သူတစ်ပါးရဲ့ နေရာကနေ ၀င်မကြည့်ရသေးခင် သူတစ်ပါးရဲ့ ဒုက္ခကို မလှောင်ရီပါနဲ့
သူတစ်ပါးရဲ့ နေရာကနေ မစာနာရသေးခင် သူတစ်ပါးရဲ့ အပြုအမူကို မဝေဖန်ပါနဲ့
သူတစ်ပါးရဲ့ နေရာကနေ ၀င်မခံစားရသေးခင် သူတစ်ပါးရဲ့ ဒါဏ်ရာကို မရယ်လိုက်ပါနဲ့
အကြောင်းအရာတစ်ခုကို တိတိကျကျမသိရသေးခင်
ဘယ်တော့မှ ကောက်ချက်ချ မစောမိပါစေနဲ့
တခါတလေ .. ကိုယ့်အတွက် ဘာမှ မဟုတ်ဘူးဆိုတဲ့အရာတွေက
သူတစ်ပါးအတွက်တော့ ဘ၀နဲ့အမျှ ခံစားနေရတာတွေဖြစ်တတ်တယ် ။
သက်တန့်ချို
********************
လူကြီးတွေနဲ့ စကားပြောဆိုတဲ့အခါ သူရဲ့ကြီးရင့်တဲ့အတွေ့အကြုံကို ရိုသေလေးစားဖို့ မမေ့ပါနဲ့
ယောက်ျားတွေနဲ့စကားပြောဆိုတဲ့အခါ သူ့မျက်နှာသာကိုထိန်းသိမ်းပေးဖို့ မမေ့ပါနဲ့
မိန်းမတွေနဲ့စကားပြောဆိုတဲ့အခါ သူ့စိတ်ခံစားချက်ကိုဂရုစိုက်ပေးဖို့ မမေ့ပါနဲ့
ကိုယ့်အထက်လူကြီးနဲ့ စကားပြောဆိုတဲ့အခါ သူ့ရာထူးဂုဏ်ကိုလေးစားဖို့ မမေ့ပါနဲ့
လူငယ်လူရွယ်တွေနဲ့ စကားပြောဆိုတဲ့အခါ သူတို့ရဲ့ပွင့်လင်းမှုကို မမေ့ပါနဲ့
ကလေးငယ်တွေနဲ့ စကားပြောဆိုတဲ့အခါ သူတို့ရဲ့အပြစ်ကင်းမှုကို မမေ့ပါနဲ့
ပြောတတ်ဆိုတတ်တာဟာ အသိပညာတစ်မျိုးဆိုရင် နားထောင်တတ်ခြင်းဟာလည်း အနုပညာတစ်ရပ်ဖြစ်ပါတယ်....
5/08/2014
ကောက်ချက်ချ မစောပါနဲ့
5/08/2014
Dim