8/03/2013

မကပ်သောဒယ်အိုးများကို ထိန်းသိမ်းနည်း

ဒယ်အိုးကို အသုံးပြုပြီးလျှင် ရေနှင့်အရင်ဆေးပါ။
 ဆော်ဒါမှုန့် နဲ့ရေကိုရောပြီး မီးပေါ်မှာ ခမ်းအောင်ကြိုပါ။ ဆီဆွတ်ထားသောစက္ကူ (သို့) အ၀တ်ဖြင်သုတ်ပြီးမှ သိမ်းပါ။ ကြာရှည်အသုံးခံပါလိမ့်မယ်။


 ရိုးရိုးဒယ်အိုးများကို မကပ်သည့်အိုးဖြစ်အောင် ပြုလုပ်နည်း

မကြော်ချက်ခင် မီးပြင်းပြင်းနှင့်အငွေ့ထွက်အောင် အပူပေးပါ။ အငွေ့ထွက်လာလျှင် ဆီအနည်းငယ်ကို လောင်းချပြီးအိုးမျက်နှာပြင်အားလုံးကို ဆီရောက်အောင် ၀ိုက်ချပါ။

 ထိုအခါမှ လိုအပ်သောဆီပမာဏကိုထည့်ကာ ကြော်ချက်ခြင်းများကို လိုသလိုပြုလုပ်ပါလေ။ လုံးဝမကပ်တာကိုတွေ့ပါလိမ့်မယ်။

 ဒန်အိုးများ အရောင်တောက်ပြောင်စေလိုပါက ပန်းသီးအခွံများကို ထည့်ကာဆူအောင်ကျိုပေးပါ။ ထို့နောက်ရေဆေးကာ အခြောက်ခံထားလိုက်ပါ။ အိုးအသစ်ကဲ့သို့ ပြန်လည်တောက်ပြောင်သွားပါလိမ့်မယ်