*** ဓာတုဟော်မုန်းဆေး အသုံးပြုထားပြီး အဆမတန်ကြီးထွားနေသော မုန်လာဥအဖြူ ၊
အမြစ်တိုတို၊ အလုံးတုတ်တုတ်နဲ့ ပဲပင်ပေါက်များ ၊ ပိုးသတ်ဆေးအပြင်းစား သုံးထားသော
ဂေါ်ဖီထုပ် ၊ ပန်းမုန်လာထုပ ၊ မုန်ညှင်းထုပ်တွေနှင့် ဆေးစိမ်၊ ဆေးဖျန်းထား၍ မှည့်နေသော
သရက်သီး ၊သဘောင်္သီး ၊ လိမ္မော်သီး ၊ပန်းသီး ။ငှက်ပျောသီး စသည့် အစားအစာများဟာ
ကင်ဆာရောဂါ ဖြစ်စေနိုင်သောကြောင့် ရှောင်ရှားဖို့ရန်လိုအပ်နေပါသည် ။ ။
ထို့နောက် ဖော်မလင်နဲ့အသုံးပြုထားသော ပဲပြား ၊ မဲနယ်ဆိုးထားသောပုစွန် ၊
ယူရီးယား ဓာတ်မြေ သြဇာပါတဲ့ ငါးပိ ရေချိုတွေဟာလည်း ကင်ဆာရောဂါကို
ဖြစ်ပွားစေနိုင်လို့ရှောင်ရှားသင့်ပါတယ် ။ ။
* အချဉ်ရည် နှင့် ကင်ဆာရောဂါ
အချဉ်ရည်ထဲမှာ အန္တရယ်ရှိနိုင်သော တားမြစ်ဆိုးဆေးတွေ၊ ကင်ဆာရောဂါဖြစ်စေတတ်တဲ့
ဓာတုတာရှည်ခံဆေးတွေဟာ အစာအိမ်အူလမ်းကြောင်းကင်ဆာ ဖြစ်စေတတ်တဲ့
ဆာလ်ဖျူရစ် အက်စစ်ပြင်း (H2So4) ရောစပ်ထားတဲ့ အချဉ်ရည်တွေရှိနေပါတယ် ။ ။
ထိုအချဉ်ရည်များကို ရေရှည်စားသုံးရင် အစာအိမ် အူလမ်းကြောင်းကင်ဆာ ၊ အူမကြီးကင်ဆာ
အသည်းကင်ဆာ စသည်ကင်ဆာရောဂါများ ဖြစ်စေနိုင်သည်ဟု သိရှိရပါသည်။ ။
* အချိုရည်နှင့် ဂျယ်လီများ
အချိုရည်ဗူးအချို့မှာ တားမြစ်ဆိုးဆေး၊ ကင်ဆာရောဂါဖြစ်စေတတ်သော တာရှည်ခံဆေး ၊
သကြားထက် အဆနှစ်ရာ ပိုမိုချိုစေတတ်သော ပါဝါသကြားနှင့် ကာဘွန်ဒိုင်အောက်ဆိုက်က
ဖိန်းဓာတ်တွေပါဝင်နေသောကြောင့် ခံတွင်းကင်ဆာ ၊ ကျောက်ကပ်ရောဂါ ၊ဆီးချိုရောဂါနှင့်
အ၀လွန်ရောဂါ ၊ အသည်းကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ပါတယ် ။
တရုတ်ကလာတဲ့ဂျယ်လီပေါင်ဒါ၊ဆီထရစ်အက်ဆစ်Sodium Benzorate ခေါ်တာရှည်ခံဆေးပါဝင်လို့ကင်ဆာရောဂါများဖြစ်စေနိုင်သည်ဟု သိရှိရပါသည် ။ ။
* အရောင်ချွတ်ဆေး သုံးစွဲထားသော အစားအသောက်များ
နိုင်ငံခြားတိုင်းပြည်များတွင် သကြားကိုမူလသဘာဝ အရောင်အတိုင်း ၀ါညစ်ညစ် သကြား
ကိုသာစားသုံကြပါသည် ။ သို့သော် မြန်မာနိုင်ငံတွင် ချွတ်ဆေးသုံးထား၍ ဖြူဖွေးနေသော
သကြားများကိုသာ ရွေးချယ်စားသုံးနကြပါသည် ။ ထန်းလျှက်ကလည်း မူလအညိုရောင်
ပျောက်ပြီး ချွတ်ဆေးသုံးထားပြီး ဖြူဖွေးအောင် ပြုလုပ်ထားကြပါသည် ။ နေ့စဉ်အိမ်သုံးဆား
များကိုလည်း ဓာတုဗေဒ ချွတ်ဆေးများသုံးပြီး ဖြူဖွေးအောင်ြ့ပုလုပ်ထားကြပါသည် ။
ထို့ကြောင့်ဓာတုဗေဒချွတ်ဆေး( ဓာတုချွတ်ဆေး) များသည်လည်း ကင်ဆာေ၇ာဂါကို
ဖြစ်ပွားစေနိုင်သောကြောင့် သဘာဝအရောင်ရှိသော အစားအစာများ ၊ အရာများကိုသာ
ရွှေးချယ်စားသောက် သင့်ပါသည် ။
* အရောင်စုံ ဆိုးဆေးများ
တားမြစ်အန္တရယ်ရှိ ဆိုးဆေးများကိုအသုံးပြု၍ ပြုလုပ်ထားသော မျှစ်နီ ၊ မျှစ်ဝါ ၊ပုဇွန်ချဉ်နီနီ
အ၀ါရောင်ဆိုးထားသော ငါးပုဏ္ဍး ၊ ငါးမြွေထိုး ၊ ရွှေငါး ၊ ကြက်သား ၊----
အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့် ၊ ပုစွန်ခြောက်၊ ငါးပိ ၊ ပဲနီလေး ၊ ပဲဝါလေး ၊ မက်မန်းသီး
ဇီးထုပ် စသည့်အစားအစာတွေဟာလည်း အသည်းကင်ဆာ ရောဂါတွေကို ဖြစ်ပွားစေနိုင်
သည်ဟု သိရှိရပါတယ်။ ။
* မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ
ထိုပစ္စည်းများသည် အပူနှင့်ထိတွေ့သွားလျှင် ဓာတ်ပြုပြီး ကျောက်ကပ်ကိုပျက်စီးစေနိုင်သော
ကြောင့် ကင်ဆာရောဂါကို ဖြစ်ပေါ်စေနိုင်ပါသည် ။ ။
* ကော်ဖီမစ်
တချို့ကော်ဖီမစ်တွေမှာ ကဖိန်း၊ တာရှည်ခံဓာတုဆေး၊ ကော်ဖီအနံ့ ၊အုန်းသီးခွံအမှုန့်
စသည့်တို့နှင့် သကြား၊ အခြားကုန်ကြမ်း ပစ္စည်းများပါဝင်ရောစပ်ထားသောကြောင့်
ဆီးချိုရောဂါ ၊ သွေးတိုးရောဂါ ၊ကျောက်ကပ်၊ နှလုံး ၊စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ
အစာအိမ် ။ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အမျိုးသမီးများ ပဋိသန္ဒေမတည်နိုင်ခြင်းနှင့်
ကိုယ်ဝန်သည်များကိုယ်ဝန်ပျက်ကျနိုင်ခြင်း စသည့်တွေပါဖြစ်စေနိုင်သည်ဟု သိရှိရသည် ။ ။
***** ထို့ကြောင့် ဆယ်စုနှစ်သုံးစုနီးပါးလောက်နောက်ကျ
ကျန်နေခဲ့သော ဓာတုအဆိပ်သင့်မှု ၊
အန္တရယ်ဆိုးကြီးကို အချိန်မီ တားဆီးကာကွယ်ဖို့ရန် လိုအပ်နေပါသည် ။
မကာကွယ်လျှင် စားသုံးသူအများစုမှာ ကင်ဆာရောဂါတစ်မျိုးဖြင့်
အစိမ်းကြွေ ၊ ကြွေနိုင်သည်/ သေဆုံးနိုင်သည်ဟု
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ ထုတ်ပြန်ကြောငြာထားပါသည် *****
12/05/2012
ကင်ဆာရောဂါဖြစ်ပွားနိုင်စေသော အစားအစာများ
12/05/2012
Dim




