7/22/2014

ခါးသောအသီးများကို စားသုံးခြင်း

{ ခါးသီးမှုကို စားသုံးခြင်း }

ကျန်းမာရေးအတွက် ရှေးစကားပုံလေး
တစ်ခွန်း ရှိတယ်။

" မျက်စိမှာ အကြည်
နားမှာ ဆီ
ဒန္တီမှာ ဆား
လျှာမှာ ခါး "

မျက်စိကကျန်းမာရေးအတွက် မနက်အိပ်ရာနိုးတိုင်း မျက်စိထဲကို သန့်ရှင်းကြည်
လင်သောရေ ထည့်၍ ဆေးကြောပေးရမယ်။

နားကျန်းမာရေးအတွက် နားထဲကိုအနည်းငယ်မျှသော အုန်းဆီဖြင့် နှစ်ပတ်
တစ်ခါ သို့မဟုတ် တစ်လတစ်ခါ စွတ်လိမ်းပေးရမယ်။

သွားကျန်းမာရေးအတွက် ဆားဖြင့်ပလုတ်ကျင်းပေးခြင်း၊ ဆားဖြင့် သွားတိုက်ခြင်းတို့ကို ပြုလုပ်ပေးရမယ်။

လျှာကျန်းမာရေး သို့မဟုတ် ခန္ဓာကိုယ် ကျန်းမာရေးအတွက် အခါးဓာတ်ပါ
သော အသီးအရွက်တစ်မျိုးမျိုးကို နေ့စဉ်စားပေးရမယ်။

ပူ၊ စပ်၊ငန်၊ချဉ်၊ခါး၊ ချို၊ စိမ့် အရသာအမျိုးမျိုး ရှိတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အခါးဓာတ်က အဓိကတာဝန်ယူထားတယ်။ကျန်းမာလိုတဲ့ လူတစ်ယောက်က အခါးဓာတ်ကို မဖြစ်မနေ
ဆောင်ပြီး အချိုဓာတ်ပါသော အစာများကို လျော့စားသင့်တယ်။

လတ်တလောတွေ့ရှိချက်အရ ကင်ဆာဖြစ်စေတဲ့အဓိကတရားခံ နှစ်ဦးက အချို နဲ့ လက်လုပ်
ချဉ် ဖြစ်နေတယ်။ခက်တာက လူအများစုက အချိုကိုကြိုက်ပြီး အခါးကိုမုန်းတီးနေတာပဲ။

ဘာပဲဖြစ်ဖြစ် ကျန်းမာချင်တယ်ဆိုရင်ခါးသီးတာတွေ စားပေးပါ။
*****************

တစ်ခါက ဂျာမနီ ဆရာဝန်တစ်ယောက်ထိုင်းနိုင်ငံကို ရောက်လာတယ်။
တစ်နေ့ အဲဒီဆရာဝန်က ထိုင်းဈေးကိုသွားပြီး ပိုးထိုးနေတဲ့ သင်္ဘောသီးအစိမ်း
တစ်လုံးကို ရွေးပြီး ဝယ်လာတယ်။သူများတကာတွေက သင်္ဘောသီး လှလှပပ
သန့်သန့်ပြန့်ပြန့် အလုံးကြီးကြီး ရွေးဝယ်နေချိန်မှာ......

သူ ဘာကြောင့် သင်္ဘောသီးပိုးထိုးကို ဝယ်ရတာလဲ…?

သူ့အဖြေကတော့ ...... သင်္ဘောသီးပိုးထိုးပြီ ဆိုကတည်းက ပိုးသတ်ဆေး မသုံးလို့။ပိုးသတ်ဆေး မဖြန်းတဲ့ အော်ဂဲန်နစ်သဘာဝသင်္ဘောသီးကို စားချင်လို့ ပိုးထိုးတာကို ရွေးဝယ်ရတာပါတဲ့။

မှတ်သား လိုက်နာဖို့ကောင်းသောသက်ကြီးစကားကို ပြန်လည်၍ မျှဝေလိုက်ပါသည်။

by ဦးတိုးအောင်