စာရေးသူဟာ သဘာဝဓမ္မ တိုင်းရင်းဆေးပညာရှင်တဦး ဖြစ်ပါတယ်။
ကြွားဝါလိုသောကြောင့် ပြောခြင်း မဟုတ်ပါ။ ဆေးကုသက် အနှစ်
၂၀-ဝန်းကျင်ရှိပြီး လူနာပေါင်းများစွာ ရောဂါပေါင်းတော်တော်စုံစုံကို
ကုသဖူးပါတယ်။ တချို့ရောဂါတွေဟာ အခံရခက်ပြီး ဆေးမှား၊ ဆရာလွဲနဲ့ ကြုံကာ
နာတာရှည်
ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် စာဖတ်သူမှာ ဒါမှမဟုတ် စာဖတ်သူနဲ့ တွေ့ကြုံရတဲ့သူတွေမှာ
ဒီလိုအခက်မျိုးနဲ့ကြုံရင် ဒီနည်းလေးတွေ ပြောပြပြီး
ဇီဝိတဒါနပြုပေးနိုင်ပါစေ-ဆိုတဲ့ စေတနာနဲ့ တင်ပြအပ်ပါသည်။
* ခြေဖဝါးမှာ အတွင်းက အရိုးအတက်ထွက်သလိုလို ဘာလိုလိုနဲ့ ခုံဖိနပ်တောင်
မစီးနိုင်ဘဲ နာအောင့်နေသူကို ပန်းစက္ကူရွက်တွေ ထုထောင်းပြီး ပတ်တီးနဲ့
စည်းပေးထားရင် ရက်အနည်းငယ်အတွင်း သက်သာပျောက်ကင်းပါတယ်။
* ဘာစားစား ခံတွင်းမလိုက်ဘဲ မစားချင်မသောက်ချင် ဖြစ်နေသူကို နေ့လယ်ပိုင်းမှာ ရှောက်ရွက်နဲ့ ထန်းလျက် ကျိုတိုက်လိုက်ပါ။
* စမြင်းခံပြီး ဝမ်းသွားရခက်နေသူကို ညအိပ်ရာဝင်မှာ ပဲနီလှော် လက်တခုပ်လောက်စားပြီး ရေအေး
သောက်ခိုင်းလိုက်ပါ။ နံနက်မှာ စမြင်း လွင်လင့်တကူ ကျလာပါတယ်။
* ချောင်းဆိုးတဲ့အခါ သလိပ်မရဘဲ ချောင်းခြောက်ချဉ်း ဆိုးနေသူကို
ထန်းလျက်နဲ့ ရှောက်ရည် ဖျော်ပြီး တစွတ်စွတ် လျက်ခိုင်းပါ။
ရင်ကျပ်နဲ့အမောကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
* နွေရာသီ နေပူပူမှာ ဆန်ကိုလှော်ပြီး လက်ဖက်ခြောက်နဲ့ ရော၍
ရေနွေးကြမ်းမှာ ထည့်သောက်ရင် အပူဒဏ်ခံနိုင်တယ်။ သက်ကြီးရွယ်များရဲ့
အမောရောဂါကို သက်သာစေပြီး အားရှိစေပါတယ်။
* ဘာအကြောင်းကြောင့် ဖြစ်စေ လှိုက်မောမောနေရင် မိုးနံသီးကို များများ အစိမ်းအတိုင်း စားပေးပါ။
* ဘာကြောင့် အနာဖြစ်ဖြစ် အမြန်ပျောက်ချင်ရင် သနပ်ခါးရွက်၊ ကွမ်းရွက်၊
ကြက်ဟင်းခါးရွက်တို့ကို ဆတူထောင်းပြီး ဆားနည်းနည်း ခတ်သောက်ပါ။ တခါသောက်
ဟင်းစားဇွန်း တဇွန်း၊ တနေ့ ၄-ကြိမ်သောက်ပါ။ အနာမန်း သိမ်းလှပါတယ်။
ညှော်အတွက် ရှိန်းခို လက်ဖက်ရည်ဇွန်းဝက်ခန့် မကြာခဏ ဝါးပေးပါ။
* ကိုယ့်အမျိုးထဲကဖြစ်ဖြစ် အမြင်မတော်လို့ဘဲ ဖြစ်ဖြစ် သာမဏေ ကိုရင်
တပါးပါးရဲ့ ဦးခေါင်းမှာ ဒက်တွေ၊ ပွေးတွေ ပေါက်နေရင်
သွပ်ပြားသန့်သန့်ပေါ်မှာ အုန်းမှုတ်ခွက်ကို မီးရှို့လိုက်ပါ။
အနက်ရောင်အစေးတွေ ထွက်လာပါလိမ့်မယ်။ အဲဒါကို လိမ်းဆေးအဖြစ် ဒါနပြုပါ။
* ခေတ်သဘောအရ မလွဲမသွေ ကြုံတွေ့ရမယ့် အရက်နာကျနေသူကို ပျားရည်နဲ့
ရေနွေး အကြိမ်များစွာ ဖျော်တိုက်ပါ။ အသက်ပြင်းပြင်းရှူခိုင်းပါ။ နောက်ပြီး
ထမင်းရည်ကို အားဖြည့်ဓာတ်စာအဖြစ် ပေးပါ။
* အသက်ရလာလို့ ဒူးနာရောဂါဖြစ်သူကို ထမင်းကြမ်း၊ မြေနီ၊ ဆား
ရောကြိတ်ပြီး ပတ်တီးစည်းထားပါစေ။ တခါတရံ ကျောက်ဖရုံသီးရဲ့ အူကို
ယမ်းစိမ်းလေးဖြူးပြီး ပတ်တီးစည်းပါ။
* ဆီးပူ၊ ဆီးအောင့်ပြီး အခြေအနေ အတော်ဆိုးနေသူကို ကြက်သွန်နီ ၂-ဥလောက်
အခွံခွါ၊ ရေသန့်သန့်ဆေး၊ ပါးပါးလှီးပြီး သကြားနဲ့ နယ်ကာ စားပစ်လိုက်ပါ။
သုံးခါလောက် စားမိရင်ပဲ အခြေအနေ ကောင်းသွားပါမယ်။
* တညင်းသီး ကြိုက်တတ်သူတွေဟာအစားအလွန်ပြီး တခါတည်း ဆေးရုံဆေးခန်းသို့
ရောက်သွားတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ တညင်းသီး စားပြီးတိုင်း
ထန်းလျက်စားပေးပါ။ နောက် တညင်းသီးကို ထက်ခြမ်းခွဲလိုက်တဲ့အခါ ဝတ်ဆံလေး
တွေ့ပါမယ်။ အဲဒါလေးကိုလည်း ဖယ်ပြီးမှ စားပါ။
* ကိုယ်ဝန်ဆောင်သည်များ ဘာအကြောင်းကြောင့်ဖြစ်စေ ကိုယ်ဖော ကိုယ်ရောင်လာရင် ကနဖော့ရွက် ပြုတ်ပြီး ရေချိုးပါ။
* ခြေဆီမထွက်လို့ ခြေဖဝါးတွေ ကြမ်းရှပြီး အနေရခက်ရင် ညအိပ်ရာဝင်မှာ ၅-မိနစ်လောက် ဆားနင်းပေးပါ။
မြင်းမူ-ဦးအောင်မြင့်သိမ်း (အရှေ့တိုင်းပညာ)
(သူရဇ္ဇ ၂၀၀၉-ခု ဇူလိုင်လ)
12/05/2012
ဤသို့ပြုသောကြောင့်ဤသည့်ဝေဒနာများသက်သာပျောက်ကင်းခဲ့သည်
12/05/2012
Dim




