တစ်ခါက လူအယောက် ၅၀လောက် တက်ရောက်တဲ့ ဆွေးနွေးပွဲ တစ်ခုမှာ
ဦးဆောင်သူက လူအားလုံးကို စုဝေးစေပြီး တစ်ယောက်ကို ဘောလုံး တစ်လုံး
ပေးပါတယ်။
ပြီးတော့ ဘောလုံးပေါ်မှာ ကိုယ့်နာမည် ကိုယ်ရေးခိုင်းပြီး ဘောလုံး
အားလုံးကို အခန်းတစ်ခုထဲ စုထည့် ထားလိုက် ပါတယ်။
နောက်လူအယောက် ၅၀လုံးကို အခန်းထဲ ၀င်ပြီး မိမိနာမည် ရေးထားတဲ့ ဘောလုံးကို
၅မိနစ် အတွင်း ပြန်ရှာခိုင်း ပါတယ်။
လူတိုင်းက အချင်းချင်း တိုးဝှေ့၊ လုယက် တိုက်ခိုက်ပြီး ကိုယ့်ဘောလုံးကိုယ် ရှာဖွေရင်းနဲ့ ရုန်းရင်း ဆန်ခတ်တွေ ဖြစ်လို့ပေါ့။
အချိန် ၅မိနစ် ပြည့်သွား ပေမယ့်လည်း ဘယ်သူမှ ကိုယ့်ဘောလုံးကိုယ် ရှာမတွေ့ ပါဘူး။
အဲ့အခါမှာ ဦးဆောင်သူက လူတွေကို တွေ့ရာ ဘောလုံး တစ်လုံးကို ယူခိုင်းလိုက် ပါတယ်။ ကိုယ်ယူထားတဲ့ ဘောလုံးပေါ်က နာမည်အတိုင်း လူကို ရှာပေးခိုင်း ပါတယ်။
မိနစ်ပိုင်း အတွင်းမှာပဲ လူတိုင်းက ကိုယ့်ဘောလုံးကိုယ် ပြန်ရသွား ကြပါတယ်။
အဲ့အခါမှာ ဦးဆောင်သူက လူ့ဘ၀က ဒီလိုပါပဲ။
လူတိုင်းက ကိုယ်ရဲ့ ပျော်ရွှင်မှု ဆိုတဲ့ ဘောလုံးက ဘယ်မှာမှန်း မသိဘဲ မက်မက်မောမော ရှာဖွေနေ ကြပါတယ်။
တကယ်တော့ ကိုယ့်ရဲ့ ပျော်ရွှင်မှု အစစ်အမှန် ဆိုတာ သူတစ်ပါးရဲ့ ပျော်ရွှင်မှု အပေါ် မှီခိုနေ ရတာပါ။ တခြားလူ တွေကို ပျော်ရွှင်မှု ပေးလိုက်ပါ။ ပျော်အောင် လုပ်ပေး လိုက်ပါ။ သင့်ဆီကိုလည်း ပျော်ရွှင်မှုက ရောက်လာ ပါလိမ့်မယ်။
အသက် ရှင်သန်နေ ရခြင်းရဲ့ ရည်ရွယ်ချက်က ဒါပဲ မဟုတ်လား။
[source: did you know, image from virgula]
Myanmar Youth Media Club