12/12/2013

" တေးသီတဲ့ဆောင်း "

မြန်မာသံစဉ်နဲ့ ခရစ္စမတ်သီချင်းတောင်းထားသူအတွက်ပါ " တေးသီတဲ့ဆောင်း "
 download link { http://cl.ly/002J3Z3A3p29 }

တေးသီတဲ့ဆောင်း -- မင်းအောင်

{ V:1 ဆောင်းနှင်းဝေဝေ မြူမှုန်တွေအေးအေးနဲ့ ရောက်ပြန်ပြီညချမ်းခါဆီ
ဒီချိန်ဒီခါ ရောက်လေတိုင်း တေးကဗျာတေကိုယ်စီရင်မှာ ပွင့်သီကာဝေဝေဆာဆာ
ပန်းပေါင်းဖြာဖြာ အလှခြင်းပြိုင်ကာ တေးသံစဉ်ပန်းကိုမမှီပါ ... } ၂

CHO: ရှင်တော်သခင် မွေးနေ့ထူး ဆွေမွန်တွေ ရွှင်ပျော်မြူး
အိမ်တိုင်းကိုသွားရောက်ကာရယ် သတင်းကောင်းတော့ပြောကြမယ်ဆွေ
ကယ်ချွတ်ရှင်ကြွလာပြီလေ ဝမ်းမြောက်ကာ ဆီးလို့ကြိုစေ
ကယ်ချွတ်ရှင်ကြွလာပြီလေ ဝမ်းမြောက်ကာ ဆီးလို့ကြိုစေ
အိမ်တိုင်းကိုသွားရောက်ကာရယ် သတင်းကောင်းတော့ပြောကြမယ်ဆွေ
နှုတ်ဆက်သံတွေဆူညံလို့နေ ( မယ်ရီခရစ္စမတ် )
ဧကျူးသံတွေဝေဆာလို့နေ ( ဟာလေလုယာ ) ( ဂရိုယာဟေ့ )
သောကအဖြာဖြာ ငြိမ်းချမ်းစေမှာ ဆောင်းညချိန်ခါ ( ခရစ္စမတ်မင်္ဂလာ ) ဒို့တေးသံသာ

{ Music }

V:2 အပေါင်းသင်းဆွေတွေ ရန်ဘရာတွေကင်းဝေလို့ ပြုံးပျော်ကာရွှင်လန်းပါစေ
ရှင်တော်သခင်မွေးနေ့တိုင်းမှာ ဘဝ ဝန်တာကျေပွန်နိုင်စေ စွမ်းဆောင်ကာ အောင်မြင်ပါစေ
သုခအထွေထွေ စိုးမိုးပါစေတေးသီကာ ဒို့ဆုမွန်ချွေ ...

{ CHO }