွားမည်ဖြစ်ပါတယ် )
credit to happy mom