မေမေရဲ့ ကြမ်းတမ်းတဲ့ လက်ဖဝါးနှစ်ခုကြားမှာ ငါတို့ရဲ့ ပျော်ရွှင်တဲ့ကလေးဘဝရှိတယ်။
မေမေရဲ့ ပါးပြင် အရစ်ကြောင်းတွေကြားမှာ ငါတို့ရဲ့ ကြီးပြင်းရှင်သန်တဲ့ ခြေရာတွေရှိတယ်။
မေမေရဲ့ ငွေရောင်ဆံနွယ်တွေကြားမှာ ငါတို့အတွက် စိုးရိမ်ပူပန်ခြင်းတွေရှိတယ်။
မေမေရဲ့ပြုံးရွှင်တဲ့ အပြုံးချိုချိုကြားမှာ ငါတို့အတွက် ခွင့်လွှတ်နားလည်ခြင်းတွေရှိတယ်။
မေမေက မိန်းမချောတစ်ဦးပါ
ဇရာရေ... မင်း သူ့ကို မထိခိုက်နဲ့နော်
*** ပြာသိုလပြည့်နေ့ အမေများနေ့အတွက် FBမှာ စာရေးပါဦးတဲ့... စာအသစ်မရေးဖြစ်ပေမယ့်၊ လပြည့်ကျော်သွားပေမယ့် အမေ့အတွက်ဆို နောက်ကျတယ် စောတယ်ဆိုတာမှ မရှိတာနော်... သူငယ်ချင်းတစ်ယောက်က ဒီလိုရေးတယ်.. "အမေကို ဘေးမှာ ငုပ်တုတ်ကြီး လျစ်လျူရှုထားပြီး Facebook မှာ အမေ့နေ့ဆုတောင်းတွေများ ခြွေနေကြသလား. . . အမေအပေါင်း Facebook သုံးနိုင်ကြပါစေဗျာ . . "တဲ့။ အမေ့ကို ရဲရဲဂရုစိုက်၊ ရဲရဲချစ်ပြီး ခဏခဏအိမ်ပြန်နိုင်ကြပါစေလို့..း)
.