ညဘက်ဆိုရင် ကောင်းကင်မှာ ကြယ်တွေကို ကျွန်တော်တို့တွေမြင်တွေ့ရမှာပါ ။
ဒါပေမယ့် ဒီကြယ်တွေ ဘယ်ကနေဘယ်လိုဖြစ်လာတယ်ဆိုတာ သေချာသိတဲ့သူတွေတော့
အလွန်နည်းလှပါတယ်။ ကြယ်တွေဆိုတာ အများအားဖြင့်
ဓါတ်ငွေ့တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အတွင်းမှာတော့ သတ္တုအဆံ (Solid
Core) တည်ရှိပါတယ်။မည်သည့်ကြယ်မဆို ဖြစ်ပေါ်လာပုံ မှာတော့
အတူတူပဲဖြစ်ပြီးတော့ အဆုံးသတ်ချိန် မှာတော့ နှစ်မျိုးနှစ်စား
ကွဲပြားသွားပါတယ်။
အဲ့လိုမြောလွင့်နေတဲ့ ဓါတ်ငွေ့တွေ၊ အစိုင်အခဲလေးတွေ တစ်ခုနဲ့တစ်ခု ဆွဲငင်ကြရာက နေပီး ကြယ်တစ်လုံးစတင်ပေါ်ပေါက်လာပါတော
ထို ကဲ့သို့ ကြယ်တစ်လုံးဖြစ်ပေါ်လာပီး အရွယ်ရောက်လာချိန်မှာတော့ ကြယ်တွေဟာ နှစ်မျိုးနှစ်စားကွဲပြားသွား ပါတော့တယ်။ တစ်မျိုးကတော့ သာမာန်ကြယ်တွေ (Average Star) ဖြစ်ပြီး ကျွန်တော်တို့ရဲ့နေ နဲ့ ယင်းထက် တစ်ဆမျှသာကြီးတဲ့ကြယ်တွေဟာ သာမာန်ကြယ်အမျိုးအစားဖြစ်ပါတယ်။ ဓူဝံကြယ်ဟာ လည်း သာမာန် အဆင့်ကြယ်တစ်လုံးမျှသာဖြစ်ပါတယ်
အဲ့ဒီ့ အချိန်ရောက် လာတဲ့အခါမှာတော့ ကြယ်ဟာ မူလရှိနေတဲ့ အရွယ်အစားကနေပီး အဆများစွာကြီးမားလာခဲ့ပြီး အပူချိန်လည်း ပိုမိုများပြားလာခဲ့ပါတယ်။ ကြယ်တိုင်းဟာ အဆိုပါဖြစ်ရပ်ကို မလွဲမသေဖြစ်ပေါ်ရမှာဖြစ်ပြီးကျွန်တော်တို့ နေမင်းဟာလည်းအဆိုပါဖြစ်ရပ်ကို ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
အဲ့ဒီ့ အချိန်ရောက်ရင် နေမင်းဟာ လက်ရှိ အင်္ဂါဂြိုဟ်က နေကို ပတ်နေတဲ့ ပတ်လမ်းခန့် ပမာဏအထိ ကြီးမားလာမှာဖြစ်ပြီး အတွင်းပိုင်း ဂြိုဟ်တွေဖြစ်တဲ့ မာကျုရီ၊ ဗီးနပ်စ်၊ ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်တို့ဟာ နေမင်းရဲ့ဝါးမြိုခြင်းကို ခံရမှာဖြစ်ပြီး အပြင်ဘက်ဂြိုဟ်တွေဖြစ်တဲ့ ဂျူပီတာ၊စေတန်နဲ့ နတ်ပကျွန်းတို့မှာ ရှိနေတဲ့ ဓါတ်ငွေ့တွေဟာလည်း အငွေ့ပြန်သွားကြမှာဖြစ်သလို ပလူတို ဂြိုဟ်မှာရှိနေတဲ့ ရေခဲပြင်တွေဟာလည်း အပူရှိန်ကြောင့် အရည်ပျော်သွားကြမှာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်ကနေပီး နောင်နှစ် သန်းပေါင်း ၅၀၀ ကျော်မှသာဖြစ်နိုင်မှာဖြစ်တဲ့အတ
အဆိုပါ ပေါက်ကွဲမှုဟာ ကြယ်ရဲ့နောက်ဆုံးမီးတောက် ဟုန်းခနဲထတောက်တာဖြစ်ပြီး ပေါက်ကွဲမှုဟာ ရက်အနည်းငယ် မျှသာကြာမြင့်ပီး အဲ့ဒိနောက်မှာတော့ ကြယ်ဟာ သူ့ရဲ့မူအ အခြေအနေဖြစ်တဲ့ ဓါတ်ငွေ့တွေဘ၀ ကိုပြန်လည် ရောက်ရှိသွားရင်သွား၊ မသွားရင်တော့ အလွန့်အလွန်သေးငယ်ပြီး အလင်းရောင်နဲ့ အပူစွမ်းအင်တွေ ခြုပ်ငြိမ်း သွားပြီဖြစ်တဲ့ (Dwarf Star )အဖြစ်သို့ရောက်ရှိသွား
မှာဖြစ်ပ
ကျွန်တော်တို့နေမင်းကြီး ချုပ်ငြိမ်းသွား ခဲ့ရင်လည်း အဆိုပါ Dwarf Star လေးအဖြစ်သို့ရောက်ရှိသွား
မှာဖြစ
အဆိုပါပေါက်ကွဲမှုမျိုးကို ရှေးတရုတ်ပြည်“ဟန်”မင်းဆက်လက်ထက် လောက်က မြင်တွေ့ခဲ့ရတယ်
လို့ဖော်ပြခဲ့ပြ
တစ်မျိုးကတော့ နျူထရွန်ကြယ်အဖြစ်သို့ကူးပြောင်
နှိုင်းယှဉ်ပြမယ်ဆိုရင် နေမင်းကြီးဟာ ဘောလုံးတစ်လုံးစာလောက်ပဲ အရွယ်ရှိတော့ မှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ဘောလုံးအရွယ်ဟာ အလွန့်အလွန်ပဲ သိပ်သည်းလေးလံမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် နျူထရွန်ကြယ်တွေရဲ့သံလိုက်စက်ကွင်းဟာအလွန်ပြင်းထန်လှပြီးအဆိုပါပြင်းထန်လှတဲ့သံလိုက်
စက်က
ကမ္ဘာကနေပြီး အဆိုပါ ကြယ်မှ ထုတ်လွှတ်တဲ့ Electromagnetic wave ကိုဖမ်းယူရရှိခဲ့ဖူးပြီး အဆိုပါ အချိန်တုန်းက အခြားဂြိုဟ်က ဂြိုဟ်သားတွေကို တွေ့ရှိခဲ့ပြီလို့တောင် အထင်မှားခဲ့ကြပါတယ်။ ထိုကဲ့သို့ နျူထရွန်ကြယ်မျိုးသာ မဖြစ်ပေါ်ခဲ့ ဘူးဆိုရင်တော့ ပေါက်ကွဲတဲ့ ကြယ်ရဲ့ ဆွဲငင်အားဟာ အလွန်ကြီးမားမှာဖြစ်ပြီးတော့ နောက်ဆုံးမှာတော့ အလင်းတောင်မှာ ရုန်းမထွက်နိုင်တော့တဲ့ တွင်းနက် (Black Hole) အဖြစ်သို့ဖြစ်ပေါ်သွားမှာဖြစ်ပါေ
လက်ဝဲဘက်အပေါ်ဆုံးပုံမှာ ကြယ်များ၏ ဘ၀ဖြစ်စဉ်ပြပုံဖြစ်ပြီး
လက်ယာဘက်အပေါ်ပုံမှာ (White Dwarf Star) ဖြစ်ပါတယ်။ လက်ဝဲဘက် အောက်ပုံမှာ
(Super Nova) ပေါက်ကွဲ မှုဖြစ်ပီး အောက်ဘက် အလယ်ပုံမှာ နျူထရွန်ကြယ်တစ်လုံး၏
ပုံဖြစ်ပါတယ်။ လက်ယာဘက်အောက်ပုံကတော့ အာကာသ တွင်းနက် (Black Hole)
တစ်ခုရဲ့ပုံဖြစ်ပါတယ်။





