အမျိုး သမီးများ ရာသီ ဆုံးချိန်နဲ့ ဓာတ်စာ
အမျိုး သမီး အများစုဟာ အသက် ၅ဝ ကျော်ရင်
သွေးဆုံး ပါတယ်။ အီစတြိုဂျင် ဟော်မုန်း လျော့နည်း လာတယ်။
သွေးဆုံးတာ
အမျိုး သမီး တိုင်း ရှောင်လို့ မရတဲ့ သဘာဝ ဖြစ်စဉ် တစ်ခု ပဲဖြစ်ပါ တယ်။
ရာသီဆုံး၊ စချိန်မှာချွေးပြန်၍ ပူနွေးခြင်း၊ စိတ်ပိုင်း ဆိုင်ရာ အပြောင်း
အလဲနဲ့ နှလုံး ရောဂါ၊အရိုးပွ ရောဂါတို့ ဖြစ်တတ် ပါတယ်။
ချွေးပြန်၍
ပူနွေးခြင်း ဆိုရာမှာ ခန္ဓာကိုယ် တစ်လျှောက်မှာ အပူလှိုင်း ဖြစ်နေပြီး ညဘက်
ချွေးထွက် တတ်ကာ သွေးကြော ကျယ်လာတဲ့အတွက် သွေးဖိအား ထိန်းညှိ ဆေးဝါး
ဗိုက်တာမင် အားဆေး၊ အိပ်ဆေး ကျွေးရင် သက်သာမယ်။
ဒီဝေ ဒနာကို အသက် ၄၅ နှစ်မှ
၅၂ နှစ်အတွင်း အမျိုး သမီးတွေ တွေ့ကြုံရ စမြဲ ဖြစ်ပါတယ်။
အမျိုး သမီးတွေ
ရာသီဆုံး ချိန်မှာ စိတ်ပိုင်း ဆိုင်ရာ အရ စိတ်မအီမ သာဖြစ်ခြင်း၊ စိတ်မ
တည်ငြိမ်ခြင်း၊ မှတ်ဥာဏ်အား နည်းခြင်း၊ စိတ်ဓာတ်ကျ ခြင်းနဲ့ မောပန်း
နွမ်းနယ်မှု တွေကို တွဲလျက်တွေ့ ရပြီး ဟော်မုန်းနဲ့ စိတ်ပိုင်း
ဆိုင်ရာကြောင့် ဖြစ်ရ တာမို့ အိပ်မ ပျော်တတ် ကြဘူး။
ရုပ်ပိုင်း ဆိုင်ရာ
ပြောင်းလဲမှု အနေနဲ့ ရင်သားတွေ သေးငယ် သွားပြီး အဆီပြင် တစ်သျှူးများ
ပြန်စုပ်ယူ နိုင်တဲ့ အတွက် ပုံသဏ္ဌာန်ပါ ပြောင်းလာ တယ်။
ဆီးကျိတ် မကြာခဏ
ရောင်ပြီး ဆီးလမ်း ကြောင်းပိုး ဝင်တာ တွေ့ရတယ်။
သွေးမ ဆုံးခင် အီစတြိုဂျင် ဟော်မုန်းဟာ နှလုံး ရောဂါ မဖြစ်အောင် ကာကွယ်ပေး
တယ်။
သွေးဆုံး ပြီးချိန် နောက်ပိုင်းမှာ အမျိုးသား များနည်းတူ အမျိုး သမီး
တွေဟာ နှလုံး ရောဂါ ဖြစ်နိုင်ခြေ များလာတယ်။
သွေးဆုံးချိန် နောက်ပိုင်း
နှစ်တွေမှာ ရိုးထုထည်ဆုံး ရှုံးမှုဟာ လျင်မြန်လာ တယ်။ အရိုး အဆစ်
တောင့်တင်းခြင်း၊ ကိုက်ခဲခြင်း တွေ ဖြစ်တတ်တယ်။
အဓိက အီစတြိုဂျင်ချို့
တဲ့မှုကြောင့် အကြောတ တက်တယ်။
ဘေးထွက်ဆိုး ကျိုးက ကိုယ်အလေး ချိန်တက်ခြင်း၊
ဝခြင်း၊ မူးဝေ အော့အန်ခြင်း၊ သွေးခဲခြင်း အနည်းငယ် မြင့်မားပြီး ရင်းသား
ကင်ဆာ ဖြစ်နိုင် ခြေရှိတယ်။ ၂ နှစ်မှ ၅ နှစ်အထိ ကုရင် ကောင်းကျိုးထက်
ဆိုးကျိုးကပို များတယ်။
သွေးဆုံး ချိန်မှာ အမျိုးသမီး များမှာ ဖြစ်ပွား
တတ်တဲ့ ရောဂါဟာ အီစတြိုဂျင်ခေါ် မဟော်မုန်း ပမာဏ လျော့နည်း လာလို့ ဖြစ်ပါ
တယ်။
ဟော်မုန်း ဆုံးရှုံးမှု ဖြည့်ဆည်း ပေးမယ့် အစာတွေ စားသောက်ဖို့
လိုပါတယ်။
အစာကို ညီညွတ်မျှ တအောင် စား တတ်ဖို့ အရေးကြီးတယ်။ အဲဒီလို
ညီညွတ်မျှ တအောင် စားပေး ခြင်းဖြင့် စိတ်ဓာတ် ကျခြင်း၊ ချွေးထွက်
လွယ်ခြင်းနဲ့ ပူနွေး နေခြင်းကို သက်သာ စေပါတယ်။
ပဲပိစပ်၊ ပဲပိစပ်က ထုတ်တဲ့ အစား အစာ၊ ပဲနီလေး၊ ပဲခြောက်၊ မက်မန်းသီး၊
ပန်းသီး၊ ငှက်ပျောသီး၊ ချယ်ရီသီး၊ သင်္ဘောသီး၊ သလဲသီး၊ ယိုနဲ့သစ်သီး
တွေစားရမယ်။
နှံစား သီးနှံ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ စမုန်နက်နဲ့ ပင်လယ်
ရေမှော်တွေကို စားသင့် ပါတယ်။
ကစီ ဓာတ်ပါတဲ့ အသီး အရွက်နဲ့ သစ်သီး၊ နှံစား
သီးနှံ၊ ပဲကို အခြေခံတဲ့ အစား အစာတွေ မှန်မှန် စား သုံးပြီး သကြား
ဓာတ်ပါတဲ့ အစား အစာကို လျှော့စား တာဟာ သွေးထဲက ဂလူးကို့ ပမာဏကို ထိန်းညှိ
ပေးပြီး စိတ်ဖိစီး မှုနည်း စေတယ်။
မြေပဲဆီ၊ နှမ်းဆီ စတဲ့ မပြည့်ဝ ဆီတွေ
ကိုသာ စားသုံး ရမယ်။ ပင်လယ် ငါးကို စားသုံးပေး ရပါမယ်။
မြ၀တီ
Post by - Myanmar Market Economy
https://www.facebook.com/ pages/Myanmar-Market-Economy/ 250499495104244?ref=hl