5/08/2014

"စကားလုံးရဲ့အင်အား.. စကားတစ်ခွန်းရဲ့ အင်အား"

ဘယ်ပဲဖြစ်ဖြစ် ဘယ်တော့မှ မသိမ်ငယ်နဲ့ အားမငယ်နဲ့ အားမလျော့နဲ့
အကောင်းဖက်ကို အမြဲတွေးမြင်ပါ
တခြားလူကတောင် သူတို့ရဲ့စိတ်ကူးအိပ်မက်အတွက် ကြိုးစားရုန်းကန်နေကြသေးတာပဲ
သိမ်ငယ် အားငယ်တယ် အားလျော့တယ်ဆိုတာ အတွင်းစိတ်ရဲ့ပျင်းရိခြင်းတစ်မျိုးပါ

နေ့တိုင်း လမ်းလျှောက်တဲ့အခါ ကိုယ့်ခြေထောက်အောက်က မြက်ပင်
ကိုယ့်နံဘေးက သစ်ရွက် ပန်းပွင့်တွေကို သတိထားကြည့်ပါ
သူတို့ဟာ သေးငယ်နိမ့်ကျတဲ့ဘဝမှာတောင် လှလှပပရှင်သန်ဖူးပွင့်နေကြသေးတာပဲ
ငါတို့က ဘာဖြစ်လို့ ကိုယ့်ဘဝကို လှလှပပ ပျော်ပျော်ရွှင်ရွှင် မရှင်သန်နိုင်ကြရမလဲ....

နေကြာပန်းလေးတွေဆီက သင်ယူပါ
သူတို့ဟာ လင်းလက်တဲ့ခွန်အား၊ အပြုဆောင်စွမ်းအင်တွေကိုပဲ စုပ်ယူနေပါတယ်။


ကျောထောက်နောက်ခံကောင်းတဲ့သူက ... မိဘတွေ လမ်းခင်းပေးထားခဲ့ပြီ

ရုပ်ရည်ချောမောလှပသူက ...နှစ်သက်သူတွေ ဝိုင်းဝိုင်းလည်နေခဲ့ပြီ

ကံကောင်းသူက ... အကူအညီပေးမယ့်သူ ပေါ်လာခဲ့ပြီ

ဒါပေမယ့် ကံမကောင်းသူက ငါပဲလာဖြစ်နေတယ်
ဘယ်သူ့မှ ငါ့ကိုမကူဘူး ...ဒါကြောင့် ကိုယ့်အားကိုယ်ကိုးတတ်ခဲ့ပြီ . . .



လူ့ဘဝက တစ်ခါတလေ လမ်းမှားတတ်တယ် ... တစ်ခါတလေ လဲကျတတ်တယ်
လူတိုင်း အမှားမကင်းပါဘူး... လမ်းမှားတာ၊ လဲကျတာ ကိစ္စမရှိပါဘူး...
နောက်ထပ်တစ်ဖန်ထရပ်ဖို့ မမေ့ဖို့ပဲလိုတယ်
ဒါတွေဟာ ရှေ့ဆက်လျှောက်မယ့်လမ်းအတွက် အာဟာရမြေသြဇာတွေဖြစ်တယ်
ထရပ်တဲ့အကြိမ်အရေအတွက်က 

လဲကျတဲ့အကြိမ်အရေအတွက်ထက် ၁ကြိမ်ပိုရင် သင်အောင်မြင်ပါပြီ....

 ဘာအကြောင်းကြောင်းကြောင့် .. စိတ်ဓာတ်မကျနဲ့... စိတ်မညစ်နဲ့.. အားမငယ်ပါနဲ့...
ဘဝဆိုတာ အီးစီဂျီရိုက်ထားတဲ့ပုံရိပ်လိုပါပဲ...
မျဉ်းဖြောင့်တစ်တန်းထဲပဲ ဖြစ်နေရင် (အရာအားလုံး ဖြောင့်ဖြူးနေရင်)
မင်း သေပြီလို့ ဆိုလိုတာဖြစ်တယ် . . .




အလုပ်ကိုပြီးမြောက်စေတဲ့ အဓိကသော့ချက်က ခွန်အား စွမ်းရည်တွေမဟုတ်ဘူး
အလုပ်ကိုပြီးမြောက်စေတဲ့ အဓိကသော့ချက်က စိတ်နေသဘောထားဖြစ်တယ်

အပြုဆောင်တဲ့၊ ငါလုပ်နိုင်တယ်၊ ဖြစ်အောင်ငါလုပ်လို့ရတယ်ဆိုတဲ့ စိတ်နေစိတ်ထားမရှိရင်
ခွန်အားဘယ်လောက်ရှိရှိ၊ စွမ်းရည်ဘယ်လောက်ထက်ထက် အလုပ်တစ်ခုပြီးမြောက်မှာမဟုတ်ပါဘူး....




လူ့ဘဝမှာ လျှောက်ရမယ့်ခရီးလမ်းက ရှည်လျားလွန်းတယ်
အဲဒီခရီးလမ်းမှာ တစ်ခါခါ ငါတို့ လမ်းမှားကြတယ်၊ ငါတို့ မောပန်းကြတယ်၊
ငါတို့ ပြေးလွှားကြတယ်၊ တစ်ခါတလေမှာတော့ ငါတို့ ရပ်နားကြတယ်
ဒါတွေက ဘာမှမဟုတ်သေးပါဘူး...

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်...
"လမ်းဆိုတာ နဂိုကတည်းကရှိနေတာ မဟုတ်ပါဘူး.. လမ်းဆိုတာ လူလျှောက်လို့ဖြစ်လာရတာပါ။
နှေးနှေးပဲလျှောက်လျှောက်၊ မြန်မြန်ပဲလျှောက်လျှောက်၊ တယိမ်းတယိုင်ပဲလျှောက်လျှောက်၊ ရှေ့ကို ကြိုးစားပြီးလျှောက်ရင် ထူးခြားလှပတဲ့ရှုခင်းတော့ တွေ့ရမှာပါပဲ"

လူ့ဘဝမှာ ဘာအရာပဲဖြစ်ဖြစ် အသစ်တစ်ဖန်စဖို့ မကြောက်ပါနဲ့
သေးငယ်နိမ့်ကျတဲ့ စမှတ်ဟာလည်း အမြင့်ဆုံးထိအရောက်သွားနိုင်ပါတယ်
လမ်းခရီးဝေးမှာ မကြောက်ပါဘူး.. ရည်မှန်းချက် တိုတောင်းမှာပဲ စိုးတာ...


99 Sanay