ဆောင်းရာသီကဲ့သို့ အေးမြတဲ့ရာသီရောက်လာတဲ့အခါ
အပူကန်၍ လည်ချောင်းနာတဲ့ဝေဒနာဟာ လည်ချောင်းထဲကို မီးစနဲ့ ထိုးခံရသလို
ပူစပ်ပူလောင်ခံစားရပြီး၊ အာသီးရောင်သကဲ့ သို့ တံတွေးမြိုချတဲ့အခါ တိုင်းနာ တဲ့အပြင်၊ လည်ချောင်းထဲက ယား၍ချောင်းဆိုးတတ်ပြန်တြာေ
ဆေးကောင်းတစ်ခွက်ဖြစ် လို့ ပါ။
သဘာဝပျားရည်စစ်စစ်၊သံပုရာသီး၊ ဂျင်း စတဲ့ ပစ္စည်း ၃-မယ်ရှိရင် ဆေးဖော်စပ် ဖို့  ရပါပြီ။
(၁၀၀% သဘာဝပျားရည်စစ်စစ် ကို City Mart ဆိုင်များနဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။ သံပုရာသီး ၁-လုံး ကို အစေ့ဖယ် အရည်မညှစ် ဘဲ ခပ်ပါးပါး အချပ်လေးတွေ လှီးပေးရပါမယ်။ ဂျင်း လက် ၂-ဆစ်ခန့် ကို အ ခွံနွှာပြီးနောက် ခပ်ပါးပါး အချောင်းမျှင်မျှင်လေးတွေရ အောင်လှီးဖြတ်ပါ) စောစော က လှီးဖြတ်ထားတဲ့ သံပုရာသီးအလွှာချပ်လေးတွေနဲ့  ဂျင်းအချောင်းလေးတွေ ကို ခြောက်သွေ့  သန့် ရှင်းတဲ့ ဖန်ပုလင်း လွတ် ၁-လုံး ထဲမှာထဲ့ပြီး၊ ၄င်း တို့ မြုပ်ရုံ ပျားရည်စစ်စစ်ကို အပေါ်ကလောင်းချပေးပါ။
ပြီးရင် ဖန်ပုလင်းလေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအနှော ၃-မျိုး ဂျယ်လီပုံစံပြောင်းသွားတဲ့ အထိ ရေခဲသေတ္တာ ထဲမှာ သိမ်းထားရပါမယ်။ ဂျယ်လီဖြစ်လာ တဲ့အခါ ၄င်းကိုဇွန်းနဲ့ ခပ်ကာ မတ်ခွက် တစ်ခွက်ထဲပြောင်းထဲ့ပြီး ရေနွေးဆူဆူလောင်းချ၍ ခပ်နွေးနွေးအနေ အထားမှာ စားလို့ ရ ပါပြီ။
ပျားရည်နဲ့ ဓာတ်ပြုထားတာကြောင့် သံပုရာခွံကိုဝါးစား လို့ ရပါတယ်။ အဲဒီအချိုးအစားအတိုင်း တစ်နေ့ တစ်ကြိမ်ကျ သောက်ပေးခြင်းဖြင့် ၃-ရက်မျှကြာ တဲ့အခါ အပူကန်လည်ချောင်းနာများ ပျောက်ကင်းသွားပါ လိမ့်မယ်။
(ပုလင်းဖုံး လုံလုံပိတ်ပြီး ရေခဲသေတ္တာထဲ မှာ ၂-လ ၃- လ ကြာတဲ့အထိ သိမ်းထား လည်း ဆေးဓာတ်မပြယ်နိုင်ပါဘူး)
(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား…..BeautyTips4Her.
-
*promise.pauk*
*(ရိုးသားမှုသည်တခါတရံ၌ရှုံးန
့သော်တစ်သက်လုံးကားလိပ်ပြာလ