6/20/2013

ကယ်လိုရီတွေကို ဘယ်လိုလွယ်ကူစွာလောင်ကျွမ်းစေမလဲ

၁. ကျန်းမာရေးနှင့်ညီညွှတ်သော အမူအကျင့်များ -ဓာတ်လှေကားများ အစား လှေကားကို အသုံးပြုပါ။ လှေကားအတက်အား ၁၀မိနစ် ခန့် တက်ပါက ကယ်လိုရီ ၁၉၀ခန့် လောင်ကျွမ်းနိုင်ပြီး အဆင်းကို ၁၀ မိနစ်ခန့်ဆင်းပါက ကယ်လိုရီ ၁၀ဝ ခန့် လောင်ကျွမ်းစေနိုင်သည်။

၂. လမ်းလျှောက်ခြင်း - အပြင်းအ ထန်ပြေးဖို့၊ လမ်းလျှောက်ဖို့ မလိုပါ ဘူး။ ပုံမှန်လမ်းလျှောက်ခြင်းကပင် လျှင် (၁၀မိနစ်ခန့်လမ်းလျှောက်ခြင်း က) ကယ်လိုရီ ၃၆ခန့် လောင်ကျွမ်း စေပါသည်။


၃. ခန္ဓာကိုယ်ဖြေလျော့၊ ဆန့်ထုတ် ပေးခြင်း - ယင်းကဲ့သို့ ဖြေလျော့ဆန့် ထုတ်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှု ကောင်းစေပြီး ၁၀မိနစ်ခန့်လုပ်ပေးပါ က ကယ်လိုရီ ၃၀ခန့် လောင်ကျွမ်း စေပါသည်။


၎. သာမန်အိမ်မှုကိစ္စများ - သာမန် အိမ်မှုကိစ္စများ လုပ်ကိုင်ခြင်းက လည်း ကယ်လိုရီလောင်ကျွမ်းစေနိုင် ပြီး အသေးစိတ်အနေဖြင့် သာမန် အိမ်ထောင်တစ်ခု၌ နေ့စဉ် -ထမင်း စားပြီးသားပန်းကန်များဆေး ခြင်းက ၂၈ ကယ်လိုရီ၊ ချက်ပြုတ်ခြင်းက ၃၆ကယ်လိုရီ၊ မီးပူတိုက်ခြင်းက ၂၈ ကယ်လိုရီ၊ ရေချိုး ခန်းဆေးကြော ခြင်းက ၄၆ ကယ်လိုရီ၊ အပင်များ ရေလောင်းပေးခြင်းက ၃၀ ကယ်လိုရီ၊ တစ်အိမ်လုံး ကြမ်းတိုက်ခြင်းက ၄၂ ကယ်လိုရီ အသီးသီး လောင်ကျွမ်း စေပါတယ်။


၅. အားလပ်ချိန်လုပ်ဆောင်မှုများ၌ ကခုန်ခြင်း က ၅၈ကယ်လိုရီ၊ TV ကြည့်ခြင်းက ၁၁ ကယ်လိုရီ၊ ဆံပင် အလှပြုပြင်ခြင်းက ၃၀ကယ်လိုရီ၊ စာဖတ်ခြင်းက ၁၁ ကယ်လိုရီနှင့် အိပ်စက်ခြင်းက ၁၀ ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။


ယခုကဲ့သို့ မိမိနေ့စဉ်လုပ်ငန်းဆောင် တာများက လောင်ကျွမ်းစေနိုင်တဲ့ ကယ်လိုရီပမာဏာကို အနီးစပ်ဆုံး သိရှိရခြင်းဖြင့် နေ့စဉ်စားသောက်ရာ မှ ရရှိလာသောအပိုကယ်လိုရီများကို အားကစားခန်းမသို့ သွားရန်မလို တော့ဘဲ လိုအပ်သောပမာဏထိ သာ အကြမ်းဖျဉ်းတွက်ချက်လျော့ ချနိုင်ရန် ကူညီနိုင်မည်ဖြစ်သည်။

မိုင်ကိ
ref:MNT
Health Updates Journal
Vol.2, No.23