3/10/2014

လောက၌ လူ (၄)မျိုးရှိသည်။

၁ မိမိအမှားကို အမှားမှန်းမသိသူ။
၂ မိမိအမှားကို သိသော်လည်း ဝန်မခံသူ။
၃ မိမိအမှားကို သိသိကြီးနှင့် အမှန်ကို လက်မခံသူ။
၎ မိမိအမှားကို ဝန်ခံ၍ အမှန်ကို လက်ခံသူ။

သင်သည် မည်သို့ သောသူနည်း?

နံပါတ် ၄ ကိုသာ ရွေးကြမည်ဖြစ်သော်လည်း စင်စစ်
အမှန်ကို လက်ခံသည့်တိုင်အောင် လူအများစုသည် မိမိမှားကြောင်း ဝန်ခံရမည်ကို ရှက်ရွံ့ကြသည်။

မှန်သောစကားကို ရဲဝံ့စွာပြောနိုင်ခြင်းထက် မိမိအမှားကို မရှက်မကြောက် ဝန်ခံရဲသူသာလျှင် လူပီသသူဖြစ်သည်။

Haroon




လူတစ်ကာ လိုချင်တဲ့ မိန်းကလေးဖြစ်ဖို့ ထက်
လူတစ်ကာ တန်ဖိုးထားတဲ့ မိန်းကလေးဖြစ်ဖို့ လိုတယ်။

ပေါ်ပြူလာဖြစ်ဖို့ ထက် နာမည်ဆိုးမကျန်ခဲ့ဖို့ အရေးကြီးတယ်။

လူကြိုက်များလို့  သာယာနေတာထက် တစ်ဘဝလုံးစာ
ရည်စူးပီးလက်တွဲချင်တဲ့ အဖော်မွန်ကောင်းရှိသင့်တယ်။

ခေတ်ပညာတွေ အများကြီးတတ်ဖို့ ထက် ကိုယ်ကိုကိုယ်
ကာကွယ်နိုင်တဲ့ ဖြတ်ထိုးဥာဏ်ရှိဖို့ လိုအပ်တယ်။
 Heart to Heart (3)