(၁) လူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း။
(၂) ပညာရှိသူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း။
(၃) ပူဇော်ထိုက်သူကို ပူဇော်ခြင်း။
(၄) သင့်တော်သောအရပ်တွင် နေထိုင်ခြင်း။
(၅) ရှေးကောင်းမှု ရှိခြင်း။
(၆) မိမိ ကိုယ် စိတ် နှစ်ပါးကိုထိန်းသိမ်းစောင့်ရှောက်ခြင်း။
(၇) အကြားအမြင် ဗဟုသုတများပြားခြင်း။
(၈) သိပ္ပ အတတ်ကို တတ်ကျွမ်းခြင်း။
(၉) ကောင်းသော ကိုယ်ကျင့်တရားရှိခြင်း။
(၁၀) ကောင်းသော စကားကို ပြောဆိုခြင်း။
(၁၁) မိဘ နှစ်ပါးကို ပြုစုလုပ်ကျွေးခြင်း။
(၁၂) သားမယား ကို ပြုစုထောက်ပံ့ခြင်း။
(၁၃) အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
(၁၄) လှူဒါန်း ပေးကမ်းခြင်း။
(၁၅) တရားကျင့်ခြင်း။
(၁၆) ဆွေမျိုးများကို ကြည့်ရှု စောင့်ရှောက်ခြင်း။
(၁၇) အပြစ်ကင်းသော ကောင်းမှုကိုသိုလ်ကို ပြုလုပ်ခြင်း။
(၁၈) မကောင်းမှုကို မကြံစည်ခြင်း။
(၁၉) မကောင်းမှုကို မပြုလုပ်၊ မပြောဆိုခြင်း။
(၂၀) သေရည် သေရက် မသောက်ခြင်း။
(၂၁) မမေ့မလျော့သော သတိတရားရှိခြင်း။
(၂၂) ရိုသေထိုက်သူများကို ရိုသေလေးစားခြင်း။
(၂၃) မာန် မာန မရှိခြင်း။
(၂၄) ရသမျှနှင့် ရောင့်ရဲ တင်းတိမ်ခြင်း။
(၂၅) သူတပါးကျေးဇူးကို သိတတ်ခြင်း။
(၂၆) အခွင့်ရတိုင်း တရားနာခြင်း။
(၂၇) အရာရာမှာ သီးခံခြင်း။
(၂၈) ဆုံးမ စကားကို နားထောင်ခြင်း။
(၂၉) ရဟန်းသံဃာ ကို ဖူးမျှော်ခြင်း။
(၃၀) အခွင့်ရတိုင်း တရားဆွေးနွေးခြင်း။
(၃၁) ခြိုးခြံစွာ ကျင့်ခြင်း။
(၃၂) မေထုန်မှုမှ ရှောင်ကျဉ်ခြင်း။
(၃၃) သစ္စာ လေးပါး ကို သိမြင်ခြင်း။
(၃၄) နိဗ္ဗာန်ကို မျက်မှောက်ပြု ခြင်း။
(၃၅) လောကဓံတရားကြောင့် စိတ်မတုန်လှုပ်ခြင်း။
(၃၆) လောကဓံတရားကြောင့် စိုးရိမ်ကြောင့်ကြမှု မရှိခြင်း။
(၃၇) ကိလေသာ ကင်းခြင်း။
(၃၈) ကြောက်စရာ ဘေးရန်မရှိခြင်း။
6/09/2014
ဗုဒ္ဓ၏ (၃၈)ဖြာ မင်္ဂလာတရားတော် လမ်းညွှန်ချက်များ
6/09/2014
Dim