skip to main |
skip to sidebar
11/27/2013
Dim
(၁) ဆားရည်ပလုတ်ကျင်းပါ
– လည်ပင်းနာချင်သလိုလို၊ လည်ချောင်းခြောက်ကပ်ကပ်ဖြစ်သလိုလို
ကြုံလာသည်နှင့် ဆားရည်ပလုတ်ကျင်းပါ။ ဆားရည်က လည်ချောင်းအတွင်းရှိ
အကျိတ်ကလေးများတွင် ခိုအောင်းနေသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များကို
ဖယ်ရှားရှင်းလင်းပေးပြီး ပိုးပမာဏကို ဖျားနာစေ
သည်အထိမဖြစ်အောင်လျှော့ချပေးသည်။
(၂) အသက်ရှူလမ်းကြောင်းကို ရှင်းလင်းထားပါ
– နှာစေးနှာပိတ်ဖြစ်လာသည်နှင့် ရေနွေးနှင့် ရေချိုးပြီး
နှာခေါင်းရှင်းအောင်ဂရုစိုက်ပါ။
နှာစေးသက်သာစေရန် ဆေးဝယ်သောက်ပါ။
ခေါင်းကိုက်ခြင်း အစ ပျိုးလာပါကပါရာစီတမောကဲ့သို့ ဆေးများကြိုသောက် ထားပြီး
နိုးကြားနေစေရန် ဂရုပြုပါ။
(၃) ချောင်းဆိုးပျောက်ဆေး မ၀ယ်ပါနှင့်
-ချောင်းဆိုးလာ မှာစိုး၍ ချောင်းဆိုးပျောက်ဆေး မ၀ယ်ထားပါနှင့်။
ချောင်းဆိုး ချင်သလိုလို ဖြစ်လာပါက ပျားရည်တစ်ဇွန်းမှ နှစ်ဇွန်းခန့် ရေနွေး
ထဲရောသောက်ပါ။
(၄) ရေဓာတ်ဖြည့်တင်းပါ –
အအေးမိဖျားနာအစပျိုးလာသည်နှင့် ရေဓာတ်ခမ်းခြောက်ပြီး အာခေါင် ခြောက်လာသည်။
နှာရည်တရွှဲရွှဲကျ လာမည်ဆိုလျှင် ရေဓာတ်ပိုဆုံးရှုံးသည်။ ရေ၊ ဖျော်ရည်၊
ရေနွေး၊ လက်ဖက်ရည်ဖြစ်စေ တစ်ခုခုကို အမြဲမပြတ်သောက်နေပြီး ရေဓာတ်
မဆုံးရှုံးစေရန် သတိပြုပါ။
(၅) အလုပ်နားပါ –
အဖျားစ၀င်ဝင်ချင်းမှသည်နောက် ခြောက်နာရီအတွင်း ရောဂါပိုးများနှင့်
ခုခံအားတို့ အပြန်အလှန် တိုက်ခိုက်ကြသည်ဖြစ်ရာ အလုပ်နားလိုက်ခြင်းသည်
ခုခံအားစနစ်ကို ပိုမိုအထောက်အပံ့ ဖြစ်စေသည်။ မလွဲမရှောင်သာ
အလုပ်သွားရမည်ဆိုပါက အယ်ကိုဟော ပါဝင်သော လက်သန့်ဆေးရည် ယူဆောင်သွားပြီး
မကြာခဏလက်သန့် စင်ပေးခြင်းဖြင့် လုပ်ငန်းခွင်နှင့် လုပ်ဖော်ကိုင်ဘက်များထံ
ရောဂါပိုးမကူးစက်စေရန် ကာကွယ်ပါ။
Health Updates Journal No. 89