မြန်မာ( ထိုစဉ်က ဘားမား )၊ ထိုင်း၊ မလေးရှား (ထိုစဉ်ကအခေါ် မာလာယာ) ၊
လာအို၊ ဗီယက်နမ် ( ထိုစဉ်က တောင်ဗီယက်နမ်)၊ ကမ္ဘောဒီးယား
စတဲ့ခြောက်နိုင်ငံနဲ့ ၁၉၅၉ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့မှာ စတင်ကျင်းပ ခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲဟာ အခုဆိုရင်
(၂၇)ကြိမ်ကို ရောက်ရှိခဲ့ပြီဖြစ်ပြီး သက်တမ်းအားဖြင့် (၅၄)နှစ်ပြည့်တော့မဲ့
သက်တမ်းရင့် ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။စတင်တု
၁၉၅၈ခုမှစ် မေလ ၂၂ရက်နေ့၊ ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပမဲ့
အာရှအားကစား ပြိုင်ပွဲကို အထက်ပါ ခြောက်နိုင်ငံက တက်ရောက်ရာမှ သက်ဆိုင်ရာ
အားကစားကိုယ်စားလှယ်တွေ တွေ့ဆုံဖြစ်ခဲ့ကြတယ်။ ကျွန်းဆွယ်နိုင်ငံတွေ
တစ်နိုင်ငံနဲ့တစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြန်အလှန်
နွေးထွေးစွာ ကူးလူး ဆက်ဆံနိုင်ရန်၊ တစ်ငံနိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန်
ယဉ်ကျေးမှု ဖလှယ်နိုင်ရန်၊ အားကစားဖွံဖြိုးရေးအတွက် အပြန်အလှန်
အထောက်အကူပေးနိုင်ရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ အရှေ့ တောင်အာရှကျွန်းဆွယ်
အားကစား ပြိုင်ပွဲကို (SEAP GAME ) ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။
ပထမအကြိမ်ပြိုင်ပွဲ မကျင်းပခင်မှာ စင်ကာပူနိုင်ငံပါ ပါဝင်လာပြီး အဖွဲ့ဝင်
(၇)နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
၁၉၅၉ခုနှစ် ထိုင်းနိုင်ငံမှာ
ကျင်းပခဲ့တဲ့ ပထမအကြိမ် ကျွန်းဆွယ် အားကစားပြိုင်ပွဲဟာ ဒီဇင်ဘာ ၁၂ရက်နေ့မှ
၁၇ရက်နေ့အထိ ငါးရက်ကြာမြင့်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှလွဲ၍
ကျန်ခြောက်နိုင်ငံမှ အားကစားသမား ( ၅၂၇ )ယောက် ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။
ရေကူး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘက်စကတ်ဘော၊ လက်ဝှေ့ ၊ စက်ဘီးစီး၊
သေနတ်ပစ်၊ တင်းနစ်၊ စာပွဲတင်တင်းနစ်၊ အလေးမ၊ ဘော်ဘီဘော၊ ဘောလုံး
စတဲ့အားကစားနည်း (၁၂)မျိုးနဲ့ အောင်မြင်စွာ ကျင်းပနိုင်ငံပါတယ်။
ပထမဆုံးအကြိမ် ကျင်းပတဲ့ အဆိုပါပြိုင်ပွဲမှာ ထိုင်းနိုင်ငံက ရွှေ ၃၅၊ ငွေ
၂၆၊ ကြေး (၁၅)ခုနဲ့ စုစုပေါင်း ဆုတံဆိပ် (၇၆)ခု ရရှိပြီး နိုင်ငံအလိုက်
ဆုတံဆိပ်ရရှိမှု ပထမနေရာကို ရယူနိုင်ခဲ့ပါတယ်။ မြန်မာနိင်ငံကတော့ ရွှေ ၁၁၊
ငွေ ၁၅၊ ကြေး ၁၄ခုနဲ့ စုစုပေါင်း ဆုတံဆိပ် (၄၀)နဲ့ ဒုတိယနေရာမှာ
ရပ်တည်နိုင်ခဲ့ ပါတယ်။
မြန်မာနိုင်ငံကတော့
ဒုတိယအကြိမ်ပြိုင်ပွဲကို လက်ခံကျင်းပခွင့် ရရှိပြီး ၁၉၆၁ခုနှစ် ဒီဇင်ဘာ
၁၁ရက်မှ ၁၆ရက် နေ့အထိ အောင်ဆန်း အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ (
ဒီဇင်ဘာကို အားကစားလအဖြစ် သတ်မှတ်ခဲ့တာ အဲ့ဒီအချိန်က စခဲ့တယ်လို့
ယူဆရနိုင်ပါတယ်။) ပထမအကြိမ်တုန်းက ကျင်းပခဲ့တဲ့ အာကစားနည်းများသာ
ထည့်သွင်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ရွှေ ၃၅၊ ငွေ ၂၈၊ ကြေး ၄၃ ခုရရှိပြီး
စုစုပေါင်း (၁၀၄) ခုနဲ့ နိုင်ငံအလိုက် ဆုရရှိမှု ထိပ်ဆုံးမှာ
ရပ်တည်နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကတော့ စုစုပေါင်း ဆုတံဆိပ်ရရှိမှု (၆၁)
ခုနဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ယခင်ခြောက်နိုင်ငံသာ
ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
၁၉၆၅ခုနှစ် တတိယအကြိမ်မြောက် (တကယ်တော့
စတုတ္ထအကြိမ်မြောက်) ကျွန်းဆွယ်ပြိုင်ပွဲကို လာအိုနိုင်ငံ မှာ ကျင်းပဖို့
ဆုံးဖြတ်ခဲ့ကြပေမဲ့ လာအိုနိုင်ငံရဲ့ စီးပွားရေးအခြေအနေကြောင့် မာလာယာ
(မလေးရှား) နိုင်ငံက လက်ခံကျင်းပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့
ယခင်နှစ်တွေက ထည့်သွင်းကျင်းပခဲ့တဲ့ အိုလံပစ်အားကစားနည်း (၁၂)မျိုးအပြင်
ဂျူဒိုနဲ့ ပိုက်ကျော်ခြင်း ပြိုင်ပွဲကိုပါ ထည့်သွင်းခဲ့ပြီး စုစုပေါင်း
အားကစားနည်း (၁၄)မျိုးဖြင့် ကျင်းပခဲ့ပါတယ်။ ထိုင်းနိုင်ငံက ဆုတံဆိပ်ရရှိမှု
စုစုပေါင်း (၁၀၆)ခုနဲ့ နိုင်ငံအလိုက်မှာ ဗိုလ်စွဲခဲ့ပြီး အိမ်ရှင်
မလေးရှားအသင်းက ဒုတိယနဲ့ မြန်မာနိုင်ငံအသင်းကတော့ ဆုတံဆိပ်စုစုပေါင်း
(၃၃)ခုနဲ့ အဆင့်(၄) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
၁၉၆၇ခုနှစ်
စတုတ္တအကြိမ်မြောက်ကို ထိုင်းနိုင်ငံက တာဝန်ယူကျင်းပခဲ့ပါတယ်။ ၁၉၆၉ခုနှစ်
ပဉ္စမအကြိမ် မြောက် ပြိုင်ပွဲကို တောင်ဗီယက်နမ်နိုင်ငံမှာ ကျင်းပဖို့
ဆုံးဖြတ်ခဲ့ပေမဲ့ ပြည်တွင်းစစ်ကြောင့် မကျင်းပနိုင်ခဲ့ပဲ အသင့်ဖြစ်နေတဲ့
မြန်မာနိုင်ငံမှာ ပြောင်းလဲကျင်းပပါတယ်။ ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင်
တက်ရောက် ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၆ရက်မှ ၁၃ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
ရွက်လှေပြိုင်ပွဲကို ထပ်မံထည့်သွင်းခဲ့ပြီး စုစုပေါင်း အားကစားနည်း
၁၅မျိုးနဲ့ ယှဉ်ပြိုင်ကြရာမှာ မြန်မာနိုင်ငံက ရွှေ (၅၇)၊ ငွေ (၄၆)၊ ကြေး
(၄၆) ခုနဲ့ စုစုပေါင်း ဆုတံဆိပ်(၁၄၉)ခု ရရှိခဲ့ကာ နိုင်ငံအလိုက် ပထမနေရာမှာ
ရပ်တည်နိုင်ခဲ့ပါတယ်။
၁၉၆၉ခုနှစ် မြန်မာနိုင်ငံမှာ
ကျင်းပနေစဉ်ကာလအတွင်း စင်ကာပူနိုင်ငံမှ ဦးဆောင်ပြီး ပြိုင်ပွဲအမည်ကို
ကျွန်းဆွယ်အားကစားပြိုင်ပွဲ (Southeast Asian Peninsular Games ) မှ အရှေ
့တောင်အာရှ အားကစားပြိုင်ပွဲ (South East Asian Games ) အဖြစ်
ပြောင်းလဲဖို့ အရှေ့ တောင်အာရှ အားကစားအဖွဲ့ချုပ်ထံသို့ တင်ပြ
တောင်းဆိုခဲ့ပါတယ်။ ၁၉၇၅ခုနှစ်အရောက်မှာ ဖိလစ်ပင်း၊ ဘရူးနိုင်း၊
အင်ဒိုနီးရှားတို့က အဖွဲ့ဝင်အဖြစ် လာရောက် ပူးပေါင်းကြပြီး
စုစုပေါင်းအဖွဲ့ဝင် ဆယ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ၁၉၇၇ခုနှစ်အရောက်မှာတော့
အရှေ့ တောင်အာရှ အားကစား ပြိုင်ပွဲ (SEA Games) အဖြစ်
အမည်ပြောင်းလဲလိုက်ပြီး ကျင်းပလာခဲ့တာ ဒီနေ့ အချိန်ထိ ဖြစ်ပါတယ်။
ကျွန်းဆွယ်ပြိုင်ပွဲ (SEAP Games) စတင်ခဲ့တဲ့ ၁၉၅၉ခုနှစ်မှစပြီး ၁၉၇၅
ခုနှစ်အထိ အချိန်ကာလများဟာ ကျွန်းဆွယ်ပြိုင်ပွဲရဲ့ အခက်အခဲဆုံး ကာလတွေ
ဖြစ်ခဲ့ပါတယ်။ ကျွန်းဆွယ်ပြိုင်ပွဲ စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင်နိုင်ငံ
ဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ တကယ်စတင်ချိန်တွေမှာတော့ ပြည်တွင်းစစ်နဲ့၊
နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကြောင့် ကျွန်းဆွယ်ပြိုင်ပွဲလို့
အမည်ခံထားတဲ့အချိန်တွေမှာ မပါဝင်နိုင်ခဲ့ပဲ အရှေ့ တောင်အာရှ
အားကစားပြိုင်ပွဲလို့ အမည်ပြောင်းလဲ သတ်မှတ်ပြီးကာလ ၁၉၈၃ခုနှစ်
(၁၂)ကြိမ်မြောက်ပြိုင်ပွဲရောက်မ
၁၉၅၉ခုနှစ် မှ ၁၉၇၅ခုနှစ် အထိ ကျွန်းဆွယ်ပြိုင်ပွဲအမည်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ (၈)ကြိမ်တိုင်အောင်ကျင်းပခဲ့တဲ့
Ref :http://www.ocasia.org/
:http://en.wikipedia.org/wiki/
: အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသမိုင်း ( ဟိန်းထက်အောင်)
FOOTBALL CAFE မှ ကူးယူဖော်ပြပါသည်။
12/13/2013
" ဆီးဂိမ်းသမိုင်း "
12/13/2013
Dim




