ဆေးနည်းမှာ
ပထမ ငှက်ပျောတစ်ပင်၏ ပင်စည်(၁)ပေ အမြင့်လောက်တွင် ဓါးနှင့် အနာဖြစ်အောင်ထိုးလိုက်ပါ။ ထိုအနာ ထဲသို့ စတီးဇွန်းကို မှောက်ခုံထည့်လိုက်ပါ။ အနာမှတစ်ဆင့် စတီးဇွန်း တစ်လျှောက် ငှက်ပျောရည်များ တစ်စက် တစ်စက် ကျလာမည်။
ထိုအစက်အောက်မှ ဖန်ခွက် ဖြစ်စေ၊ ပုလင်းဖြစ်စေ ခံထားရပါမည်။
(၅)ကျပ်သားခန့်ရလျှင် တစ်နေ့တာ အသုံးပြုရန် လုံလောက်ပါသည်။ ဆံပင်မပေါက်သည်
နေရာအား အကြိမ်ကြိမ် ခြောက်တိုင်း လိမ်းပေး ရပါမည်။
အနည်းဆုံး
(၁၀)ရက်ခန့် လိမ်းပေးလျှင် မပေါက်သောနေရာမှ ဆံပင်များ ပြန်၍
ထွက်လာပါလိမ့်မည်။ လက်တွေ့ စမ်းသပ်ခြင်းဖြင့် မှန်မမှန် သိနိုင်ပါသည်။
ဆံပင်ကျွတ်ပျောက်ဆေးနည်း
------------------------------
သလဲရွက်ကို ရေနှင့်ကြိတ်၍ သတ္တုရည်ကို တစ်နေ့ နှစ်ကြိမ် လိမ်းပေးပါမူ
ဆံပင်ကျွတ်ခြင်း ပျောက်ကင်း စေပါသည်။ ဆံပင်ပေါက်ဆေးနည်းသံပရာစေ့ကို ရေနှင့်
ကြိတ်ပြီး နေ့စဉ် လိမ်းပေးပါက ဆံပင် ပြန်ပေါက် စေပါသည်။
ဆံပင်နက်ဆေးနည်း
---------------------
(၁) တမာဆီကို နေ့စဉ် လိမ်းပေးခြင်းအားဖြင့် ဆံပင်များပြန်၍ နက်ပြီး ချောမွတ်စေပါသည်။
(၂) မန်ကျည်းသီး အဆံကို သွေး၍ ဦးခေါင်းရှိ ဆံပင်အားလုံးကို လိမ်းပါ။
(၃) မယားကြီးရွက်၊ပဲရွက်၊ ပေါက်ပန်းဖြူရွက် ၎င်းသုံးမျိုးကို ကြိတ်၍ နှမ်းဆီနှင့် ဖျော်လိမ်းပေးပါ။
(၄) သူငယ်စား ငှက်ပျောကို ပျားရည်နှင့် တစ်နှစ်စိမ်ပြီးစားပါ။
(၅) ပွေးကိုင်းရွက်၊ ကြိတ်မှန်ရွက် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ အရည်ကို သောက်ပေးပါ။
(၆) မန်ကျည်းသီး ငါးကျပ်သား ၊ ဆား ငါးကျပ်သား ၊ ပွေးကိုင်းရွက်
ငါးကျပ်သား၊သကြားတစ်ဆယ် ကျပ်သား၊ ပျားရည် တစ်ဆယ်ကျပ်သား ၎င်းဆေးငါးပါးရော၍
စားပါ။
နောက်တစ်နည်း
-----------------
ဆံပင်ကျွတ်ခြင်း ၊ ခေါင်းပြောင်ခြင်းဖြစ်သူများ ၊ ဆံပင်ပြန်ပေါက်ရန် ခြေဖဝါးကို ဆားပွတ်ပါ။
ကျန်းမာကြပါစေ.........မင်းမင်း
သတင်းနှင့်စွယ်စုံ Credit To>Myanmar Advertising Page
11/28/2013
ထိပ်ပြောင်နေသူများနှင့် နေရာကွက်၍ ဆံပင်မပေါက်သူများအတွက်
11/28/2013
Dim




