လုံးရောဂါထခြင်း အန္တရာယ်ကို ၉ဝရာခိုင်နှုန်း နီးပါး လျှော့ချ နိုင်မည့်
နည်းလမ်းများ
လုပ်ငန်းခွင် ဖိစီးမှုရှိကာ အလုပ်မြဲမှ မြဲပါ့မလားဆိုပြီး စိတ်ပူပင်
သောကများ နေရတာဟာ အမျိုးသမီး တစ်ယောက်ရဲ့ နှလုံးကျန်းမာ ရေးကို ထိခိုက်စေ
နိုင်ကြောင်း ချီကာဂိုမှာ ကျင်းပခဲ့တဲ့ အမေရိကန် နှလုံး ကျန်းမာရေး
အသင်းအဖွဲ့ အစည်းအဝေးက ဆိုပါတယ်။
လုပ်ငန်းခွင်နဲ့ ဆက်စပ်ပြီး ခံစားနေရတဲ့
နာတာရှည် စိတ်ဖိစီးမှု များနေတဲ့ အမျိုးသမီးတွေကို ၁ဝနှစ်ကြာ လေ့လာမှုအရ
သူတို့ဟာ တခြား အမျိုးသမီးတွေထက် နှလုံးရောဂါထနိုင်ခြေ ( Heart Attack)
ဖြစ်နှုန်း ၈၈ ရာခိုင်နှုန်း ပိုများကြောင်း သိရ ပါတယ်။
ဒါ့အပြင်
ပင်ပန်းလွန်းတဲ့ အလုပ် လုပ်ရသူ အမျိုးသမီးတွေ ဟာလည်း တခြား
အမျိုးသမီးတွေထက် နှလုံးသွေးကြော ရောဂါဖြစ်နိုင်ခြေ ၄ဝ ရာခိုင်နှုန်း
ပိုများ ပါတယ်။
ဒါကြောင့် အလုပ် လုပ်နေရသူ အမျိုးသမီး တွေအနေနဲ့
နှလုံးရောဂါထခြင်း မဖြစ်အောင် ၉ဝ ရာခိုင်နှုန်း နီးပါး ကာကွယ် ပေးနိုင်မယ့်
နည်းလမ်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
စိတ်ဖိစီးမှုကို အဆင်ပြေသောနည်း သုံးကာ တိုက်ထုတ်ပါ
လူတစ်ဦးနဲ့ တစ်ဦးမှာ စိတ်ဖိစီးမှု ဖယ်ရှား ပေးနိုင်တဲ့ နည်းလမ်း ကတော့
တူညီမှာ မဟုတ်ပါဘူး။
အလုပ်ဖြုတ် ခံရမှာကို စိုးရိမ် နေတာဟာ အဝလွန်ခြင်း၊
သွေးတိုးခြင်းနဲ့ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ပမာဏ များခြင်းတွေနဲ့
ဆက်စပ်နေပြီး နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေကို တိုးမြင့် စေပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှု များမနေဘဲ ပူပင် သောကကို တိုက်ထုတ် ဖြေရှင်း
လိုက်ပါ။
သင့်ဦးနှောက်ကို ပျော်ရွှင်အောင် အားဖြည့်ပါ
အလုပ် နဲ့ချည်း ဘဝရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို မကုန်ဆုံးစေဘဲ
ဦးနှောက်နဲ့ စိတ်ကို အနားပေးပါ။
မိသားစုကို အချိန်ပေးပြီး ညစာ အတူစားတာ၊
ကလေးတွေကို အိမ်စာ ကူလုပ် ပေးတာ၊ ကစားကွင်း လိုက်ပို့တာ တွေကို လုပ်ဆောင်
ပေးပါ။
ပီကေဝါးပါ စိတ်တည်ငြိမ်အောင် ထိန်းဖို့ အရေးပေါ် လိုအပ်လာရင် ပီကေဝါးပေးပါ
ပီကေကို အချိုတုပါတဲ့ ပီကေလုံးဝ မဝါးပါနဲ့။
လေ့လာမှု တစ်ရပ်အရ သကြားမပါတဲ့
ပီကေ ဝါးတာဟာ ဦးနှောက်ဆီသို့ သွေးစီးဆင်း မှုကို ၄ဝ ရာခိုင်နှုန်းကျော် အထိ
ကောင်းမွန် စေကာ စိတ်တည်ငြိမ် အေးချမ်း စေကြောင်း သိရပါတယ်။
တရားထိုင်ခြင်း အကြောင်းလေ့လာပါ။
ကျန်းမာရေးကို အဆိပ်အတောက် ကင်းကင်း ကောင်းမွန်စေတဲ့ နည်းလမ်းပါ။
တရားထိုင်သူတွေဟာ တရားမထိုင်သူတွေနဲ့ ယှဉ်ရင် စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်း
ပမာဏကို ၆၆ ရာခိုင်နှုန်း အထိ လျော့ကျ စေကြောင်း လေ့လာမှု တစ်ရပ်က ဆိုပါတယ်။
ကြယ်စင်
Good Health
1/30/2014
နှလုံးရောဂါထခြင်း အန္တရာယ်ကို ၉ဝရာခိုင်နှုန်း နီးပါး လျှော့ချ နိုင်မည့် နည်းလမ်းများ
1/30/2014
Dim




