12/05/2012

လည်ချောင်းနာခြင်းနှင့် အစိမ်းရောင်ကုထုံး

လူတိုင်း လည်ပင်းနာဖူးကြမှာ ဖြစ်ပါသည်။

 ပလုတ်ကျင်းဆေးရည်၊ ပိုးသန့် စင် ဆေးရည် များ သုံးကြသော်လည်း တစ်ပါတ်၊ ၁၀ ရက်ကြာသည်အထိတိုင် မထူးခြားတာလည်း ကြုံကြဖူးပါလိမ့်မည်။

 သဘာဝနည်းဖြင့် ကုသခင်လျှင်တော့ ရေနွေးကို ပွက်ပွက် ဆူအောင် ကျိုပြီး ပင်စိမ်းရွက ခပ်ကာ သောက်ပေးခြင်း သို့ မဟုတ် ပလုတ်ကျင်းပေးခြင်းဖြင့် လျင်မြန်စွာ သက်သာသွားနိုင်ပါ သည်။

လည်ချောင်းနာခြင်းသာမက ချောင်းဆိုးခြင်း၊ အာသီးရောင်ခြင်း၊ ၀က်ခြံပေါက်ခြင်း၊ ထိခိုက်ရှနာခြင်း တို့ အတွက်လည်း အသုံးတည့်ပါသည်။ 


ပင်စိမ်းရွက်နံ့  မခံနိုင်လျှင် ပျားရည်လေး အနည်းငယ် ခပ်ထည့်ပြီး သောက်လျှင် ကလေးများလည်း ကြိုက်နှစ်သက် ကြပါသည်။ 

ထို့ ကြောင့် သင့်ရေချိုးခန်းထဲက ဘီဒိုလေးအတွင်းမှာ ဓာတု ပစ္စည်းတွေချည်းပဲ ၀ယ်ယူ မထားရှိပါနဲ့ ။ ပင်စိမ်းရွက်ကလေးကိုလည်း ဆောင်ထားလိုက်ပါ။