အခုဆိုရင် နေရဲ့အပူရှိန်က မြင့်သထက်
မြင့်လာသလိုခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က ပြင်းထန်လာတာကြောင့်
သတိပေးချက်တွေကို ကြားသိနေရပါတယ်။ ခရမ်းလွန်ရောင်ခြည် အလင်းတန်းတွေကို
သာမန်မျက်စိနဲ့မမြင်ရပါဘူး။ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် ဖြစ်တဲ့ ရေတိုအန္တရာယ်က
မသိသာပေမယ့်ကြာရှည်ထိတွေ့မှုကြောင့်ဆိုးရွားတဲ့ကျန်းမာရေးအန္တရာယ်တွေကို ဖြစ်စေနိုင်ပါတယ်။
:::::နေလောင်ခြင်း
ခရမ်းလွန်ရောင်ခြည်က အလွန်ပြင်းထန်တဲ့ လှိုင်းဖြစ်ပြီး နံနက် ၁၁ နာရီနဲ့ ၂
နာရီကြားမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။ နေပူရှိန် ပြင်းထန်လွန်းတဲ့
ဒီအချိန်ကြားမှာ အပြင်ထွက်လို့ ခရမ်းလွန်ရောင်ခြည် အများကြီးကို
စုပ်ယူမိတဲ့အခါအရေပြားကအားနည်းလာပြီး သွေးတွေက နေလောင်တဲ့နေရာကို
ရောက်ရှိကာ
နေလောင်တဲ့အရေပြားနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အသားညိုတဲ့
သူတွေက မယ်လနင်ဓာတ် ပိုများများရှိတဲ့အတွက် ခရမ်းလွန်ရောင်ခြည်ကို
အသင့်အတင့် ကာကွယ်နိုင်ပါတယ်။
::::အရေပြားကင်ဆာ
ခရမ်းလွန်ရောင်ခြည်နဲ့ ရေတိုထိတွေ့မှုကြောင့် ပြင်းထန်ဆိုးရွားတဲ့
နေလောင်ဒဏ်ရာကို ဖြစ်စေနိုင်သလို
ရေရှည်ထိတွေ့မှုကြောင့် အရေပြားကင်ဆာကို
ဖြစ်စေနိုင်ပါတယ်။ အရေပြားကင်ဆာ ဖောင်ဒေးရှင်းရဲ့ အဆိုအရ
ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားရဲ့ ဒီအန်အေကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ်
ခုခံစွမ်းအားနဲ့ ပြန်လည်ပြုပြင်တဲ့ ဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ သိရပါတယ်။
::::မျက်စိထိခိုက်မှု
ခရမ်းလွန် ရောင်ခြည်ဒဏ်ကို အလွန်အမင်း ခံရတာကြောင့် အရေပြား
ထိခိုက်ပျက်စီးမှု များသလို မျက်စိကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ခရမ်းလွန်
ရောင်ခြည်ဒဏ်ကြောင့် အတွင်းတိမ် ဖြစ်နိုင်ခြေကို များစေပါတယ်။
::::အယူအဆမှား
နေပူဆာလှုံတာက အရေပြားမှာ မယ်လနင်ပမာဏကို တိုးစေတဲ့အတွက်
ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လွဲမှားစွာ
ယူဆနေကြပါတယ်။ တကယ်တော့ သဘာဝအတိုင်း ရှိနေတဲ့ မယ်လနင်ကသာ
ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်နိုင်တာပါ။
By ဇွန်(Good Health)
3/10/2014
~ခရမ်းလွန် ရောင်ခြည်~
3/10/2014
Dim