10/30/2013

အမျိုးသမီး ကျန်းမာရေးအတွက် ထိပ်တန်းအန္တရာယ် သုံးခု

ဒီနေ့ခေတ်မှာ အမျိုးသမီးတွေရဲ့ကျန်းမာရေး ကောင်းမွန်လာစေဖို့ အလေးထား လာကြပါပြီ။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါဝေဒနာတွေ အကြောင်း အသိပညာ ဗဟုသုတ ကြွယ်ဝစေဖို့ ပညာပေးကြတဲ့အပြင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့် အန္တရာယ်တွေကို ရှောင်လွှဲနိုင်ဖို့လည်း အသိပေးရပါမယ်။ ဒါကြောင့် အမျိုးသမီး ကျန်းမာရေးအတွက် ထိပ်တန်းအန္တရာယ် သုံးခုကို ဖော်ပြလိုက်ပါတယ်။

(၁) အရိုးပါးခြင်း

အရိုးပါးရောဂါက သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဖြစ်များဆုံး ရောဂါဖြစ်ပါတယ်။ အရိုးတွေက စတင်ပါးလာပြီးပိုမို ကြွပ်ဆတ်လာတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အရိုးပါးရောဂါကို ကာကွယ်နိုင်တဲ့ တခြားအချက်က လေ့ကျင့်ခန်းလုပ်ဖို့နဲ့ ကယ်လ်စီယမ်ပါတဲ့ အစားအသောက်တွေကို စားသောက်ဖို့ ဖြစ်ပါတယ်။ တကယ်လို့ ကယ်လ်စီယမ် ပါတဲ့ အစားအသောက်ကို အလုံအလောက် မစားဖြစ်ရင် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။

(၂) ကိုယ်အလေးချိန် များလွန်းခြင်း

အမျိုးသမီးတွေ သေဆုံးရတဲ့ အဓိက အကြောင်းရင်းထဲမှာ နှလုံးရောဂါ ပါဝင်နေပါတယ်။ ဒါ့အပြင် ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာ၊ လေဖြတ်ဝေဒနာ အစရှိတဲ့ ရောဂါတွေလည်း အဖြစ်များလာပါတယ်။ ဒီရောဂါတွေက အဓိက အနေနဲ့ သင့်ခန္ဓာကိုယ်ထဲကို ဘယ်အစားအသောက် အမျိုးအစား ဝင်ရောက်သလဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည်နေပါတယ်။ ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်စ် ပါဝင်တဲ့အစာတွေက အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး အဆီများကာ ကိုယ်အလေးချိန် မြင့်တက်စေပါတယ်။

အမျိုးသမီးတွေ အနေနဲ့ အာဟာရ ပြည့်ဝပြီး မျှတတဲ့ အစားအသောက်၊ အထူးသဖြင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ အခွံချွတ် မထားတဲ့ ကောက်နှံစာ စတာတွေကို စားသင့်ပါတယ်။ ကိုယ်အလေးချိန် သွယ်လျပြီး ကျန်းမာစေဖို့ရာအတွက် လေ့ကျင့်ခန်းကလည်း အရေးပါပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့် ကျန်းမာပြီး နှလုံးသန်စွမ်းလေလေ၊ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ လျော့နည်းလေလေ ဖြစ်ပါတယ်။

(၃) ဆေးလိပ် သောက်ခြင်း

ဆေးလိပ် သောက်တာက အမျိုးသမီး ကျန်းမာရေးကို ထိခိုက်စေရုံသာမက မျိုးအောင်နိုင်စွမ်းကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဆေးလိပ် သောက်တာက အဆုတ်ရောဂါနဲ့ နှလုံးရောဂါထတာ (Heart Attack) တို့ကြောင့် သေဆုံးစေနိုင်ပါတယ်။

ဇွန်
By Good Health