6/20/2013

မသန့်ရှင်းသောရေကြောင့် ရောဂါများဖြစ်ပွားနိုင်

မသန့်ရှင်းသောရေကြောင့် ကျောက်တည်ခြင်း၊အာရုံကြောရော၈ါ၊ကင်ဆာရောဂါများဖြစ်ပွားနိုင်
မသန့်ရှင်းသော ရေကို သောက်သုံးခြင်းဖြင့် သောက်သုံး သူများတွင် ကျောက်တည်ခြင်း၊ အာရုံကြောရောဂါဖြစ်ပွားခြင်း၊ ကင်ဆာရောဂါဖြစ်ပွားခြင်းစသည့် ရောဂါပေါင်းများစွာဖြစ်ပွား
နိုင် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO မှ အသိပေးထုတ်ပြန် ထားကြောင်း သိရသည်။
ရေတွင်အဓိကပျော်ဝင်နေ သောဓာတုပစ္စည်းများ၊ဓာတ်သတ္တုများနှင့် ရောဂါပိုးမွှားများ ကြောင့်

သောက်သုံးသူများ၏ ကျန်းမာရေးကိုဆိုးရွားစွာထိခိုက် နိုင်ကြောင်း ဆေးသိပ္ပံပညာရှင် များက လေ့လာတွေ့ရှိခဲ့သည်။
ကျောက်ကပ်ရောဂါရှင်များ အတွက်လည်း သန့်ရှင်းသောရေ ကို ရွေးချယ်သောက်သုံးရန်မှာ မဖြစ်မနေလိုက်နာရမည့်အချက် ဖြစ်ပြီး ကျောက်ကပ်ဝေဒနာရှင် များအတွက် သင့်လျော်သောရေ သည် ဓာတုပစ္စည်းများ၊ ဓာတ် သတ္တုများ၊ ရောဂါပိုးမွှားများလုံးဝ ကင်းစင်သည့်ရေဖြစ်ရန် အရေး ကြီးကြောင်း သိရသည်။

အထွေထွေရောဂါကု ဆရာ ဝန်တစ်ဦးမှ ရေကလူတွေအတွက် မရှိမဖြစ် နေ့စဉ်သုံးနေရတယ် လေ။ မသန့်ရှင်းတဲ့ရေကိုသောက် သုံးမိရင် ဝမ်းပျက်ဝမ်းလျှောက အရင် ဖြစ်မှာ။ ကျန်တဲ့နောက် ဆက်တွဲရောဂါတွေက အချိန် တော်တော်ကြာမှ ဖြစ်မှာ"ဟု သုံးသပ်ပြောကြားသည်။
ထို့ကြောင့် သောက်သုံးသူများကျန်းမာရေးအတွက်လုံးဝစိတ်ချရသောရေသန့်ကို ရွေးချယ် သောက်သုံးရန်

လိုအပ်သလိုချက် ပြုတ်စားသောက်ရာတွင်လည်း ရေသန့်ကိုအသုံးပြုသင့်ကြောင်း နှင့်WHO
 ရေသန့်စနစ်သည်လက်ရှိကမ္ဘာပေါ်တွင်လုံးဝစိတ်ချရ သောအတွင်ကျယ်ဆုံးသော သောက်ရေသန့်
ထုတ်လုပ်သည့် နည်းဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ ထောက်ခံမှု ရထားသောနည်းစနစ်ဖြစ်ကြောင်း သိရသည်။

ဘေးကင်ပါစေ
https://www.facebook.com/notes/shwe-eaim-si/မသန့်ရှင်းသောရေကြောင့်-ကျောက်တည်ခြင်း/440347899309682