တကယ့်ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု
တစ်ခုဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့ဆိုးကျိုးတစ်ချက်ကတော့
အမျိုးသားတို့ လိင်အဂါ တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးလိပ်က အဆုတ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။
ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။
အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။
ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်းထက်တောင်
တိုသွားတယ်လို့ လေ့လာထားကြပါတယ်။
နှစ်ရှည်ကြာ စွဲသောက်သူအပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့
ဆိုပါတယ်။
ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်းတွေကိုလည်း
သေဖို့အကြောင်းပိုများပါတယ်။
မျိုးပွားနိုင်တဲ့ ဆဲလ်တွေလည်း သေဆုံးပြီး ခလေးရနိုင်ချေ
နည်းသွားပါတယ်။
အကယ်၍ ရရင်လည်း ရတဲ့ခလေးအပေါ် သက်ရောက်မှုအနည်းနဲ့အများ ရှိနိုင်တယ်လို့ဆိုပါတယ်။
ဥပမာ ခလေးကြီးထွားမှု မမှန်ခြင်းလိုမျိုး ဖြစ်ပါတယ်။
သုတေသနတို့ရဲ့နောက်ထပ်တွေ့ရှိချက်ကတော့ အမျိုးသားတို့ ဆေးလိပ်သောက်သုံးခြင်းဟာ
နှလုံး ကိုထခိုက်ခြင်းထက် အင်္ဂါထခိုက်မှုကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။




