7/23/2014

ဒစ်ဂျစ်တယ်ကင်မရာ နှင့် လျှပ်စီးကြောင်းအန္တရာယ်


ဓာတ်ပုံရိုက်လိုက်တဲ့အခါ ကင်မရာထဲမှထွက်လာသောအလင်းရောင်နှင့် လမ်းမေ ပ်ါဓာတ် တိုင်ရှိ ဗို့ အားပြည့်လျှပ်စစ်စီးကြောင်း များ ရုတ်တရက်ထိတွေ့ ခြင်းက ကင်မရာမင်း(ဓာတ်ပုံရုံက်သူ)ကို ဓာတ်လိုက်၍အသက်ဆုံးရှုံးစေကြောင်း General Knowledge For All(ခေါ်)အင်တာနက်သတင်းမှာ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ၂၂ရက် (၁၆း၄၃နာရီ)တွင် ဖော်ပြသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၊ Maharashtra ပြည်နယ် Amravati တွင် လေ့လာရေးခရီးမှ ပြန်လာကြေ သာ အင်္ဂျင်နီယာ ပထမနှစ်ကျောင်းသား တစ်ဖွဲ့ ဟာ မီးရထားစောင့်ဆိုင်းနေကြရင်း၊ ရထားမလာခင် အမှတ်တယဓာတ်ပုံများကို ဟန်းဖုန်းများ၊ ဒစ်ဂျစ်တယ်ကင်မရာများ နဲ့ ရိုက်ကာမှတ်တမ်းတင်ကြပါတယ်။ အဆိုပါအဖွဲ့ မှ အသက် ၁၉-နှစ်အရွယ် ကျောင်း သား တစ်ယောက်ဟာ အုပ်စုလိုက်ဓာတ်ပုံ အမှတ်တယရိုက်ယူချင်တာကြောင့် ဒစ်ဂျစ် တယ်ကင်မရာကိုင်ပြီး ရှေ့ တိုးနောက်ဆုတ်ချိန်ရင်း၊ သံလမ်းဘေး တစ်ဖက်တစ်ချက် ရှိ ၄၀,၀၀၀(လေးသောင်း)ဗို့ အားရှိတဲ့ လျှပ်စစ်ဓာတ်တိုင်အောက် ရောက်ရှိခဲ့ပါတယ်။ သူကင်မရာခလုတ်နှိပ်၍ ဓာတ်ပုံရိုက်လိုက် တယ်ဆိုရင်ဘဲ ကင်မရာမှထွက်လာတဲ့ အလင်းရောင်နဲ့  ဓာတ်တိုင်ရဲ့ လျှပ်စစ်စီးကြောင်းတို့ ထိတွေ့ ပြီး၊ ချက်ချင်းဆိုသလို သူ့ လက်ချောင်းမှတဆင့် တကိုယ်လုံးလျှပ်စစ်စီးဝင်ကာ ဓာတ်လိုက်ခံရပါတော့တယ်။
တစက္ကန့် အတွင်းမှာပင် သူ့ ကိုယ်တစ်ခြမ်း မီးစွဲလောင်သွားခဲ့ပါတယ်။ သူဘာ့ကြောင့် ရုတ်တရက်သတိလစ်လဲကျသွားတာကို သူငယ်ချင်းများက အံ့သြနေကြပါတယ်တဲ့။ မွမ်ဘိုင်းမြို့ ရှိ Keshvani ဆေးရုံရောက်တဲ့အထိ သတိမလည်လာသေးပါ ဘူး။ ပြင်း ထန်တဲ့ဓာတ်လိုက်ခံရမှုကြောင့် သူ့ ခန္ဓာကိုယ် တွင်း ဇီဝဖြစ်စဉ်ရှုပ်ထွေးနေလို့ ၊ ဆရာ ၀န်များက မျှော်လင့်ချက်မရှိကြောင်းပြောပါတယ်။ မကြာမီ သူကွယ်လွန်သွားခဲ့ပါတယ်။
++++++++++++++++
< ဓာတ်လိုက်ခံရပါက >
အသက်ရှုလမ်း ကြောင်းကမောက်ကဖြစ်ကာ ရုတ်တရက်လဲကျသွားခြင်း၊ ကြွက် သားများရှုံ့ တွကျုံ့ သွားခြင်း၊ လေသင်တုန်း ဖြတ်သွားခြင်း၊ ခန္ဓာကိုယ်တွင်းရေ ဓာတ်ဆုံး ရှုံးသွားခြင်း၊ မီးလောင်ဒဏ်ရာရခြင်း(သို့ မဟုတ်)အသားများကွဲအက်ခြင်း၊သွေးခဲခြင်း၊ တစ်ရှုးများသေသွားခြင်း၊ နှလုံး နဲ့ ကျောက်ကပ်တို့ ပျက်စီးသွားခြင်း၊ အသက်ဆုံးရှုံးခြင်း စသည်တို့ ဖြစ်စေပါတယ်။

< ဓာတ်လိုက်ခံရသူကို ရှေးဦးသူနာပြုစုနည်း >

ဓာတ်လိုက်ခံရပါက ရုတ်တရက်တုန်/ခုန်စွာခံစားရသလို၊ ဗို့ အားပြင်းပါကချက် ချင်း အသက် ဆုံးရှုံးသွားသည်အထိ ဖြစ်စေပါတယ်။
(၁) အကယ်၍ မိမိမျက်စေ့ရှေ့ မှာ ဓာတ်လိုက်ခံနေရသူကိုမြင့်တွေ့ ရသောအခါ၊ ထိုသူ ကို ချက်ချင်းသွားမထိပါနဲ့ ဦး။ မိမိကိုယ်ကို လျှပ်စစ်စီးကြောင်း စက်ကွင်းမှလွတ်ေ အာင် ဝေးရာ သို့ အမြန်ခုန်ရှောင်လိုက်ပါ(သင် အန္တရာယ်ကင်းမှသာ ထိုဓာတ်လိုက် ခံနေရ သူကိုကယ် တင်ပေးနိုင်မှာဖြစ်ပါတယ်)
(၂) ဓာတ်လိုက်ခံနေရသူသည် မီးခလုတ် ကို လက်ကကိုင်လျက်တန်းလန်းဖြစ်နေပါလျှင်
ထို သူကို လျှပ်စီးကြောင်းပြတ်တောက်စေဖို့  မီတာပုံးမှ ဖျူးကိုအမြန်ဖြုတ်ချလိုက်ပါ။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် မီတာပုံးမှ ဖျူးကိုဖြုတ်ချဖို့ အဆင်မပြေခဲ့ရင် တံ မျက် စည်းလက် ကိုင်အရိုး(သို့ မဟုတ်)ရေမစိုသောဝါး/သစ်သားတုတ်(သို့ မ ဟုတ်)သ တင်းစာစက္ကူ(သို့  မ ဟုတ်)ကော်ပေတံ စသည့်လျှပ်စီးကြောင်းမကူးစေသော ပစ္စည်း တို့ ဖြင့် ထိုသူကိုင်နေသော မီးခ လုတ်ကိုပိတ်ပေးပါ။
(၃) လူနာလျှပ်စီးအန္တရာယ်မှ ကင်းလွတ်ကြောင်း သေချာသွားပြီဆိုမှသာ သင်သူ့ကို စ တင် ထိတွေ့ ကိုင် တွယ်ပါ။
(၄) လူနာအသက်ရှု/မရှုစစ်ကိုစစ်ဆေးပါ။ သွေး ခုန်ေ နသလားစစ်ဆေးပါ။ အကယ်၍ အ သက်ရှုနေတယ်/သတိမလစ် ဘူးဆိုရင် ထိုသူ၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက် ရှိ/မရှိစ စ်ဆေးပါ။ အမြင်/အကြားအာရုံကောင်း ရမေ ကာင်း၊ စကားပြော ကြည့်ပါ။ မီးလောင်ဒဏ်ရာ ခပ်သေးသေးဆိုရင် အပူလောင်ပျော က်ဆေးတစ်ခုခုလိမ်းပေးနို င်ပါတယ်။ မီးလောင်ဒဏ် ရာကြီးပါက ကြမ်းကြမ်းတမ်းတမ်းမကိုင်မိပါစေနှင့်။ သူနာတင်ယာဉ်လာတဲ့ အထိစောင့်ပါ။
(၅) ဓာတ်လိုက်၍ ရုတ်တရက်လဲကျခြင်းကြောင့် ခေါင်းကွဲခြင်း၊ နဖူးပေါက်ခြင်း၊ ခြေ/ လက် ကျိုးပဲ့ခြင်း၊ ခန္ဒာကိုယ်မှာ သွေးထွက်သံယိုအနာတရဖြစ်ခြင်းတို့ အတွက်၊ သူနာ တင်ကား မလာခင်သွေးထွက်မလွန်အောင် တတ်ကျွမ်းနားလည်သေ လာက်ပြုစု ပါ။
(၆) များသောအားဖြင့် ဓာတ်လိုက်ခံရတဲ့အခါ သတိ လစ်မေ့ မြော၍ နှလုံးခုန် ရပ် တန့် သွားစေ လို့  သူ့ နှလုံးပြန်ခုန်လာစေပြီး၊ အသက်ရှုနိုင်အောင် CPR(ခေါ်)နှလုံး/ အဆုတ် တို့  ကိုပြန် လည် အလုပ်လုပ်စေတဲ့ ရှေးဦးသူနာပြုနည်းဖြင့်ပြုစုပါ။
(၇) အရေးပေါ်သူနာတင်ယာဉ်မလာမချင်း၊ လူနာကို တခြားနေ ရာသို့ ရွှေ့ ပြောင်းပေးဖို
့မကြိုးစာပါနဲ့ ။ အဘယ်ကြောင့်ဆိုသော် သင့်ရဲ့ မကျွမ်းကျင်မှုက ထိုလူနာကို နာကျင်မှု ဒဏ်ရာ ပိုဖြစ်စေ တတ်လို့ ပါ။
(၈) သူနာတင်ယာဉ်ကားမလာမချင်း လူနာအနားမှာစောင့်ကြည့်ပေးပြီး၊ စောင်ပါး ပါးခြုံထားပေးပါ။
(၉)ဆေးရုံ ရောက်သွား တဲ့အခါမှာ သက်ဆိုင်ရာဆရာဝန်များက၊ လိုအပ်သလို နှလုံး ECG ရိုက်ခြင်း၊ သွေးပေါင်ချိန်စစ်ဆေးခြင်း၊ CT scan ဆွဲခြင်း၊ MRI စစ်ဆေးခြ င်း စသည်ဖြင့် လိုအပ်သလိုပြုစုပေးပါလိမ့်မယ်။

< ကာကွယ်နည်း >
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုမိုထိရောက်လို့ ၊ နောင်ရေးစိတ်အေးရအောင် မိမိ အိမ်ရှိ ၀ါယာကြိုးများ နဲ့  ပလပ်ပေါက်များ ပေါက်ပြဲမှု ရှိ/မရှိစစ်ဆေးပါ။ အိမ်ရှိမိ သား စုဝင် များအားလုံး ကို မီးခလုတ် နဲ့ လျှပ်စစ်ပစ္စည်းများအား အန္တရာယ်ကင်းစွာ ကိုင်တွယ် ပုံအကြောင်း သတိပေး ပါ။ ကလေးငယ်များကို မီးခလုတ်၊ပလပ်ပေါက် များ ဆော့က စားခြင်းမပြုရန် နှင့် လျှပ်စစ်အန္တ ရာယ် လွန်စွာ ကြောက်စရာကောင်းကြောင်း သင်ပြ ပါ(ဖြစ်နိုင်ရင် ဓာတ်လိုက်စေနိုင်သည့် ပစ္စည်းများကို ကလေးတွေမတွေ့ ထိနိုင်တဲ့ နေရာမှာထားပါ)

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)