အလုပ်တစ်ခုကို အာရုံစူးစိုက်လုပ်ကိုင်မိတဲ့အခါ
ကျွန်တော်တို့ရဲ့ မျက်လုံးတွေဟာ ခြောက်ကပ်လာသလို ခံစားရပါတယ်။
တကယ်တော့
ပင်ပန်းမှုနဲ့အတူ ခြောက်ကပ်ခြင်းကို ခံစားမိတာပါ။
အဲဒီအခါမှာ လူတွေရဲ့
ခန္ဓာကိုယ်က ဇီဝစနစ်ရဲ့ အလုပ်လုပ်ဆောင်မှုမှာ မျက်လုံးကို ပွတ်သပ်မိတဲ့
ပုံစံတွေ တွေ့ရှိရပါတယ်။
တကယ်တော့ ပင်ပန်းနေသူတစ်ယောက်အတွက် မျက်လုံးကို
ပွတ်သပ်ခြင်းအားဖြင့် ခြောက်ကပ်နေတဲ့ မျက်လုံးထဲက Lacrimal Gland တွေကို
လှုံ့ဆော်ပေးသလိုဖြစ်ပြီး အရည်ထွက်လာဖို့အတွက်လည်း အထောက်အပံ့ပေးပါတယ်။
အဲဒီအရည်ထွက်လာတဲ့အခါမှာတော့ မျက်လုံးအားဖြင့် လူက ပိုလန်းဆန်းလာတတ်ပါတယ်။
နောက်တစ်ခုက ပင်ပန်းတဲ့အခါမှာ မျက်လုံးကို မှိတ်မိသွားတဲ့အတွက်
မျက်လုံးပွင့်နေအောင် လက်နဲ့ ပွတ်သပ်နေမိခြင်းလည်း ဖြစ်ပါတယ်။
ခန္ဓာဗေဒနဲ့
ပြောမယ်ဆိုရင်တော့ မျက်လုံးနားမှာ ရှိနေတဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှုဟာ
လူရဲ့ နှလုံးနဲ့ တိုက်ရိုက်ဆက်သွယ်နေပါတယ်။ အဲဒီကြွက်သားတွေရဲ့ လှုပ်ရှားမှုက
နှလုံးကို ပင်ပန်းမှုက သက်သာစေပါတယ်။
ဒါကြောင့် ပင်ပန်းတဲ့အခါ မျက်လုံးကို
ပွတ်သပ်ပြီးရင် လူက နည်းနည်း လန်းဆန်းသလို ခံစားရတာပါ။
12/05/2012
ပင်ပန်းတဲ့အခါ မျက်လုံးတွေကို ဘာကြောင့် ပွတ်မိသလဲ
12/05/2012
Dim




