12/12/2013

ရွှင်မြူးလို့ပျော်

"  ပိုးဒါလီသိန်းတန် " download link { http://cl.ly/1c43281y1n1Y }

V:1 ခရစ္စမတ်ရောက်လို့လာပြီဆွေတွေရယ် အားလုံးပြုံးလို့မြူးပျော်ဒီချိန်ကလေး
သောကစိတ်များအဝေးသို့ဖယ် ... ဝိုင်းဖွဲ့တေးသီချင်းလေးတွေသီဆိုရင်း အတူလက်တွဲလို့
ကစို့ကွယ် ကယ်တင်ခြင်းရဲ့ အမှတ်တရပေါ့ကွယ် ပျော်ရွှင်ပါတယ် ဒီအချိန်ဝယ် ...

CHO: တေးဖွဲလို့ရယ် ( သီဆိုကြမယ် ) ချီးမွမ်းကြမယ် ( သူငယ်လေးကို )
ဧကျူးကြကွယ် ( သံပြိုင်သီချင်းတွေ ) အတူတူပျော်မယ်ဟေ့ ...

V:2 စိတ်လှနှလုံးသားကိုယ်စီပြင်ဆင်မယ် ဘုရားကျေးဇူးနဲ့ ပြည့်စေကွယ်
ရိုးသားဒို့များလက်ဆောင် ကိုယ်တော်အတွက် ဒို့များပေဆပ်ကြစို့ကွယ်
နှလုံးသားတံခါးများဖွင့်ကာကြိုဆိုစို့ ကိုယ်တော်မြတ်ကြွခွင့်ပြုကွယ်
သူငယ်ခရစ်တော်မွေးတဲ့နေ့ဝယ် ထာဝစဉ်ပျော်ရွှင်နိုင်ပါတယ် ...

{ SOLO }

V:3 အမုန်းတရားဝေးလို့စိတ်မှာ ဖြူစင်ထား ချစ်ခြင်းတရားနဲ့လွှမ်းစေမယ်
အတ္တ လောဘ စိတ်တွေရင်မှာမထား အချင်းချင်းရိုင်းပင်းကြစို့ကွယ် ...
ခွင့်လွှတ်တတ်တဲ့စိတ်တွေကိုယ်စီမွေး အကြင်နာနှလုံးသားရှိရမယ်
ဒါမှခရစ္စမတ်ငြိမ်းချမ်းရေးကို ပိုင်ဆိုင်နိုင်မယ် ယုံကြည်တယ် ...

{ CHO , V:2 }