ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်ဟာ ပရိုဂရမ်တစ်ပုဒ်ကို အသစ်ရေးဆွဲဖို့
လူသူရှင်းတဲ့ မြစ်ကမ်းဘေးက သစ်ပင်ကြီးတစ်ပင်အောက်ကို ရောက်ရှိနေခဲ့ပါတယ်။
သူဟာ သူရဲ့ Pentium ကွန်ပျူတာကို ပေါင်ပေါ်တင်ပြီး စိတ်ဝင်တစား
အလုပ်လုပ်နေရင်း သူရေးဆွဲတဲ့ ပရိုဂရမ်ဟာ
အောင်မြင်စွာပြီးဆုံးသွားတာကြောင့် မြစ်ကမ်းဘေးမှာ ရောက်နေတာကို
သတိမေ့ပြီး ၀မ်းသာအားရ မတ်တပ်ရပ်လိုက်တော့ သူ့ရဲ့ လက်ပ်တော့ကွန်ပျူတာဟာ
ပေါင်ပေါ်ကနေ လျှောပြီး မြစ်ထဲကျသွားပါတော့တယ်။
ကွန်ပျူတာရေထဲကျသွားတော့ စိတ်ညစ်သွားတဲ့ အင်ဂျင်နီယာဟာ ရုတ်တရက်
ငယ်ငယ်တုန်းက သူအမြဲကြားခဲ့ရဖူးတဲ့ သစ်ခုတ်သမားနဲ့ ပုဆိန် ပုံပြင်ကို
သတိရလိုက်ပါတယ်။ အဲဒီအခါမှာ သူဟာ မြစ်စောင့်နတ်သမီးကို တိုင်တည်ပြီး
ဆုတောင်းလိုက်ပါတယ်။ အဲဒီခါ မြစ်စောင့်နတ်သမီးက ကိုယ်ထင်ပြလာပြီး
“ဘာအတွက် သူ့ကိုတိုင်တည်ပါသလဲ” လို့မေးတော့ အင်ဂျင်နီယာက သူ့ကွန်ပျူတာ
ရေထဲကျသွားကြောင်း နတ်သမီးကို ပြောပြပါတယ်။
Image Hosted by PicturePush - Photo Sharing
ပုံပြင်ထဲက အတိုင်းပါဘဲ။ နတ်သမီးက အင်ဂျင်နီယာရဲ့ ရိုးသားမှုကို
စမ်းချင်တော့ မီးခြစ်ဆံဗူးကလေးကို မြစ်ထဲက ယူလာပြီး “ဒါဟာ ရေထဲကျသွားတဲ့
ကွန်ပျူတာလား”လို့ အင်ဂျင်နီယာကို ပြပါတယ်။ ဒီတော့ အင်ဂျင်နီယာကလည်း
ကွန်ပျူတာကိုတောင် မသိတဲ့ နတ်သမီးရဲ့ ခေတ်ရဲ့ ဗဟုသုတ နည်းပုံကို
စိတ်ပျက်သွားပြီး သူ့ကွန်ပျူတာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ဒါနဲ့ နတ်သမီးက နောက်တစ်ကြိမ်မှာ ခပ်သေးသေး အိတ်ဆောင်ဂဏန်းပေါင်းစက်
တစ်လုံးကို ယူလာပြီး ပြပြန်ပါတယ်။ အင်ဂျင်နီယာကလည်း စိတ်ပျက်လက်ပျက်နဲ့
မဟုတ်ကြောင်း ငြင်းပြန်ပါတယ်။
ဒါနဲ့ တတိယတစ်ကြိမ်မှာတော့ နတ်သမီးက အင်ဂျင်နီယာရဲ့
လက်ပ်တော့အစစ်အမှန်ကို ရေထဲက ယူလာပြီး ပြပြန်ပါတယ်။ ပုံပြင်ထဲက
အတိုင်းဆို နောက်ဆုံးတစ်ကြိမ်ဖြစ်တာကြောင့် အင်ဂျင်နီယာမှာ ပုံပြင်ထဲက
သစ်ခုတ်သမားလို အကောင်းစားတွေ ရဖို့၊ ကံကောင်းဖို့ အခွင့်အရေး
မရှိတော့ပါဘူး ။ ဒါနဲ့ သူက “ဟုတ်ပါတယ်” လို့ မဖြေချင်ဖြေချင်နဲ့
ဖြေလိုက်ပါတယ်။ နတ်သမီးဟာ အင်ဂျင်နီယာရဲ့ ရိုးသားမှုအတွက် ၀မ်းသာသွားပြီး
သူမြစ်ထဲက ယူလာပြတဲ့ ပစ္စည်း သုံးခုလုံးကို အင်ဂျင်နီယာကို ပေးလိုက်ဖို့
ပြင်လိုက်ချိန်မှာဘဲ အင်ဂျင်နီယာက နတ်သမီးကို “ နတ်သမီး ခင်ဗျားက
ကျုပ်ရဲ့ ကွန်ပျူတာအစစ်ကို မပြခင် ပထမနဲ့ ဒုတိယ ၂ကြိမ်လုံးမှာ
ကျုပ်ကွန်ပျူတာထက် ပိုကောင်းတဲ့ အမျိုးအစားတွေကို ပြရမယ်ဆိုတာ နည်းနည်းမှ
မသိဘူးလား။ ခင်ဗျား သစ်ခုတ်သမား ပုံပြင် မကြားဖူးဘူးထင်တယ်… ပြီးတော့
ကွန်ပျူတာဆိုတာလည်း အရင်က မတွေ့ဖူးဘူးထင်တယ်” လို့ ပြောလိုက်ပါတယ်။
ဒီလိုအပြောခံလိုက်ရလို့ နှာတင်းပြီး စိတ်ဆိုးသွားတဲ့ နတ်သမီးက
ငါသိပါတယ်ဟဲ့ ငတုံးရဲ့။ နင်သာ ငတုံး ငအ။ ငါ ပထမနဲ့ ဒုတိယ ယူလာပြတဲ့
ဟာတွေက ခုနောက်ဆုံးပေါ်နည်းပညာနဲ့ IBM ကုမ္ပဏီထုတ် Trillennium နဲ့
Billennium ကွန်ပျူတာတွေ၊ နင့်ဟာက Pentium အဆင့်ဘဲ ရှိတယ်” လို့
ပြောလိုက်ပြီး အင်ဂျင်နီယာရဲ့ လက်ပ်တော့နဲ့အတူ နတ်သမီးဟာ
ပျောက်ကွယ်သွားပါတော့တယ်။ သစ်ခုတ်သမားပုံပြင်ကို အားကျတဲ့ အင်ဂျင်နီယာဟာ
သူတစ်ပါးကို အထင်သေးလိုက်မိတဲ့ အတွက် ကွန်ပျူတာ အကောင်းစားတွေကို
မရတဲ့အပြင် ကိုယ်ပိုင် ကွန်ပျူတာပါ ဆုံးရှုံးသွားပါတော့တယ်။ :)
ဖတ်မိတာလေးပြန်ဝေမျှပေးတာပါ...
လွယ်အိတ်မှ
12/06/2012
ခေတ်သစ်သစ်ခုတ်သမား ပုံပြင်
12/06/2012
Dim




