7/30/2014

အမျိုးသားများနဲ့ဆီးကျိတ်ပြဿ နာ

“ယောက်ျားမှာဆီး၊ မိန်းမမှာမီး” ဟူသောဆိုရိုးစကားအတိုင်း အမျိုးသားများကို ဒုက္ခပေးလေ့ ရှိသော ဆီးကျိတ်ကို ဆေးပညာအရ သုက်ရည်ဂလင်းဟု ဆိုကြသည်။ သက်လတ်ပိုင်းအရွယ် သို့ေ ရာက်ရှိလာသော အမျိုးသားတစ်ယောက်တွင်၊ သုက်ရည် ဂလင်းပြ ဿနာ ဖြစ်လာနိုင်ချေ အလွန် များပြားလာသည့်အတွက် ဆရာဝန်နှင့်မှန်မှန်ဆေးစစ်ဘို့ လိုနေပါပြီ်။

< ဆီးကျိတ်၏အရေးပါပုံ >
ဆီးကျိတ်သည် မျိုးပွားစေသည့်အကျိတ်ဖြစ်ပြီး၊ သစ်ကျားသီးအရွယ်ခန့် ရှိ၏။ ထိုအကျိတ်သည် ဆီးအိမ်၏ အောက်ခြေတွင် တည်ရှိကာ၊ လိင်ကျန်းမာရေးနှင့် ဖို/မ မျိုးပွားခြင်းအတွက် အရေးပါ သည့် အကျိတ်ဖြစ်သည်။ သုက်ရည်လွှတ် နေစဉ်အတွင်း ထိုဂလင်းက အဖြူရောင်သုက်ရည်ကို ထုတ်ပေးသည်။ လူတို့ သည် အသက်အရွယ်ကြီင်္းရင့် လာသည်နှင့်အမျှ ခန္ဓာ ကိုယ်အတွင်း ရှိ အခြားအင်္ဂါအဖွဲ့ အစည်းများနှင့် ဂလင်းများကလိုက်၍ ကြီးထွားလာခြင်းမရှိတတ်ကြသော်ငြား၊ သုက်ရည်ဂလင်း ကတော့ ဆက်လက်ကြီးထွားဆဲဖြစ်သည်။ ထိုဂလင်းအရွယ်အစားသည် ဝှေးေ စ့ မှထွက်ရှိသော ဟိုမုန်းဓာတ်ပမာဏ ပေါ်မူတည်ကာ၊ အသက်အရွယ်ကြီးလာသည်နှင့် အမျှ၊ ဟိုမုန်းထွက်ရှိမှုလည်း ကျဆင်းတတ်သည်။

< ဆီးကျိတ်ကင်ဆာ နှင့် အခြားရောဂါများ >
ဆီးကျိတ်တွင်ပြဿနာရှိပြီး၊ ရုတ်တရက်ကြီးထွားလာပါက ဆီးလမ်းကြောင်းကို ဖိထားသောကြောင့် ဆီးများမထိန်းနိုင်ခြင်း၊ ဆီးသွားသောအခါတွင် နာကျင်ခြင်း၊ ညှစ်၍ဆီးသွားရသည့်အတွက် သက်တောင့် သက်သာမရှိခြင်းနှင့် ဆီးထဲတွင်သွေးပါခြင်း စသည့်ဝေဒနာများကို ခံစားကြရ သည်။ အခြေအနေဆိုးရွားပါက သုက်ရည်ဂလင်းထဲတွင် ကင်ဆာအဖုအကျိတ် ဖြစ်ပေါ် လာ တတ်သည်။ ထိုအခြေ အနေမျိုးတွင် ဆေးဝါးကုသမှုကောင်းစွာမခံယူခဲ့ပါက ခန္ဓာကိုယ်၏အခြားေ နရာများထိပါ ကင်ဆာဆဲလ်များပျံ့ နှံ့ တတ်သည်။ အမျိုးသားများဆီးသွားရာတွင် ပုံမှန်အနေအ ထား မဟုတ်တော့ဘဲ၊ ထူးခြားသည့်လက္ခဏာ တစ်စုံတစ်ရာဖြစ် လာသောအခါတွင် လည်းေ ကာင်း၊ ဆီးကျိတ်ရောင်းရမ်းသော အခါတွင်လည်းကောင်း ဆရာဝန်နှင့်ပြ သင့်သည်။ အသက် ၃၀ နှင့် ၅၀ အကြားရှိ အမျိုးသားများတွင် မကြာခဏ ဆီးကျိတ်ရောင်ရမ်းခြင်း ဖြစ်ပေါ်တ တ် သည်။ ထိုသို့  ရောင်ရမ်းခြင်းသည် ဘက်တီးရီးယား ပိုးကြောင့် ရောင်ရမ်းနိုင်သလို၊ အခြားပြဿ နာကြောင့်လည်းရောင် ရမ်းနိုင်၏။ ဆီိးလမ်း ကြောင်းမှ ဘက်တီးရီးယားပိုးဝင်၍ ဆီးကျိတ်ေ ရာင်ရမ်းသောအခါများတွင် အဖျားတက်ခြင်း၊ ချမ်းစိမ့်စိမ့် ဖြစ်ခြင်း၊ ကြွက်သားများ ကိုက်ခဲနာ ကျင်ြ ခင်း၊ လိင်အင်္ဂါနာကျင်ခြင်းနှင့် ဆီးသွားရာ၌ပုံမှန်မဖြစ်ခြင်း စသည့်ရောဂါ လက္ခဏာ များ ဖြစ်ပေါ်လာတတ်သည်။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးကျိတ်ရောင်ရမ်းသော အခါတွင်လည်း၊ အလားတူဖော်ပြပါ ရောဂါဝေဒနာများအတိုင်း ခံစားကြရသည်။ သို သော့်ေ ရာဂါကူးစက်ခြင်းဇစ်မြစ်ကို အဖြေရှာရန်ခက်ခဲပါလိမ့်မည်။

< ဆီးကျိတ်စတင်ကြီးထွားရောင်ရမ်းလာခြင်း >
အသက် ၄၀ ကျော် အမျိုးသားများတွင် ဝှေးစေ့မှထွက်သော ဟိုမုန်းဓာတ် လျော့နဲ သွားသောေ ကြာင့် သုက်ရည်ဂလင်း စတင်ပြီးရောင်ရမ်းကြီးထွားလာတတ်ကြ၏။ ထိုအခြေအနေမျိုးတွင် ဆီးပြတ်တောင်းပြတ် တောင်းသွားခြင်း၊ ဆီးသွားရာ၌ အားမရခြင်းနှင့် ဆီးအိမ်ထဲတွင် ဆီး များကျန်နေသေးသည်ဟုခံစားရခြင်း စသည်တို့ ကဲ့သို့ သော ပိတ်ဆို့ သည့် လက္ခ ဏာများဖြစ် လာတတ်သည်။ ထို့ ပြင်တစ်ချို့ အမျိုးသားများတွင် ၄င်းလက္ခဏာများနှင့် ဆန့် ကျင်ဘက်ဖြစ် သော ဆီးပမာဏ ထွက်ရှိမှုများပြားလာခြင်း၊ ဆီးသွားလိုစိတ်ပြင်းပြခြင်းနှင့် ဆီးသွားနေစဉ် ဆီးအိမ်နာ ကျင်ခြင်း စသည့် လက္ခဏာတို့ လည်း ဖြစ်တတ်သည်။ ဆီးကျိတ်ကြီးထွားရောင် ရမ်းခြင်း ဝေဒနာ သည် အသက်ကိုခြိမ်းခြောက် အန္တရာယ်ပြုသည်ဟု မဆိုလိုသော်လဲဘဲ၊ အမျိုးသားများ၏ ဘ၀သ က်တမ်းကိုတော့ ထိခိုက်စေသည်မှာ ဧကန်မလွဲဖြစ်သည်။ အကြိတ်ကြီးထွားလာ သောအခါ၌
ကျောက်ကပ်တွင်ကျောက်တည်ခြင်းနှင့် ဆီးမထိန်းနိုင်ခြင်း စသည့်ပြဿနာများဖြစ်လာသည်။

အဆိုပါ အခြေအနေ မျိုးတွင် ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ကာ၊ ထိရောက်စွာဆေးဝါးကုသမှုခံ ယူသင့်ပြီး၊ ဝေဒနာရှင်မှလည်း (၁) ညနေစောင်းပိုင်းမှ စ၍ ရေကို ယခင်ပုံမှန်သောက်သုံးခြင်း ထက် ယခုအနဲငယ်လျော့သောက်ခြင်း (၂) အရက်သေစာ သောက်စားခြင်းမှရှောင်ရှား ခြင်း (၃) ကဖိန်းဓာတ်ပါသောအရည်များကိုမသောက်ခြင်း (၄) ဆီးရွှင်ဆေးကဲ့သို့ သော ဆီးဆေးများကို မသောက်သုံးခြင်း……. စသည်ဖြင့် မိမိကိုယ်ကိုဆင်ခြင်ဖို့ လိုအပ်သည်။

< ဆီးကျိတ်ကင်ဆာ >
မိသားစုရာဇ၀င်ကိုစမ်းစစ်ကြည့်ရာ၌ ဖခင်(သို့ မဟုတ်)ညီအစ်ကိုများ တွင် ဆီးကျိတ်ကင်ဆာရြှိ ကလျှ င်၊ သင်သည်လည်း အသက် ၄၀ နောက်ပိုင်းတွင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေများသည်။ ဆိုးရွားပြင်းထန်လာသောအခြေအနေတွင်၊ ၄င်းကင်ဆာ ဆဲလ်များသည်ခန္ဓာကိုယ်ထဲရှိ ကုသရန် ခက်ခဲသော နေရာများဖြစ်ကြသည့် သွေးဖြူဥများ၊ အရိုးများနှင့် အခြားကိုယ် အင်္ဂါအစိပ်အပိုင်းများ ထိ ပါ ပျံ့ နှံ့ သွားတတ်သည်။

< ကာကွယ်တားဆီးခြင်း >
အကယ်၍ သင့်မှာ အထက်ပါရောဂါလက္ခဏာများ မပြသေးသော်လဲဘဲ၊ သင်သည် အသက် ၄၀ ရောက် ချိန်မှစ၍ ဆီးကျိတ်ကျန်းမာရေးအခြေအနေကို ပုံမှန်စစ်ဆေးသင့်သည်။ အာဟာရြ ပည့်ဝစွာစားသောက်ခြင်းကလဲ ထိုရောဂါ ဝေဒနာကို တစ်ဖက်တစ်လမ်းကဟန့် တားကာ ကွယ်ေ ပးသကဲ့သို့ ၊ ပြည့်ဝဆီမြင့်မားစွာပါရှိသော အစားအစာများကို အထူး ရှောင်ကြဉ်ပါ။ ဟင်းလျာများ ကို သံလွင်ဆီ၊ မြေပဲဆီတို့ ကဲ့သို မပြည့်ဝဆီဖြင့်သာ ချက်ပြုတ်စားသောက်ပါ။ ပင်လယ်ငါးကြီးများ တွင် Omega-3 fatty acids များ ကြွယ်ဝစွာပါရှိသောကြောင့် ကင်ဆာရောဂါကို တိုက်ထုတ်ေ ပးနိုင်သည်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ် နှင့် ပဲပုပ်ပဲ တို့ တွင် ပါရှိသော Allyn Sulfar ဓာတ်က ကင်ဆာရောဂါ တိုက်ထုတ်ပေးနိုင်သော အစွမ်းသတ္တိများစွာပါရှိသည်။ ဆီးကျိတ်ြ ကီးထွားရောင်ရမ်းသောအခါတွင၊် ကန်စွန်းရွက်ကို ထောင်း၍ ရောင်ရမ်းသော နေရာတွင် အုံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေသည်။

< ဆီးကျိတ်ကင်ဆာရောဂါ ရှိ/မရှိ ကိုစစ်ဆေးခြင်း >

(၁) ဆရာဝန်သည် လူနာ၏စအိုလမ်းကြောင်းထဲမှ လက်ဖြင့်နှိုက်၍၊ ဆီးကျိတ် အရွယ်အစာြးေ ပာင်း လဲမှုတို့ ကို စစ်ဆေးခြင်းကို ဆေးပညာအရ Digital Rectal Exam(DRE) ဟုခေါ်၏။ (၂) Prostate-specific antigen (PSA) နည်းဖြင့်လဲ ထိုကင် ဆာရောဂါ ရှိ/မရှိကိုစစ်ဆေးနိုင်ပြီး၊ ထိုနည်းက သုက်ရည်ဂလင်းမှ ထုတ်ပေးသော သွေးထဲရှိပရိုတင်းပမာဏကို တိုင်းတာစစ် ဆေးေ သာ နည်းဖြစ်သည်။အကယ်၍ ပရိုတင်းပမာဏ မြင့်မားနေခြင်းသည် သုက်ရည်ဂလင်း ကင်ဆာ ရှြိေ ကာင်းကို ဖော်ပြနေခြင်းဖြစ်၏။ (၃) Ultrasound ဖြင့် စမ်းသပ်နိုင်သည်။ စအိုလမ်းကြောင်း ထဲတွင် ပြွန်တစ်ခုထဲ့၍ သုက်ရည်ဂလင်းအနားထိရောက်အောင် အသံလှိုင်းကိုဖြတ်သန်းစေကာ၊ ကွန်ပြူတာထဲတွင်ပေါ်လာသော ပုံရိပ်ကိုကြည့်၍ ကင်ဆာရောဂါ ရှိ/မရှိကိုစစ်ဆေးနိုင်၏။ (၄) အလွန်သေးငယ်သောအပ်ဖြင့် နမူနာတစ်ရှုးစကို ထုတ်ယူပြီးနောက်၊ အနုစိပ်ကြည့် မှန်ဘီလူးေ အာက် တွင် ဆဲလ်အကျိတ်စစ် ဆေးခြင်းကို Biopsy (ခေါ်) အသားမျှင်ကိုထုတ်၍ ဓာတ်ခွဲစစ်ေ ဆး ခြင်းဟုခေါ်သည်။

"Precaution is Better than Cure" ဆိုသော ဆိုးရိုးစကားရှိပါသည်။ " ရောဂါဖြစ်လာမှကု သခြင်းထက်၊ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည်သာအကောင်းဆုံး" ဖြစ်ပါသည်။ လူ့ ဘ၀သည် ရခဲလှသဖြင့် လူသားအားလုံး သက်တမ်းစေ့ နေနိုင် ရေးအတွက် မိမိနှင့်တကွ၊ မိမိ၏မိသားစု၊ ဆွေမျိုးသားချင်း၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတို့ တွင် ကျန်းမာရေး ဗဟုသုတ ရှိစေလိုပါကြောင်း စေတနာအရင်းခံဖြင့် တိုက်တွန်းလိုက်ရပါသည်။ (အကယ်ဤကျန်းမာေ ရး လမ်းညွှန်ကို ဖတ်ရှုနေသော သင် သည် အမျိုးသမီးတစ်ယောက်ဖြစ်နေပါလျှင်၊ သင်၏ ဖခင်/ခင် ပွန်း / အစ်ကို/မောင် တို့ အား ဤကျန်းမာရေး လမ်းညွှန်ဗဟုသု တကို လက်ဆင့်ကမ်းမျှေ ၀ပေး ပါရန်)

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
ဝန်ခံချက် - A Proactive Approach to Prostate Health by Dr.Apichart Kongkanan, A Board Certified Urologist