ကြွက်သားတင်းအား ကောင်းစေတဲ့ လေ့ကျင့်ခန်းတွေဟာ အဆီခဲ ဖြစ်လွယ်တဲ့
နေရာတွေကို ချောမွတ်စေနိုင်ပါတယ်။ အဆီခဲ ဖြစ်လွယ်တဲ့ ပေါင်နဲ့ တင်းပါးလို
နေရာတွေမှာ ကြွက်သားတွေ တည်ဆောက်နိုင် တာကြောင့်ပါ။ အဆီကျ
စေမယ့်
လေ့ကျင့်ခန်းကို ရေသန့်ဘူး နှစ်ဘူး ရှိရုံနဲ့ ပြုလုပ်နိုင်ပါတယ်။
ရေသန့်ဘူး တစ်ဘူးစီကို လက်တစ်ဖက်စီက ကိုင်ထားကာ ခြေထောက်နှစ်ဖက်ကို ပခုံး
အကျယ်ထက် ပိုကျယ်ကျယ် ခွာပြီး မတ်တတ်ရပ်ပါ။ ပုံမှာ ပြထားတဲ့အတိုင်း
လက်မောင်းကို မြှောက်ပြီး ဆောင့်ကြောင့်ထိုင်ပါ။ သင့်တစ်ကိုယ်လုံးရဲ့
အလေးချိန်ကို ညာဘက်သို့ စောင်းပါ သုံးစက္ကန့်ထားပါ။ ပြီးရင် တစ်ကိုယ်လုံးရဲ့
အလေးချိန်ကို ဘယ်ဘက်သို့ စောင်းပါ။ တစ်ဖက်ကို အကြိမ် ၂၀ စီ ပြုလုပ်ပါ။
By Good Health
By Good Health





