သင့်ခန္ဓာကိုယ်က လုံလောက်တဲ့
ကြံ့ခိုင်သန်စွမ်း ကျန်းမာမှုအဆင့် ရှိရဲ့လား ဆိုတာကို သိနိုင်ဖို့
အောက်ပါမေးခွန်းတွေကို ဖြေကြည့်လိုက်ပါ။ မေးခွန်းအများစုမှာ “Yes” ဆိုတဲ့
အဖြေထွက်တယ်ဆိုရင် သင်က သန်စွမ်းကျန်းမာမှု လုံလောက်တဲ့အဆင့် ရှိနေပြီလို့
ဆိုနိုင်ပါတယ်။
အိပ်ရာကနိုးပြီး အချိန် ၁၄ နာရီကြာတဲ့အထိ စွမ်းအင်အပြည့် ရှိနေပါသလား
လေ့ကျင့်ခန်းလုပ်တာက စွမ်းအားကောင်းစေတဲ့ အရာအဖြစ် လူသိများကြပါတယ်။
ညနေခင်းလောက်မှာ သင့်အနေနဲ့ နုံးချည့်နေပြီဆိုရင် အထိုင်များတဲ့
ဘဝနေထိုင်မှုပုံစံကို အပြစ်တင်ရမှာ ဖြစ်ပါတယ်။
လေ့လာမှုတစ်ရပ်အရ လူ ၆၈၀၀
ဦးကို လေ့လာခဲ့ရာ အထိုင်များတဲ့သူတွေက ပုံမှန်လေ့ကျင့်ခန်း
လုပ်ဆောင်တဲ့အခါ လေ့ကျင့်ခန်းမလုပ်တဲ့ အထိုင်များသူတွေထက်
ညောင်းညာနုံးချည့်မှု နည်းတယ်လို့ သိရပါတယ်။
၁. ဈေးဝယ်တဲ့အခါလက်တစ်ဖက်စီမှာ နွားနို့ပုလင်းအကြီး၊ ရေပုလင်းအကြီးတွေကို
ညောင်းညာမှု မရှိဘဲ သယ်နိုင်သလား?
တစ်ဂါလန်(ရှစ်ပေါင်ခန့်) လေးတဲ့အရာတွေကို သယ်နိုင်ဖို့ဆိုရင် သင့်လက်မောင်း
အရွယ်အစားနဲ့ မဆိုင်ပါဘူး။ သင့်ပခုံး၊ နောက်ကျော၊ ရင်ဘတ်၊ ဒူးနဲ့
တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ သန်စွမ်းမှုနဲ့ သက်ဆိုင်ပါတယ်။
သန်စွမ်းမှုမရှိရင် ထိခိုက်ဒဏ်ရာ ရရှိနိုင်ခြေ ပိုများပြီး
အရိုးအဆစ်ရောင်နာ၊ အရိုးပါးရောဂါ၊ စိတ်ဓာတ်ကျတာနဲ့ သက်ကြီး
အတိတ်မေ့တာတွေကို ဖြစ်စေနိုင်ပါတယ်။
၂. နှလုံးခုန်မြန်တာမျိုး မဖြစ်ဘဲ အကြိမ် ၁၀ ကြိမ်လောက် ခုန်နိုင်ပါသလား?
အကြိမ်၁၀ကြိမ်လောက်ခုန်တာကြောင့် နှလုံးခုန်မြန်တာမျိုးမဖြစ်ဘူးဆိုရင်
နှလုံးခုန်နှုန်းကို ကောင်းကောင်း ထိန်းနိုင်တဲ့ လက္ခဏာတစ်ရပ်ပါပဲ။
အားကစားခန်းမကို သွားပြီး ဝမ်းဗိုက်တွေ သန်စွမ်းအောင် လေ့ကျင့်ခန်း
လုပ်ပေးရင် သက်လုံကောင်းစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်နေအောင်
ထိန်းထားပေးနိုင်ပါတယ်။
၃.အကြောဆန့်လိုစိတ် မပေါ်ဘဲ ထိုင်ရင်း ခြေသည်းတွေကို ညှပ်နိုင်ပါသလား?
ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ရင်း ခြေသည်းတွေကို ပြီးဆုံးတဲ့အထိ အေးအေးဆေးဆေး
ညှပ်နိုင်တယ်ဆိုရင် သင့်ခန္ဓာကိုယ်က ပျော့ပျောင်းသန်စွမ်းနေပါတယ်။
လေ့လာမှုတစ်ရပ်အရ သင့်ခြေချောင်းတွေကို ဆွဲဆန့်နိုင်စွမ်း မရှိတာက
သွေးကြောတင်းမာမှုနဲ့ ဆက်စပ်မှုရှိသလို နှလုံးကျန်းမာရေး အခြေအနေကိုပါ
ဆန်းစစ်ဖို့ လိုတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
၎.အကြောဆွဲဆန့်ရတဲ့
ယောဂကျင့်စဉ်ကို လုပ်ဆောင်ပေးဖို့ လိုအပ်နေပါပြီ။
ခြေထောက်ကို ကန်ရင်း သင့်တင်ပါးနေရာအထိ မြှင့်နိုင်သလား?
ခန္ဓာကိုယ် ပျော့ပျောင်းမှုနဲ့ သန်စွမ်းမှု ရှိ၊ မရှိ သိနိုင်တဲ့ နောက်ထပ်
ဥပမာတစ်ခုပါ။
၅. လေ့ကျင့်ခန်းလုပ်ဖို့ ခက်ခဲနေရင် ယောဂကျင့်တာ၊ တင်ပါးကို
အကြောဆန့်ထုတ်တဲ့ လှုပ်ရှားမှုလုပ်ကာ သင့်စွမ်းဆောင်နိုင်စွမ်းကို
မြှင့်တင်နိုင်ပါပြီ။
ခြေထောက်ကို မရွှေ့ဘဲ ခန္ဓာကိုယ်ကို လိမ်ပြီး နောက်ကို ကြည့်နိုင်သလား?
ဒီနည်းဟာ ဝမ်းဗိုက်သန်စွမ်းမှုနဲ့ ပျော့ပျောင်းမှု ရှိ၊ မရှိ
သိနိုင်တဲ့နည်းပါ။
၆. လေယာဉ် ဒါမှမဟုတ် ခရီးသွားယာဉ်ရဲ့ ခရီးဆောင်အိတ် ထားတဲ့နေရာမှာ
ခန္ဓာကိုယ်မှာ ဒဏ်မဖြစ်စေဘဲ သင့်အိတ်ကို ထည့်နိုင်သလား?
ဒါက နောက်ကျော၊ ဝမ်းဗိုက်နဲ့ ခြေထောက်တွေ သန်စွမ်းမှု ရှိ၊ မရှိ သိနိုင်တဲ့
နည်းပါ။
ကျွန်မတို့ အများစုဟာ ယောဂ၊ ထိုင်ထ၊ သန်စွမ်းအောင် လုပ်ရတဲ့
လေ့ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေထဲမှာ ကျောရိုးမကြီး အားကောင်းစေတဲ့
ကျင့်စဉ်တွေကို လုပ်ဖို့ မေ့နေလေ့ ရှိပါတယ်။
တကယ်လို့ သင်က ဒီနည်းကို
မလုပ်နိုင်ရင် ကျောရိုးအားကောင်းစေမယ့် ကျင့်စဉ်ကို လုပ်ဖို့ လိုနေပါပြီ။
၇.သင်ဟာ ၁၀ မိနစ်ကျော်တဲ့အထိ မြန်မြန် ကခုန်နိုင်သလား?
ဒီလိုလုပ်နိုင်တယ်ဆိုရင် သင့်အနေနဲ့ သက်လုံကောင်းနေတယ်လို့ ဆိုနိုင်ပါတယ်။
တစ်နေ့မှာ ၁၀-၁၅ မိနစ်ခန့် ပြင်းပြင်းထန်ထန် ကခုန်တာလို
လေ့ကျင့်ခန်းလုပ်ပေးတာက အဆီတွေ လောင်ကျွမ်းစေပြီး ကြွက်သားထုထည်ကို
အားကောင်းအောင် တည်ဆောက်နိုင်ပါတယ်။
၈.ပင်ပန်းနွမ်းနယ်မှု မရှိဘဲ မိနစ် ၃၀ ကြာ လမ်းလျှောက်နိုင်သလား?
တစ်နေ့မှာ အနည်းဆုံး မိနစ် ၃၀ ကြာ လမ်းလျှောက်ပေးတာက
ကျန်းမာရေးကောင်းကျိုးများစွာနဲ့ ဆက်စပ်မှု ရှိနေပါတယ်။
ထိပ်တန်းအကျိုးကျေးဇူးက ကိုယ်အလေးချိန် လျော့ကျစေပြီး သက်လုံကောင်းစေကာ
စိတ်ခံစားမှုနဲ့ စွမ်းအင်အဆင့်ကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။
သွေးတွင်းသကြားဓာတ်နဲ့ သွေးဖိအားကို လျော့ကျစေတဲ့ အစွမ်းလည်း ရှိပါတယ်။
တကယ်လို့ သင်က အထက်က စမ်းသပ်နည်းတွေကို လုပ်ဆောင်နိုင်ရင် သင့်ခန္ဓာကိုယ်က
ကောင်းကောင်း ကြံ့ခိုင်မှု ရှိနေပါတယ်။ တကယ်လို့ မလုပ်နိုင်ရင်
လမ်းလျှောက်တာ၊ ယောဂကျင့်တာနဲ့ အလေးမတာ စတဲ့ လေ့ကျင့်ခန်းတွေကို
လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Good Health
1/30/2014
သင်ဟာ သန်စွမ်းကျန်းမာမှု ရှိရဲ့လား
1/30/2014
Dim




